Down Ma Lay’s Poem

ဈေးချိုသူရဲ့ ဧပြီအလွမ်း
ဒေါင်းမလေး (မန္တလေး)
ဧပြီ ၁၊ ၂၀၁၁

ရွှေမန္တလေး ရတနာပုံက
နာရီစင် နံဘေးနားမှ
ဈေးချိုသူ မဏ္ဍပ်ပေါ်မှာပေါ့
ကခဲ့ရ ချွေးတစိုစို ရွှေခြေကျင်းသံ တညံညံပေါ့

စနေသားတို့ မြင်းခြံမောင်တို့ သံချပ်ဆောင်
လက်ပံသားပါ မကျန် ဗိုလ်သခင်ဆရာ အဆုံး
ထီလာမောင် ရမည်းသင်းမောင်ပါ မကျန်
ကပြခဲ့ရ ရွှေသင်္ကြန်အက၊ အလှ
ဆုချီး မြှင့်ရ မမောနိုင်ပေါင်
ရွှေနံနက်ခင်းမှာ ရေပက်ကြ
မြနန္ဒာသီချင်း သင်္ကြန်မိုးတေးသံ
တလွှမ်းလွှမ်းပေါ့ ။ ။

ဪ … ခုများရောက်တပါးနိုင်ငံ
နိုင်ငံရပ်ခြားမှာ ဟိုမြို့ ဒီမြို့
သင်္ကြန်ပွဲတွေ၊ သင်္ကြန်အကအလှတွေ
မြိုင်မြိုင်ဆိုင်ဆိုင်ကြားပေရဲ့လည်း
ကျမတို့ရဲ့ ရွှေမန္တလေးက
ရွှေသင်္ကြန် အက အလှနဲ့ ရွှေတေးသံ
တူးပို့ တူးပို့ကို
လွမ်းမိပါ ရဲ့လေး ။ ။

Comments