Burmese Great Cartoonist U Pe Thein turns 85


ကာတွန်း (ဦး) ဖေသိန်း ၈၅ နှစ်ပြည့်မည်

မိုးမခ အထောက်တော် ၀၀၃

ဇန်န၀ါရီ ၃၀၊ ၂၀၀၉

လာမည့် စနေနေ့မှာ ဆရာကြီး ကာတွန်း (ဦး) ဖေသိန်းရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ အလှူကို ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကာတွန်းဆရာ လူကြီး လူငယ်များနဲ့ မိတ်ဆုံပွဲသဖွယ် ပြုလုပ်နေကြ ပွဲတော်ဖြစ်တာမို့ စာပေ အနုပညာရှင် လူကြီး လူငယ်များနဲ့ စည်ကားမှာ ဖြစ်ပါတယ်။

ဆရာကြီး ဦး ဖေသိန်းဟာ သတင်းစာ ကာတွန်းဆရာ၊ ကလေးသူငယ်များအတွက် သရုပ်ဖော် ကာတွန်းဆရာ၊ ကလေးသူငယ်များအတွက် စေတနာထား အထူးထုတ်ဝေတဲ့ ပုံပမာ စာစဉ်များ ကိုယ်တိုင်ရေးဆွဲ စီစဉ်ထုတ်ဝေသူ၊ မြန်မာဗုဒ္ဓဘာသာဝင်ကလေးငယ်တို့ အသည်းစွဲ ၃၈ ဖြာ မင်္ဂလာ ကာတွန်းပဒေသာ ပေါင်းချုပ်၊ ၅ ပါး သီလ ကာတွန်း စာအုပ်တို့ရဲ့ ဖန်ဆင်းရှင် ပညာသည်တဦး ဖြစ်ပါတယ်။

ဆရာရဲ့ စွပ်ကျယ်စက်လမ်းနေအိမ်ဟာ ကာတွန်းပညာရှင်တို့ စုဝေးရာ နေရာလေးတခုလည်း ဖြစ်ပါတယ်။ ဆရာကြီး ကာတွန်းဖေသိန်း သက်တော် ရာကျော် ရှည်ပါစေ လို့ မိုးမခ ၀ိုင်းတော်သား အားလုံးက ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ဆရာကြီးအကြောင်း ဖော်ပြခဲ့တဲ့ စာတပုဒ် ပြန်လည်တင်ဆက်လိုက်ပါရစေ။ ဒီမှာ ဖတ်ရှုတော်မူကြပါ။


ဒီမှာကတော့ မနှစ်က ၈၄ နှစ်ပြည့် ဖိတ်စာနဲ့ သတင်း ဖြစ်ပါတယ်။


Comments