နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ

နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ
မိုးမခအထောက်တော် ၂
မေ ၃၁၊ ၂၀၀၈

လွန်ခဲ့သည့် ၂ နှစ်က ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့်အတူတွေ့ရသော ကိုမျိုးရန်နောင်သိန်း (photo: moemaka)

ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမျိုးရန်နောင်သိန်းသည် အင်းစိန်ထောင်တွင် အသက်အန္တရာယ်ကြုံတွေ့နေရကြောင်း ပြည်ပရောက် ၎င်း၏လုပ်ဖော်ကိုင်ဘက်များ ပါဝင်သည့် အဖွဲ့ဖြစ်သည့် Burma Democratic Concern က ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။
အာဏာပိုင်တို့က နှိပ်စက်ထားသည့်ဒဏ်များကြောင့် နေ့စဉ် အော့အန်နေကြောင်း၊ လေဖြတ်မည်ကို စိုးရိမ်ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းအသက်ရှင်ရေးအတွက် အရေးပေါ် ဆေးကုသမှုပေးရန် လိုအပ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်က ကိုမျိုးရန်နောင်သိန်းအပါအ၀င် ရန်ကုန်ရှိကျောင်းသားခေါင်းဆောင်များ အစုလိုက် အပြုံလိုက် ထိန်းသိမ်းခံခဲ့ရသည်။

Comments