News- Aesthetic light Foundation

စင်ကာပူရှိ ရသအလင်းဖောင်ဒေးရှင်းမှ ကဗျာဆရာအောင်ဘညိုအား ဂုဏ်ပြုငွေပေးအပ်
မိုးမခ၊ ဇွန် ၁၃၊ ၂၀၁၁


၂၀၁၁ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့က စင်ကာပူနိုင်ငံရှိ အနုပညာမြတ်နိုးသူများစုစည်းပြီး ဖွဲ့စည်းတည်ေ ထာင် ထားတဲ့ ရသအလင်းဖောင်ဒေရှင်းမှ ကဗျာဆရာအောင်ဘညိုအား ဂုဏ်ပြုငွေ ကျပ် (၃) သိန်းတိတိအား ကဗျာ ဆရာ ဟိန်းမြတ်ဇော်၊ ကဗျာဆရာ ဇော်ထက်တို့မှတဆင့် ပေးအပ်ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။


ကဗျာဆရာအောင်ဘညိုဟာ ဦးနှောက်သွေးခဲပြီး ခန္ဓာအောက်ပိုင်းထိသိအာရုံများပျောက်ဆုံးကာ လမ်းမေ လျှာက်နို င်တော့သည့်အခြေထိအောင် ရောဂါဝေဒနာခံစားနေရလျှက်ရှိပြီး၊ ယခုအခါ ဆေးရုံမှဆင်းကာ အိမ်တွင်ပင် ဆက်လက်ဆေးကုသမှုခံယူလျှက်ရှိကာ (၅) ရက်တကြိမ် ဆေးရုံကြီးသို့သွားေ ရာက် ပြသ ကုသမှုခံယူနေရကြောင်းနှင့် အချိန်တလခန့်အထိ တဦးတည်းလမ်းလျှောက်နိုင် လိမ့်မည်မဟုတ်ကြောင်းလည်း သိရသည်။ ရသအလင်းဖောင်ဒေးရှင်းအနေဖြင့် ဆရာအောင်ဘညို၏ ကျန်းမာရေးအထောက် အပံ့ဖြစ်ေ စနိုင်ရေးအတွက် ယခုကဲ့သို့ ဂုဏ်ပြုငွေပေးအပ်ခဲ့ခြင်းဖြစ်သည်။


ကဗျာဆရာအောင်ဘညိုအား ရသအလင်းဖောင်ဒေရှင်း၏ ဂုဏ်ပြုလွှာနှင့် ဆရာအောင်ဘညို၏ ကျေးဇူးတင်စကား လက်ရေးမူ



ဆရာအောင်ဘညိုကို ၁၉၆၀ ခုနှစ်မှာမွေးဖွားခဲ့ပြီး ၁၉၉၀ လွန်ကာလမှာ ကိုသန်းထွန်း၊ ကျော်အောင်သစ် (ကေအေတီ) နဲ့တွဲပြီး ဧကစာရီမီးခိုးများ ကဗျာစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်း တဦးတည်းအနေနဲ့ တံတာပေါ်က ညနေခင်းများ၊ အိုစမာ စတဲ့ကဗျာစာအုပ်တွေကို ထုတ်ဝေခဲ့သလို၊ လူစွမ်းကောင်း စာအုပ်တိုက်ကနေပြီးတော့လည်း ပန်းနုရောင် ဆံနွယ်များ၏ချည်တိုင်၊ မောင်ချောနွယ်အတု စတဲ့ ကဗျာစာအုပ်တွေကို စီစဉ်ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် ကမ်းလွန်လေ ကဗျာမဂ္ဂဇင်းကိုလည်း ကိုလှသန်းနဲ့အတူ တွဲဘက်ထုတ်ဝေခဲ့ပြီး၊ ပိတောက်ပွင့်သစ်၊ ဟန်သစ်၊ လှိုင်းသစ် စတဲ့မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူပါ။ နှစ်ပေါင်း ၂၀ ကျော်ကြာ မဂ္ဂဇင်းမျိုးစုံမှာ ကဗျာမြောက်များစွားရေးသားခဲ့ပြီး ပင်လယ်အော်သံ (အဆိုတော်လေးဖြူ အယ်လ်ဘမ်ခေါင်းစဉ်အဖြစ်အသုံးပြုခဲ့)၊ အိုစနေ၊ အိုစမာ တို့ဟာ ထင်ရှားတဲ့ ကဗျာများဖြစ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ လူ့အသက်အိုးအိမ်းစည်းစိမ် ပေါင်းများစွာကို ချွေယူသွားတဲ့ နာဂစ်မုန်းတိုင်းအပြီး နာဂစ်ဒေသကူညီမှုမှာ ကဗျာ၊ ဂီတ၊ ပန်းချီ ကူညီသူများအဖွဲ့မှာ တက်တက်ကြွကြွနဲ့ ဦးဆောင်ပါဝင်ခဲ့သူလဲဖြစ်ပါတယ်။

ယခုဆရာအောင်ဘညိုအား ဂုဏ်ပြုငွေပေးအပ်ခြင်းသည် စတုတ္တအကြိမ်မြောက်ဖြစ်ပြီး ယခင်က ကဗျာဆရာ လုံမငြိမ်းချမ်း၊ ကဗျာဆရာ လှသန်း၊ ကာတွန်းဆရာဗိုမောင်တို့အား ဂုဏ်ပြုပေးအပ်လှူဒါန်း ခဲ့ပြီးဖြစ်ကြောင်း လည်း သိရသည်။

ရသအလင်းဖောင်ဒေးရှင်းဟာ ကျန်းမာရေးဆိုင်ရာအကူအညီ အမှန်တကယ်လိုအပ်နေတဲ့ ကဗျာ၊ စာပေနဲ့ အနုပညာဖန်တီးသူတို့ရဲ့ ကျန်းမာရေးဆိုင်ရာတို့အား အကူအညီပေးနိုင်ရန်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်ြး ဖစ်ပြီး၊ ချမှတ်ထားသည့် မူဝါဒများအတိုင်း မြန်မာပြည်တွင်း ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးဆိုင်ရာအကူအညီများ အမှန်တကယ်လိုအပ်နေသည့် စာရေးဆရာ၊ ကဗျာဆရာများအား ဂုဏ်ပြုထောက်ပံ့ငွေများ ဆက်လက်ပေး အပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ရသအလင်းဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက .. www.aestheticlightfoundation.com သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး၊ လှူဒါန်းလိုပါက aestheticlightfoundation@gmail.com တိုက်ရိုက်မေးပို့ လှူဒါန်းနိုင်ကြောင်းလည်း အသိပေးအပ်ပါသည်။

Comments