Aung Tha Nge's poem – 18

 
ဗုံးခွဲသမားသို့ မေတ္တာစာ
အောင်သာငယ်
မတ် ၁၉၊ ၂၀၁၁

တွေ့လိုက်ရင်
ဗုံးခွဲမယ် ဆိုတာချည့် …
သူ့လက်ထဲမယ်
ဘယ်လိုဗုံးမျိုးမှ မရှိတာလည်း
ကိုယ်ဟာ သိထားသူပါ ...

ဗုံးခွဲလိုက်ရင် ဘာဖြစ်မှာလဲ ...
မေတ္တာ တရားတွေ
မိုက်ရိုင်း ထွားကျိုင်းလာမှာလား ...
ဒါဆိုရင်လည်း နင့် မေတ္တာဗုံးထဲမှာ
ငါ့ ချစ်ခြင်းမေတ္တာတချို့ကို မျှဝေပါရစေ ...
ကမ္ဘာမြေရဲ့ဒဏ်ရာတွေကို ဆေးကုမလို့ ...


ဗုံးခွဲခြင်းအားဖြင့်
အပြုံးနည်းသွားမယ်ဆိုတာ
နင် မသိဘူးလား ...

ခွဲခြင်းခွဲရင်
ငါ့ အချစ်ဘူးကလေးနဲ့ နင့် အချစ်ဘူးလေးကိုသာ
စုပြီး ခွဲ

ကောင်းကင်နံရံမှာ
ချစ်ခြင်းမေတ္တာတွေပဲ
ရဲပလောင်းခပ်သွားမယ် ...

နင်နဲ့ငါ
အတူတူ ဗုံးခွဲကြပါစို့ ...

သရုပ်ဖော် - အောင်ထက်

Comments