Kyaw Thu - FFSS Yangon Activity (29th May 2011)

ဘုရားသော်မှ ငြင်းမရ
ကျော်သူ
မေ ၃၀၊ ၂၀၁၁

၂၉.၅.၂၀၁၁ တနင်္ဂနွေနေ့ နေ့လည် ၁း၀၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ ဇိနမာရ်အောင် စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ၏ အန္တိမဈာပန အခမ်းအနားကျင်းပရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများသည် ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်အထူးယာဉ်ကြီးဖြင့် သွားရောက်၍ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ပင့်ဆောင်ကာ ရေဝေးသုဿန်သို့ သယ်ဆောင်ကူညီ ဖေးမခဲ့ကြသည်။


 
 
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဂျပန်နိုင်ငံ၌ အသုံးပြုလျှက်ရှိသော အထူးနိဗ္ဗာန်ယာဉ်ကြီးနှင့် အခြားနိဗ္ဗာန်ယာဉ်များအား အသင်းရှိမော်တော်ယာဉ်အဖွဲ့ ခေါင်းဆောင်များသည် နေ့စဉ်နေ့တိုင်း ဆီ၊ ရေ၊ မီး စသဖြင့် စက်မှုပိုင်းဆိုင်ရာကိစ္စရပ်များအား စက်ပြင်အဖွဲ့အား စစ်ဆေးမှုများ ခိုင်းစေပြုလုပ်ပေးလျှက် ရှိသည်။ သို့ရာတွင် ယခု သာကေတမြို့နယ်၊ ဇိနမာရ်အောင် စေတီတော်အနီးရှိ ဗဟိုရ်စည်ကျောင်း၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တဥတ္တရ သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ၏ အန္တိမဈာပန အခမ်းအနား သယ်ဆောင်ရာလမ်းကြောင်းတွင် ယင်းအထူးနိဗ္ဗာန်ယာဉ်ကြီးမှာ စက်ချို့ယွင်း၍ ထိုးရပ်သွားတော့သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ တယ်လီဖုန်းဆက်သွယ်၍ အထူးနိဗ္ဗာန်ယာဉ် နောက်တစီးအား အမြန်လာရောက်ပို့ဆောင်မှုကို ပြုလုပ်ရတော့သည်။ ထပ်မံ၍ ရောက်ရှိလာသော အထူး နိဗ္ဗာန်ယာဉ်ပေါ်သို့ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ထပ်မံပြောင်းရွှေ့ ပင့်ဆောင်၍ ရေဝေးသုဿန် သို့သယ်ဆောင်ကာ အန္တိမဈာပန မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ် ပေးနိုင်ခဲ့သည်။


ဘုရားသော်မှ ငြင်းမရ … မင်းက ဘာမို့လဲ ဟု … အမြဲဆင်ခြင်နေလိုပါသည်။ (သုခ)

ယင်းဖြစ်ရပ်သည် သက်ရှိလူသားများတွင် မည်မျှပင်စည်းစိမ်ဥစ္စာ ကြွယ်ဝ ကြွယ်ဝ၊ မည်မျှပင် တန်ခိုးအာဏာ ရှိရှိ၊ မည်မျှပင် ကျန်းမာရေးကို လိုက်စား လိုက်စား … နောက်ဆုံး၌ အနိစ္စတရားအား မလွန်ဆန်ပေ။ ထို့အတူ သက်မဲ့ရုပ်ဝတ္ထုပစ္စည်းများသည်လည်း မည်မျှပင် ခေတ်မီ ခေတ်မီ၊ မည်မျှပင် နည်းပညာတိုးတက် တိုးတက်၊ မည်မျှပင် အကြမ်းခံ ခံ၊ မည်မျှပင်ထိန်းသိမ်း ထိန်းသိမ်း … နောက်ဆုံးတော့ ပျက်စီးယိုယွင်းရမည်မှာ ဓမ္မတာပင် ဖြစ်တော့သည်ဟု မျက်မြင်ကိုယ်တွေ့ သံဝေဂ ရမိပါတော့သည်။

Comments