images after Chile earthquake

ချီလီငလျင်အလွန် မြင်ကွင်းများ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဆူနာမီ လှိုင်းလုံးကြီးများ ဆိုက်ရောက်လာဖွယ်ရှိသည်ဟု တပ်လှန့်ထားသည့် ဂျပန်နိုင်ငံ မြောက်ပိုင်း Shichigahama ဒေသမှ ဒေသခံများ ယနေ့ ပင်လယ်ကို စောင့်ကြည့်နေကြပုံ။ ဆူနာမီလှိုင်းလုံးတချို့ ဂျပန်သို့ ယနေ့ ရောက်လာသော်လည်း ပျက်စီးထိခိုက်မှု မရှိဟု သိရသည်။ (ဓာတ်ပုံများ - AP)
အနည်းဆုံး လူ ၃၀၀ ကျော် သေဆုံးစေခဲ့သည့် ငလျင်ကြီး လှုပ်သွားသော ချီလီနိုင်ငံတွင် အရပ်သားများက ကုန်တိုက်ကြီးများရှိ ပစ္စည်းများကို ယနေ့ သွားရောက် လုယက် ယူဆောင်လျက် ရှိသည်။ လုယက်သူတချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။


Comments