2011, May 27th - Q & A With Suu

လူထုနှင့်ဒေါ်အောင်ဆန်းစုကြည်
မေ ၂၇၊ ၂၀၁၁
အာရ်အက်ဖ်အေအသံလွှင့်အစီအစဉ်


● မေးသူ ။ ။ ဒေါ်နီလာစိန် (ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု)
● မေးခွန်း ။ ။ ဟလို ... ဒေါ်အောင်ဆန်းစုကြည်... ကျမ နီလာစိန်ပါ။ အမေရိကန်နိုင်ငံ၊ လောအိန်ဂျလိမြို့ အခြေစိုက် ရတနာပုံနေပြည်တော် သတင်းစာက သတင်းထောက်ပါရှင်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန် မာနိုင်ငံ သူနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်။ ကျမမေးချင်တဲ့မေး ခွန်းလေးကတော့ မြန်မာနိုင်ငံရဲ့တရားဝင်အမည်ကို လွတ်လပ်ရေးရတဲ့အချိန်ကစပြီး Union of Burma ဆိုပြီးေ တာ့ နိုင်ငံတကာနဲ့ ကုလသမဂ္ဂမှာ အင်္ဂလိပ်လို ခေါ်ဝေါ်အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့် အခု စစ်အစိုး ရက မြန်မာဆိုပြီးတော့ နာမည်ကိုပြောင်းခဲ့ပါတယ်။ ဒီနေ့အထိ Burma ဆိုပြီး ခေါ်ဆိုနေတဲ့နိုင်ငံတွေ အများကြီး ရှိပါတယ်။ အမေရိကန်နိုင်ငံ မှာလည်း သာမန်လူတွေရော ရုံးဌာနတွေမှာ Burma လို့ပြောမှ ပိုပြီး သိတဲ့လူတွေ ပိုများပါတယ်ရှင်။ အဲဒါကြောင့် မြန်မာနိုင်ငံ ရဲ့တရားဝင် အမည်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အင်္ဂလိပ်လို မြန်မာ ဒါမှမဟုတ်လို့ရှိရင် Burma လို့သုံးတာ ဘယ်ဟာက ပိုပြီးတော့ သင့်တော်မယ် ဆိုတာ ကို ဖြေကြားပေးစေလိုပါတယ်ရှင်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ မြန်မာ့နိုင်ငံရေးကို ဆက်လက်ပြီးတော့ လှုပ်ရှားနိုင်ပါစေလို့ ကျမတို့ ဆုတောင်းပါတယ်ရှင်။


● အဖြေ ။ ။ NLD နဲ့ ကျမက မူအရ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ပဲ ပြောပါတယ်။ မူအရလို့ ဆိုရတာ ကေ တာ့ နိုင်ငံတနိုင်ငံရဲ့အမည်ကို ကမ္ဘာ့အလယ်မှာ ပြောင်းပြီးခေါ်တဲ့ကိစ္စဆို တာ။ ပြည်သူများရဲ့ဆန္ဒကိုမရ ယူပဲ လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နဝတက မိမိတို့ ဆန္ဒတခုတည်းနဲ့သာ ပြောင်းပြီးခေါ်ခဲ့တဲ့ အင်္ဂလိပ်လို မြန်မာဆိုတာကို ကျမတို့ လက်မခံတာဖြစ်ပါတယ်။
...... ...... ......

● မေးသူ ။ ။ ကိုထွန်းထွန်းဦး (ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်)
● မေးခွန်း ။ ။ ကျနော့် နာမည်ကတော့ ထွန်းထွန်းဦးပါ။ ကျနော် ဒေါ်အောင်ဆန်းစုကြည် ကို မေးစရာလေးတ ခုရှိလို့ပါ။ အခု ဗမာအစိုးရနဲ့ ပတ်သက်ပြီးတော့ပေါ့နော်။ အာဆီယံအဖွဲ့ရဲ့ လက်ရှိရပ်တည်ချက် ကို ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဘယ်လိုအမြင်များရှိသလဲလို့ ကျနော် အဲဒါမေးချင်လို့ပါ။

● အဖြေ ။ ။ အာဆီယံအဖွဲ့က အခု မြန်မာအစိုးရကို ဘယ်လို သဘောထားလဲ ဆိုတာကို ကျမ ရှင်းရှင်းလင်း လင်းမသိပါဘူး။ အစဉ်အလာ အားဖြင့်တော့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မူဝါဒကို အာဆီယံက စွဲကိုင် ခဲ့ပါတယ်။ အချို့အာဆီယံနိုင်ငံတွေကတော့ အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ပတ် သက်လို့ လိုအပ်ချက်တွေကိုထောက်ပြလာတာတော့ တွေ့ရပါတယ်။ ဒါဟာ တိုးတက်မှု လို့ ပြော နိုင်မယ် ထင်ပါတယ်။
...... ...... ......

● မေးသူ ။ ။ ကိုမိုက်ကယ် (ဂျပန်နိုင်ငံ)
● မေးခွန်း။ ။ ဟုတ်ကဲ့။ ကျနော် တိုကျိုက မိုက်ကယ်ပါ။ အဲ ဒေါ်အောင်ဆန်းစုကြည် ဦးအောင်ရွှေနဲ့ ဦးလွင်တို့ NLD ရဲ့ အရေးပါတဲ့ သုံးဦးနဲ့အတူ နအဖထဲမှာလည်း အဲဒီအရင်တုန်းက အရေးပါတဲ့သုံးဦးဖြစ်တဲ့ အဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် သုံးယောက် ဟိုဘက် သုံးယောက် ဒီဘက် သုံးယောက် ညစာစားပွဲနဲ့ စကားပြောကြတဲ့ဓာတ်ပုံ မြင်ဖူးပါတယ်။ အဲ အဲဒီ ဓာတ်ပုံမြင်တဲ့အခါမှာ ကျနော်တို့က တိုင်းပြည်ရဲ့ အင်မတန်ကို ကောင်းရာဘက်ကိုသွားတဲ့အလင်းရောင် တိုင်းပြည်နဲ့လူမျိုးအတွက် စပြီး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ဟာကို မြင်ရတဲ့ ဓာတ်ပုံတပုံလို ဖြစ်နေပါတယ်။ ဒါပေမယ့် အခု အဲဒီ ဓာတ်ပုံဟာ ဘာမှရလာဒ် မထွက် လာခဲ့ပါဘူး။ အဲ NLD ကလည်း သင်ပုန်းချေရေး လမ်းစဉ်ပေါ်မှာ မူတည်ပြီးေ တာ့ စကားပြောတဲ့အခါမှာ တဘက်ကလူက ဘယ်လို ပြန်ပြော သလဲ။ တဘက်လူက ပေးနိုင်မယ့် အနေအ ထားတွေက ဘယ်လိုရှိသလဲဆိုတာကို ဒီစကားဝိုင်းမှာ ဆွေးနွေးဖြစ်ပါသလားဆိုတာ ကိုလည်း သိချင်ပါတယ်။ အဲ မေးခွန်းမေးခွင့်ရတဲ့အတွက်လည်း အထူးကျေးဇူးတင်ပါတယ်။

● အဖြေ ။ ။ ကိုမိုက်ကယ် ပြောတဲ့ ဓာတ်ပုံကို သတင်းစာတွေထဲမှာထည့်တာ ဒီပဲယင်းနောက်ပိုင်း ကျမကို ဖမ်းထားတဲ့အချိန်မှာလို့ ထင်ပါ တယ်။ တွေ့ဆုံစဉ်ကတော့ ထမင်းစားတာကလွဲလို့ ထူးထူးခြားခြားရလဒ်တွေ ဘာမှမရှိတာကြောင့် ကျမတို့ဘက်က ဒီညစာစားပွဲနဲ့ပတ်သက်လို့ မထုတ်ပြန်ခဲ့သလို နှစ်ဦးနှစ်ဖက် သဘော တူမှပဲ သတင်းထုတ်ပြန်ကြမယ်လို့ နားလည်မှုတွေရှိတာကြောင့်မို့လို့ နအဖဘက်က လည်း ထုတ်ပြန်စရာေ တွမရှိခဲ့ပါဘူး။ NLD က သင်ပုန်းချေရေးလမ်းစဉ်ပေါ်မှာမူတည်ပြီး စကားပြောတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ကျမတို့အမြင်မှာတော့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ တိုင်းပြည်အကျိုးမျှော်ကိုးပြီး အမျိုးသား ရင်ကြားေ စ့ရေး လမ်းစဉ်အပေါ်မှာ အခြေခံရမှာ ဖြစ်ပါတယ်။
..... ..... .....

● မေးသူ ။ ။ မစ္စတာ ကင်မူချွန်း၊ (သမ္မတ၏ ကိုယ်ရေးအရာရှိဟောင်း - တောင်ကိုးရီးယား)
● မေးခွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ။ တွေ့ရတာ ဝမ်းသာပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေ စီ နည်းလမ်း ကျ တဲ့ ရွေးကောက် ပွဲ ဖြစ်ပေါ်ဖို့အတွက်ကို ဘယ်လိုမျိုး တိုက်ပွဲဝင်နေပါသလဲ ဆိုတာကို သိချင်ပါတယ်။ မြန်မာ့ဒီမိုကရေစီအရေး ဆိုတာက မြန်မာနိုင်ငံသားတွေရဲ့ ပြဿနာမဟုတ်ပဲနဲ့ တကမ္ဘာလုံးမှာ ရှိတဲ့ လူများကနေပြီးတော့ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ မြန်မာ့ ဒီမိုကေ ရစီအရေးနဲ့ NLD ကို ထောက်ခံအားပေးနေတဲ့ ကိုရီးယားလူမျိုးများကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမှာစကား ပြောကြား ပေးပါခင်ဗျာ။ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီအရေး အမြန် ဆုံး အောင်ြ မင်ပါစေလို့ ဆုတောင်းပေးပါတယ်။

● အဖြေ ။ ။ ကျမတို့ အမြင်မှာတော့ ဒီနိုင်ငံမှာ ဒီမိုကရေစီ ရဖို့အတွက် အဓိက လုပ်နိုင်သူတွေကေ တာ့ မြန် မာနို င်ငံသူ နိုင်ငံသားတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း မစ္စတာကင်ပြောတဲ့ အတိုင်းပဲ မြန်မာနိုင်ငံဒီမိုကေ ရစီအရေးဟာ တကမ္ဘာလုံးအရေးဆိုတဲ့သဘောတရားကို ကျမ အင်မတန်မှ နှစ်ခြိုက်ထောက်ခံပါတယ်။ ကမ္ဘာ့နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်နယ်နိမိတ်ပြင်ပက လူတွေကို ကိုယ်နဲ့ မဆိုင်တဲ့ လူစိမ်းတွေလို့ မမြင်ပဲ ဒို့ လူသားအချင်းချင်းလို့ မြင်ပြီး သွေးစည်းညီညွတ်ရေး စိတ်ဓာတ်တွေ မွေးမယ်ဆိုရင် ဘယ်လောက် ပျော်စရာေ ကာင်းတဲ့ ကမ္ဘာကြီးဖြစ် မှလဲလို့လည်း တွေးမိပါတယ်။ တောင်ကိုရီးယားနိုင်ငံ သူ နိုင်ငံသားတွေကလည်း ကျမ တို့ ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို နည်းအမျိုးမျိုးနဲ့ ထောက်ခံပေးစေချင်ပါတယ်။ ကျမတို့နဲ့ ဆက်သွယ်ပြီး ကျမတို့ ရဲ့ ဒီမိုကရေစီ ကွန်ယက်လှုပ်ရှားမှုထဲမှာ ပါဝင်တဲ့နည်း၊ ကိုရီးယားအစိုးရက ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှု ကို အားပေးထောက်ခံအောင် တိုက်တွန်းပေးတဲ့နည်း၊ ကိုရီးယားမှာ မြန်မာနိုင်ငံရေး စိတ်ဝင်စား တဲ့သူတွေ ပိုမို များပြားလာအောင် လုပ်တဲ့နည်း စသဖြင့် ကြိုးစားပြီးတော့ လုပ်ကြည့်စေချင်ပါတယ်။ မြန်မာပြည် မှာ နိုင်ငံသူနို င်ငံသားတွေ သြဇာအာဏာ ကြီးမားလာတာနဲ့အမျှ စစ်မှန်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးဖြစ်လာဖို့ အလားအ လာလည်း ကြီးထွားလာမှာမို့ လူမှုအဖွဲ့အစည်းတွေ ပိုမိုခိုင်မာ သန်စွမ်းလာအောင် ကျမတို့ လှုပ်ရှားဆောင်ရွက်ေ နပါတယ်။
..... ..... .....

● မေးသူ ။ ။ မဥမ္မာ (တောင်ကိုရီးယား)
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီစုရှင့်။ ကျမနာမည် ဥမ္မာပါရှင်။ ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေထိုင်တဲ့ သူဖြစ်ပါ တယ်။ ကျမ အန်တီ့ကို မေးခွန်း လေးတခုလောက် မေးပါရစေ ရှင့်။ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အန်တီ့ရဲ့ ၆၆ နှစ်မြောက် မွေးနေ့မှာ ဘယ်လို ကျင်းပမလဲဆိုတာကို သိချင်ပါတယ်ရှင်။ ယခင် ယခင်နှစ်ေ တွများ ကတော့ အန်တီ ထိန်းသိမ်းခံရစဉ်အတွင်း အန်တီ့ရဲ့မွေးနေ့မှာ ကျမတို့ နိုင်ငံတကာေ ရာက် မြန်မာမိ သားစုတွေနဲ့ အန်တီ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲတွေကို ဌာနေနိုင်ငံခြားများနဲ့အတူ စည်စည်ကားကား ကျင်းပ ခဲ့ကြပါတယ်ရှင့်။ ဒီနှစ်မှာတော့ အန်တီစုကိုယ်တိုင် လွတ်မြောက်လာပြီ ဖစ်တဲ့အ တွက် အန်တီရဲ့ ၆၆ နှစ်မြောက်မွေးနေ့ပွဲကို ဘယ်လို ကျင်းပပြုလုပ်သင့်တယ်ဆိုတာကို ကျမတို့ နိုင်ငံတကာေ ရာက် မိသားစုများကို အန်တီ့ရဲ့ ဆန္ဒကို ပြောပြပေးစေချင်ပါတယ်ရှင်။ ကျေးဇူးတင် ပါတယ်ရှင်။

● အဖြေ ။ ။ ဒီနှစ် မွေးနေ့ကို NLD မှာ ဈေးရောင်းပွဲတော်၊ လူငယ် ဂီတပြိုင်ပွဲ စတဲ့ အစီအစဉ်တွေနဲ့ အခမ်းအ နားေ တွ လုပ်ဖို့ရှိပါတယ်။ သမီးတို့တွေကိုတော့ မွေးနေ့ကိုအသုံးချပြီး ကိုယ်နေနေတဲ့ နိုင်ငံအနေအထားအရ အထိရောက်ဆုံးနည်းတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေးကို တိုက်တွန်းနှိုးဆော်တဲ့ လှုပ်ရှားမှုတွေကို ဆောင်ရွက်စေချင်ပါ တယ်။
...... ..... .....

● မေးသူ ။ ။ ကိုမောင်ဇော် (ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ)
● မေးခွန်း။ ။ အန်တီစု နေကောင်းပါစေ။ ကျနော် အခု ထိုင်းနိုင်ငံ ရန်နန်တက္ကသိုလ်မှာကျောင်းတက်နေတဲ့ ကိုမောင်ဇော်ပါ။ ကျနော် မေး ချင်တာက ကျနော်တို့ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးတော့ အလုပ်မရလို့ ကျနော်တို့ ဆိုလို့ရှိရင် ဒီနိုင်ငံခြားမှာ ကျောင်းပြန်တက်နေရပါတယ်။ အဲဒီလိုမျိုးကျောင်းပြန်တက်နေရတဲ့အတွက် အခု ကျနော်တို့ မြန်မာနိုင်ငံက ဒီပညာရေးစနစ်ကို အန်တီစုအနေနဲ့ဘယ်လိုမျိုး ထင်မြင်ချက်ပေးပြီး တော့ ဘယ်လို စနစ်နဲ့သွားရင် ကောင်းမယ်ဆိုတာလေးကို အန်တီ့ရဲ့ ထင်မြင်ချက်လေး သိချင်ပါတယ်ခင်ဗျာ။

● အဖြေ ။ ။ အန်တီတို့ နိုင်ငံမှာ ပညာရေးကို အလေးထားသင့်သလောက် မထားဘူးဆိုတာ နိုင်ငံရဲ့ပညာရေး အသုံးစရိတ် အင်မတန် နိမ့်နေတာကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ စနစ်တခုလုံးကို ပြုပြင်ဖို့ကို လိုနေတြာ ဖစ်ပါတယ်။ အခြေခံကျတဲ့ကိစ္စတချို့ကတော့ ဆရာဆရာမတွေက ပညာအရည်အချင်း ပြည့်စုံခြင်း ။ ခေ တ်မီပြီးေ တာ့ ကျောင်းသူကျောင်းသားများကို ထိထိရောက်ရောက် သင်ကြားနိုင်မယ့် သင်နည်း စနစ်တွေ ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်း။ စိတ်စေတနာမှန်ခြင်း။ စိတ်စေတနာ မှန်ကန်နိုင်စေမယ့် လစာအပါအဝင် ပတ်ဝန်းကျင် ပံ့ပိုးထောက်ကူမှုများပြည်စုံခြင်း စတာတို့ဖြစ်ပါတယ်။ ကျောင်းသားတွေ ပညာတတ်ရေးအ တွက် နောက်အရေးကြီးတဲ့ကိစ္စကတော့ ယနေ့ခေတ်နဲ့လိုက်မီပြီး ကိုယ့်နိုင်ငံ လိုအပ်ချက်များနဲ့လည်း ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းတွေဖြစ်ပါတယ်။ ဒီထက်မက အများကြီး ကျယ်ပြန့်တဲ့ ပညာရေးနဲ့ဆိုင် တဲ့ ပြဿ နာ တွေကိုလည်း ချဉ်းကပ်ဖြေရှင်းရမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံပညာရေးနဲ့ပတ်သက် လို့ကေ တာ့ မေးခွန်းတခု အဖြေ တခုနဲ့ ပြည့်စုံအောင် ပြောလို့မရပါဘူး။ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

Comments