Quiet ceremonies mark Burma's bloody anniversary

ရန်ကုန်မှ နိုင်ငံရေးသမားများ ၈ လေးလုံးနေ့ကို တိတ်ဆိတ်စွာ အထိမ်းအမှတ်ပြု
AP သတင်းဌာန
သြဂုတ် ၈၊ ၂ဝ၁ဝ
ရန်ကုန်ရှိ ၈ လေးလုံး နှစ်လည်နေ့ ဘာသာရေး အခမ်းအနား တခုတွင် တွေ့ရသည့် သံဃာများ၊ နိုင်ငံရေးသမားများ၊ သတင်းယူနေသည့် သတင်းထောက်များ (ဓာတ်ပုံများ - getty images)

စစ်တပ်က ချေမှုန်းလိုက်သည့် ၁၉၈၈ အုံကြွမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဘာသာရေး အခမ်းအနားများကို ကြေကွဲတိတ်ဆိတ်စွာ ပြုလုပ်နေကြသည်။

၁၉၈၈ လူထု အုံကြွမှုတွင် ခန့်မှန်းချေ လူ သုံးထောင်ဝန်းကျင် သေဆုံးခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအုံကြွမှုအတွင်း ထင်ရှားလာသည်။

"လူထုလှုပ်ရှားမှုအတွင်း အသက်ပေးသွားသူတွေကို အမှတ်ရတဲ့ အနေနဲ့ ဆွမ်းကပ်လှူဒါန်းနေတာပါ။ ယုံကြည်ချက်အတွက် ထောင်ထဲ ရောက်နေသူတွေ နဲ့ လွန်ခဲ့တဲ့ ၂၂ နှစ်က နိုင်ငံအနှံ့ အုံကြွမှုမှာ ပါဝင်ခဲ့သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့လည်း ပြုလုပ်တာ ဖြစ်ပါတယ်" ဟု ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တင့်ဆန်း (Tint Hsan) က ပြောသည်။

ဘုန်းကြီးကျောင်းတခုတွင် တွေ့ရသည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့ဝင်များ
နှစ်ပတ်လည်နေ့ အခမ်းအနားတခုတွင် တွေ့ရသည့် သံဃာများ
ရန်ကုန်မှ နိုင်ငံရေးသမားများ

Comments