Aung Way - Ga Done Gyi


ကတုံးကြီး
အောင်ဝေး
ဇန်န၀ါရီ ၂၈၊ ၂၀၁၀
သူဟာ
ဧရာဝတီပေါ်က ကြယ်နီ။

သူဟာ
မြန်မာပြည်ရဲ့ ချာလီချက်ပလင်။

သူ အခု
မြစ်ကြီးနားထောင်မှာ
ဗိုလ်ဝင်ခံနေပါတယ်။
မကြာခင်
သူ စင်ပေါ် ပြန်ရောက်လာလိမ့်မယ် ဆိုတာ

ကျနော်တို့ ယုံကြည်နေပါ၏။
နရသိန်သာ အမိ
နရသိန်သာ အဖ
သူ့ဆီက ဟာသ
ကမ္ဘာက ကြားစေသော်ဝ်။ ။

ဇန်န၀ါရီ ၂၇၊ ၂၀၁၀ - မစ်ရှီဂန်

(ဓာတ်ပုံ - ကိုဇာဂနာနဲ့ မိသားစု ငယ်စဉ်ကဓာတ်ပုံ)
(မိသားစုနဲ့ အချိန်တွေထက် အကျဉ်းထောင်နံရံတွေနောက်မှာ၊ တိုင်းပြည်ရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ နေတဲ့သူ အတွက် အမှတ်တရဓာတ်ပုံပါ - မိုးမခ)

Comments