Zay Hmine - 135 Year Poem
တရာသုံးဆယ့်ငါး
ဇေမှိုင်း
မတ် ၁၉၊ ၂၀၁၁
 စိမ့်ရေတွေ ပေါတဲ့နေရာ
ပိုးထည်တွေ စီးဆင်းရာ
အဲဒီမြေဟာ
ဖိနှိပ်သူရဲ့ နံပါတ်တစ် ရန်သူတော်မွေးဖွါးရာ
အဲဒါ ၀ါးလည်ရွာပေါ့။
ကရက်ဒေါက်ပြန်သွား  လို့
ကြွေးကြော်ခဲ့ဖူးသူ
သူငယ်ကလေး
ယောင်ပေစူးကလေးနဲ့
သူ့အရှင်နှစ်ပါး ပါတော်မူသွားတဲ့အခါ
ဇာတိဆိုတဲ့ စိတ်ဓါတ်
သူ့ ကို အမြဲတန်း ထင်ဟပ်စေခဲ့တယ်
မြတောင်ဝန်းကျင်
သူ့  ပညာရေး ခရီးနှင်ခဲ့ရဘူးတယ်။
ဒို့ ဗမာတို့ ရေ
မစ္စတာကို မကြိုက်လို့ 
လွန်းကနေ မှိုင်းကို ပြောင်းခဲ့တာ
အဲ့ဒါပါပဲ။
“ထဆင်ထူးကို
တထီထီမြည် သင်ခဲ့ရသမို့ 
သမဂ္ဂကြီးရဲ့ ချစ်သူတွေ
ထီမထင်ကျောင်းတော်သားတွေရဲ့ 
အမည်အစဉ် ခေါင်းအပေါ်ဖျားမှာလ
မင်းရို့ ဆရာကို စာရင်းတို့ ကာသာထားလိုက်ကြပေရော့”
သူဟာ မတ်လရဲ့
နွေဦးသစ်
မတ်လရဲ့အစဉ်အလာ
မတ်လရဲ့နှလုံးသား
ခြောက်ဆယ့်သုံးမှာ ခမျာမယ် ရင်ကွဲခဲ့ရ
ဒေါင်းပျို နဲ့  ပျားရည်တအိုး
ငါ အဖိုးကြီး ပြောနေတယ်
ငြိမ်းချမ်းကြပါတော့ … တဲ့
ပြောပြန်ရှာသေးတယ်
“အိုမင်းတော့ မစွမ်းဘူးတဲ့
ထပ် ပြောရှာတယ်
ဆရာ မသေခင်
ငြိမ်းချမ်းရေး စစ်စစ်ကို
မြင်သွားချင်သတဲ့လေ …”
ကြေကွဲရင်အုံနဲ့ 
သူ …
အပူပုံ ခက်နှောင်ပွားပုံက
လူကြုံတွင် လက်ဆောင်ပါးလိုက်လေရဲ့ ။        ။
(သခင်ကိုယ်တော်မှိုင်း မွေးနေ့ကဗျာ၊ သရုပ်ဖော်ပုံက မိုးမခလိုဂို၊ သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ဂိတ်က အနုပညာဒီဇိုင်းကို  သုံးစွဲတာ ဖြစ်ပါတယ်။)
Comments