ရေးလိုက်ကြစို့သူငယ်ချင်း အပိုင်း-၃
ဘလော့ဂ်ရေးသူများအတွက် ဇော်ဂျီဝမ်း ကကြီး-ခကွေး
မိုးကုပ်စက်ဝိုင်း
ဇန်န၀ါရီ ၂၊ ၂၀၀၈
ဘလော့ဂ်ရေးသူများအတွက် ဇော်ဂျီဝမ်း ကကြီး-ခကွေး
မိုးကုပ်စက်ဝိုင်း
ဇန်န၀ါရီ ၂၊ ၂၀၀၈
ဘလော့ဂ်ရေးသူများအတွက်
ဘလော့ဂ်တွေအကြောင်း မိုးမခမှာရေးတာ အပိုင်း ၂ တုန်းက ဇာတ်သိမ်းခဲ့ပါတယ်။ အခုတော့ ရေးစရာတွေ ပေါ်လာလို့ အပိုင်း ၃ ဆိုပြီး ခပ်တည်တည်နဲ့ လုပ်ချလိုက်ပါပြီ။
လက်ဖျားခါရတဲ့ဘလော့ဂ်တချို့မှာ စာလုံးပေါင်းအမှားတွေ တွေ့နေရပါတယ်။ သူတို့ရဲ့ စာလုံးပေါင်းတချို့ မှားမှန်း သူတို့သိကြမှာပါ။ သို့ပေမယ့် ဇော်ဂျီဝမ်း အမျိုးအစား မြန်မာစာလုံးပုံစံကို သုံးပြီး စာစီစာရိုက်တဲ့အခါ အခက်အခဲတွေ့နေလို့ တမင် အမှားခံလိုက်တယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် ဥက္ကဋ္ဌ၊ ဒုက္ခသည်၊ အက္ခရာ၊ တက္ကသိုလ် စသဖြင့် နှစ်လုံးဆင့်ရေးတဲ့အခါ၊ ပြီးတော့ ဿ၊ ဠ၊ ဋ္ဌ၊ ဋ၊ ဥ၊ ဉ စတဲ့ ဗျည်းတွေပါတဲ့ စကားလုံးတွေကို သုံးလိုတဲ့အခါတွေမှာ အခက်အခဲ တွေ့ကြပါတယ်။
ဒါကြောင့် ဇော်ဂျီဝမ်းသုံးပြီး ဘလော့ဂ်တွေ ရေးတဲ့အခါ၊ စာစီစာရိုက်ကြတဲ့အခါ အဆင်ပြေအောင်လို့၊ ကိုယ်သုံးချင်တဲ့စကားလုံးကို ကော်ပီကူးပြီး သုံးနိုင်အောင်လို့ ဇော်ဂျီဝမ်း ကကြီး ခကွေးတွေကို ဘလော့ဂ်တကာလှည့်လည်ပြီး စုစည်းပေးလိုက်ပါတယ်။
ဒီလိုစုစည်းတဲ့အခါ ဘလော့ဂ်တွေရေးတဲ့ မမေဓာဝီ ရဲ့ “ကျမနှင့် ကကြီး-ခကွေး” ဆောင်းပါး (http://maydar-wii.blogspot.com/2007/05/blog-post_03.html) ကို ကိုးကားပါတယ်။ သူ့ဆောင်းပါးမှာ “ဌ” နဲ့ “ဋ္ဌ” ဘာကွာသလဲ၊ ဘယ်လိုသုံးရသလဲ။ ဌ၀မ်းဘဲလို့ ဘာကြောင့်ခေါ်ရတာလဲ၊ ကကြီးလို့ ဘာကြောင့်ခေါ်ရတာလဲ စသဖြင့်တွေကို စိတ်ဝင်စားဖွယ် တွေ့ရပါမယ်။
ဘလော့ဂါ ပီကေရဲ့ “အက္ခရာ နှစ်လုံး ဆင့်ခြင်း” ဆောင်းပါး (http://blog.pikay.org/2007/11/blog-post_12.html) ကိုလည်း ကျနော် ကိုးကားပါတယ်။ သူ့ဆောင်းပါးမှာ “မြန်မာစာကို စိတ်ဝင်စားတဲ့လူ လေ့လာမှတ်သားလို့ ရအောင်ပါ။ ဒုတိယက ဒီဥပဒေသတွေ လူသိနည်းလာပြီး မှတ်တမ်းအနေနဲ့ မပျောက်မပျက်အောင် တစ်ဖက်တစ်လမ်းက ကူညီပြီး မှတ်တမ်းတင်ပေးတဲ့ သဘောပါ။ အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။” လို့ ရေးထားလေရဲ့။ သူ့ဘလော့ဂ်မှာ မြန်မာစာပေ နဲ့ပတ်သက်လို့ ဆောင်းပါး၅ပုဒ်တင်ထားတာလည်း တွေ့ရပါတယ်။
ကဲ ... ဇော်ဂျီဝမ်း ကကြီးခကွေးတွေ ကူးပြီး ဝေမျှလိုက်ပါပြီ။ ကိုယ့်ကွန်ပြူတာထဲ၊ ကိုယ့်အီးမေးလ်ထဲ သိမ်းထားလိုက်ရင် လိုတဲ့အခါ ယူသုံးလို့ ရပြီပေါ့။
ဇော်ဂျီဝမ်း ကကြီး ခကွေး
က- (ကကြီး) - ကျိုက္ကဆံကွင်း၊ တက္ကသိုလ်၊ သက္ကရာဇ်၊
ခ- (ခကွေး) - သိက္ခာ၊ ဒုက္ခသည်ပဋိပက္ခ၊ ပြက္ခဒိန်
ဂ- (ဂငယ်) - ကုလသမဂ္ဂ၊ မဂ္ဂဇင်း
ဃ- (ဃကြီး) (ဂါ့ဂျီးဟု အသံထွက်)
င-
ခ- (ခကွေး) - သိက္ခာ၊ ဒုက္ခသည်ပဋိပက္ခ၊ ပြက္ခဒိန်
ဂ- (ဂငယ်) - ကုလသမဂ္ဂ၊ မဂ္ဂဇင်း
ဃ- (ဃကြီး) (ဂါ့ဂျီးဟု အသံထွက်)
င-
စ- (စလုံး) - ဥစ္စာ၊ သစ္စာ၊ ပစ္စည်း
ဆ- (ဆလိမ်) - တိရိစ္ဆာန်၊
ဇ- (ဇကွဲ)- ၀ိဇ္ဇာ/သိပ္ပံ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော
ဈ- (ဈမျဉ်းဆွဲ)- မဇ္ဈိမ၊ ရွတ်ဖတ်သရဇ္ဈာယ်
ည- ညဥ့်နက်ပြီ၊
ဉ - (ညကလေး) ဦးဉာဏ်ဝင်း၊ ဒိဗ္ဗစက္ခုဉာဏ်
ဋ- (ဋသံလျင်းချိတ်) (ဋတလင်းဂျိတ်မဟုတ်ဟု ဆိုသည်)- မဏ္ဍပ်၊ ဘဏ္ဍာရေး
ပဋိပက္ခကဏ္ဍ ၊ ကုဋေတစ်သိန်း၊ ဇော်ဝင်းထွဋ်၊ ပဋိသန္ဓာရ၊ ဋီကာချဲ့ ( Shift+3 )
ဌ- (ဌ၀မ်းဘဲ) ဌာန်ကရိုဏ်း၊ သူဌေး ( Shift+x )
ဋ္ဌ- (ဋ္ဌ၀မ်းဘဲ) ဋ္ဌာန၊ အဋ္ဌမ၊ ဥက္ကဋ္ဌ၊ ပြဋ္ဌာန်းစာအုပ်၊ ပုံပန်းသဏ္ဌာန် ( Shift+\ )
ဍ- (ဍရင်ကောက်)- မဏ္ဍပ် ( Shift+1 )
ဎ- (ဎရေမှုတ်) -
ဏ- (ဏကြီး)- (နာ့ဂျီးဟု အသံထွက်) သုဝဏ္ဏဘူမိပန်းချီပြခန်း၊
တ- (တ၀မ်းပူ)- မဟတ္တမဂန္ဒီ၊ သရေခေတ္တရာ၊ စိတ္တဇဆေးရုံ၊ မေတ္တာ
ထ- (ထဆင်ထူး)- ၀တ္ထု၊ နတ္ထိ၊ ဂန္ထ၀င်
ဒ- (ဒထွေး)- အိနြေ္ဒ၊ ဆန္ဒပြ
ဓ- (ဓအောက်ခြိုက်)- ခန္ဓာ၊ သမ္မာသမ္ဗုဒ္ဓေါ၊ သန္ဓေသား၊ ကြည်ညိုသဒ္ဓါပွား၊ `အမလေး … ဗုဒ္ဓေါ´
န- (နငယ်)- ၀ိဇ္ဇာစရဏ သမ္ပန္နော
ပ- (ပစောက်)- သိပ္ပံ၊ အဓိပ္ပာယ်၊ ဟိရီသြတ္တပ္ပ
ဖ- (ဖဦးထုပ်)- ပုပ္ဖ
ဗ- (ဗထက်ခြိုက်) သမ္မာသမ္ဗုဒ္ဓေါ၊ နိဗ္ဗာန်၊ ဇဗ္ဗူဒီပ
ဘ- (ဘကုန်း) ကမ္ဘာ့ကုလသမဂ္ဂ၊ကမ္ဘာပြား
မ- ဓမ္မ၊ ဗြဟ္မာ့ဝိဟာရ
ယ- (ယပက်လက်)
ရ- (ရကောက်)-
ရ - (ရကောက်အမြီးပြတ်၊ ရကောက် အတို) - ဆေးရုံ၊ ရိုးမ၊ ရုပ်ရှင် စသဖြင့်
တစ်ချောင်းငင်အတိုနှင့်တွဲသော ရကောက်များအတွက်။
လ - ပလ္လင်
ဝ -
သ -
ဿ- (ဿကြီး) (သာ့ဂျီးဟုအသံထွက်)
ဟ-
ဠ- (ဠကြီး) (လာ့ဂျီးဟုအသံထွက်) ဂဠုန်၊ ပါဠိ (Shift+V)
အ -
၏- (အိ) ၏ သည် မလွဲ၊
ဣ- (အိ) ဣတိပိ သောဘဂ၀ါ၊ အနိဋ္ဌာရုံ ဣဋ္ဌာရုံ
ဤ၊ (အီ)
ဥ- (အု) ဥဒါန်း
" " – (မျက်တောင်အဖွင့်အပိတ်) " - - - - - - - " ဟု ဆိုသည်။၏- (အိ) ၏ သည် မလွဲ၊
ဣ- (အိ) ဣတိပိ သောဘဂ၀ါ၊ အနိဋ္ဌာရုံ ဣဋ္ဌာရုံ
ဤ၊ (အီ)
ဥ- (အု) ဥဒါန်း
' ' - (မျက်တောင်အဖွင့်အပိတ်) '-------------' ဟု ဗြောင်လိမ်သည်။
၍
၌
- ဟထိုး အငယ်စား- လက်ညှိုး၊ အိမ်မြှောင်
- (ငသတ်နှင့်လုံးကြီးတင်ဆံခတ်) အင်္ကျီ
- (ငသတ်နှင့်လုံးကြီးတင်) သင်္ဂြိုဟ်
ြ - (ရရစ်) - ကြွေးကြော်သံ၊ မြူးမြူးကြွကြွ စသည့် ရရစ်နှင့်ဝဆွဲ တွဲသည့်အခါ သုံးရန် ( Shift+B )
ြ နှင့်ြ - (ရရစ်) မြိန့်မြိန့်ကြီး၊ မြဲမြဲကိုင်၊ မြို့၊ တော်သေးပြီ စသည့် ရရစ်နှင့် လုံးကြီးတင် တွဲသည့်အခါ သုံးရန်