Government supporters rally in Thailand against protest alliance

အခြေအနေ တင်းမာနေဆဲဖြစ်သော ဘန်ကောက်မြင်ကွင်း
ဓာတ်ပုံသတင်း

ဒီဇင်ဘာ ၁၊ ၂၀၀၈



ရဲတပ်ဖွဲ့ဂိတ်စခန်းကို ကျော်ဖြတ်ပြီး သုဝဏ္ဏဘူမိ လေဆိပ်သို့ရောက်လာပြီး ဆန္ဒပြသူများထံ အားဖြည့်ပူးပေါင်းသူများ။
အင်္ကျီအ၀ါဝတ် အစိုးရဆန့်ကျင်သူများက ဘန်ကောက်ရှိ လေဆိပ်ကြီး နှစ်ခု နှင့် ၀န်ကြီးချုပ်ရုံးကို သိမ်းပိုက်ထားဆဲဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ကလည်း ရာထူးစွန့်လွတ်ရန် ငြင်းဆန်ဆဲဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ ၄ ရက်နေ့(လာမည့် ကြာသပတေးနေ့)တွင် ထိုင်းဘုရင်မင်းမြတ်က သူ၏မွေးနေ့အကြိုအဖြစ် ရုပ်မြင်သံကြားမှတဆင့် တနိုင်ငံလုံးသို့ မိန့်ခွန်းပြောဆိုလေ့ရှိသည်။ ထိုင်းပြည်သူများက ၎င်းတို့၏ဘုရင်အား လေးစားချစ်ခင်ကြသည်။ အဆိုပါမိန့်ခွန်းတွင် ယခုဖြစ်ပေါ်နေသော တင်းမာမှုကို ပြောင်းလဲပေးမည့်အဖြေ ပါဝင်မည်ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်နေသည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် အစိုးရဘက်တော်သားတဦးကို ဖမ်းဆီးစစ်ဆေးနေသည့် ဆန္ဒပြသူများ။



အစိုးရကိုထောက်ခံဆန္ဒပြသူများလည်း ရှိသည်။ ၎င်းတို့က လေဆိပ်သိမ်းပိုက်ထားခြင်းကို ကန့်ကွက်နေကြသည်။ ၎င်းတို့၏ အမှတ်အသားမှာ အနီရောင်အ၀တ်အစားဖြစ်သည်။ (ဓာတ်ပုံ - AP, AFP, Getty Image)

Comments