SUU 66 - Article, Thuyein Htet

ခြံစည်းရိုးလေးကို ကျေးဇူးတင်ပါတယ်
သူရိန်ထက်
ဇွန် ၁၃၊ ၂၀၁၁

ကြာတော့ ကြာခဲ့ပါပြီ။ ၁၉၉၃ ခုလောက်ကပေါ့။ ဂျပန်နိုင်ငံ၊ ကာဝါစကီဖက် က ထမင်းဗူးတွေ ထုတ်လုပ်တဲ့စက်ရုံတခုကို နှင်းတွေဝေနေတဲ့ မနက်စောစောမှာ ရဲနဲ့ လ၀ကအရာရှိတွေ အများအပြားဟာ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလိုက်တယ်။ ရက် ကျော်နေထိုင်တဲ့ တရားမ၀င်နိုင်ငံခြားသားအလုပ် သမားတော်ေ တ်ာများများကို ဖမ်းမိ လိုက်တယ်။ နိုင်ငံခြားသားအားလုံးဟာ မြန်မာနိုင်ငံသားတွေပေါ့။ အဲဒီခေတ်ကာလ အခြေ အေ နအရ ဒီလို တရားမ၀င်နိုင်ငံခြားသားတွေ အလုပ်လုပ်တဲ့ စက်ရုံတွေကိုဖမ်း ဆီးတာ အတော်လေး ရှားတ ယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံသားတွေကြားထဲ အ တော်လေး ဂယက်ရိုက်သွားတယ်။

အားလုံးကို ဖမ်းဆီးစစ်ဆေးပြီး ရက်ကျော်နေထိုင်မှုနဲ့ အရေးယူပြီး မိခင် နိုင်ငံကို ပြန်ပို့လိုက်တယ်ပေါ့။ အားလုံးကို ပြန်ပို့လိုက်တယ်ဆိုပေမယ့် တယောက်ကို တော့ ပြန်မပို့ပဲ မကြာခင်မှာ ပြန်လွှတ်ပေးလိုက်တယ်။ သူ့ကို ဖမ်းဆီးစစ်ဆေးတဲ့အ ခါ သူ့ဆီမှာ ဓာတ်ပုံတပုံကို တွေ့လို့ပါ။ ဓါတ်ပုံထဲမှာ တခြားတော့မဟုတ်ပါ ဘူး။ ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်ခဲ့တဲ့ဓာတ်ပုံလေးပါ။ သူ့ကို ဖမ်းဆီးပြန်ပို့မယ် ဆိုရင် မြန်မာနိုင်ငံပြန်တဲ့အခါ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်း ဆီးနှိပ်စက် ထောင်ချအရေးယူမှာကို စိုးရိမ်တဲ့အတွက် လူသားချင်းစာနာထောက်ထား မှုအရ ပြန်လွှတ်ပေးလိုက်တယ်ဆိုပါစို့။ အားလုံးထဲမှာ သူတယောက်တည်း ပြန်လွတ် လာတာမို့ ဒေါ်စုပုံလေးကယ်လိုက်တာဆိုပြီး ကာယကံရှင်က တဖွဖွပြော ဆို ကျေးဇူး တင်ခဲ့ပါသတဲ့။


ဒီတော့ အဲဒီခေတ်အခါက ဂျပန်က မြန်မာတွေကြားထဲမှာ ဒေါ်စုကြောင့် လူ တယောက် အဖမ်းခံဘ၀က လွတ်မြောက်ခွင့် ရခဲ့တယ်။ ဒေါ်စုသာမက ဒေါ်စုရဲ့ဓာတ် ပုံလေးက အစွမ်းထက်တယ်လို့ေ တာင် ပြောစမှ တ်ပြုခဲ့ကြပါတယ်။
x x x x

နောက်တယောက်က ကိုအောင်တဲ့။ သူက ပထမ ကိုးရီးယားမှာနေတာ။ ကိုးရီးယားမှာနေခဲ့စဉ် ကတည်းက နိုင်ငံရေးလုပ်ခဲ့တဲ့သူပေါ့။ ကိုးရီးယားက တက်ကြွ လူငယ်ထဲကတဦးဆိုပါတော့။ နောက်တော့ သူက ဂျပန်ကိုရောက်လာတယ်။ ကိုးရီး ယားမှာ ရက်ကျော်နေထိုင်တဲ့သူတယောက်က ဂျပန်ကိုရောက်လာ တယ်ဆိုတာ အောက်လမ်းနည်းနဲ့ ရောက်လာတယ်ဆိုတာတော့ ဂျပန်က မြန်မာတွေသိကြ တယ်။ အောက် လမ်း ဆိုပေမယ့် တကယ်က ရေလမ်းပေါ့လေ။ ကိုးရီးယားက သင်္ဘောထဲ သို သိုသိပ်သိပ်လိုက် ပါခဲ့ပြီး ဂျပန်ကမ်းရောက်တော့ ဆင်းနေခဲ့တယ်ဆိုပါတော့။ သိတဲ့အ တိုင်း ကိုးရီးယားနဲ့ဂျပန်က ပိဖိဖိတ်ရဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းကိုး။

အဲဒီအချိန်က ၂၀၀၄-၂၀၀၅ ၀န်းကျင်ဖြစ်မယ်ထင်တယ်။ ကိုအောင်တို့ ဂျ ပန်ကို ၀င်လာတဲ့အချိန်ကာလဟာ သိပ်ခေတ်ကောင်းတဲ့အနေအထားတော့ မဟုတ် ပါဘူး။ ဒီလို တရားမ၀င်ခိုးဝင်တာကို ဂျပန်ဖက်ကသိထားလို့ အရေးယူဖော်ထုတ်ဖမ်း ဆီး ပြန်ပို့တာတွေလုပ်နေတယ်။ ဂျပန်အနေနဲ့ ဒါဟာ ပြစ်မှုတခုလို သဘောထားကိုင် တွယ်နေတဲ့အချိန်ပေါ့။

ဂျပန်အာဏာပိုင်တွေက ဘယ်လိုသဘောထားထားပေါ့လေ။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအသိုင်းအ၀ိုင်း ကတော့ အလွန်နွေးထွေးပါတယ်။ ကိုးရီးယားမှာမ ကလို့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးကိုေ ဆာင်ရွက်နေ တဲ့သူဆို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်ပဲ မဟုတ်လား။ ဆိုတော့ ဂျပန်က နိုင်ငံရေးအင်အား စုတွေက ကို အောင်ကြီးကို ကြိုဆိုကြ ဧည့်ခံကြနဲ့ပေါ့။ ကိုးရီးယားရဲ့အအေးဒဏ်ကို ကိုးရီးယား ဆိုးဂျူးနဲ့ကာ ကွယ်ခဲ့ဖူးတဲ့ကိုအောင်တယောက် ဂျပန်ရောက်တော့ ဂျပန်ဆာကေးနဲ့ မိတ်ဆွေဖြစ်ရတယ်ပေါ့။ ဟိုလူက “၀မ်းသာတယ်ဗျာ ... ရော့တခွက်” ဒီလူက “ကြိုဆို တယ်ဗျာ ... ရော့တခွက်.” နောက်တယောက်က “ကွန်ကယက်ကျူးလေးရှင်းဗျာ.. ရော့တခွက်..” မူးလာရင် ဂျပန်လိုပြောလိုက်ရမှ အာတွေ့တဲ့ နောက်တေ ယာက်က လည်း “အိုမဲ့တဲ့တိုး ... ကိုအောင်” ဆိုပြီး ရော့တခွက်နဲ့ပေါ့။

ပြောရရင် ကိုအောင်က အရက်သိပ်သောက်လေ့သောက်ထ ရှိတဲ့သူမဟုတ် ဘူး။ ဒါပေမယ့် ကျေးဇူးရှင် ဂျပန်ကကိုယ်တော်တွေကို အားနာတာ၊ ၀မ်းသာတာ၊ ဂုဏ်ယူတာတွေအပြင် ဂျပန်ဆာကေးလေးကလည်း အ၀င်ကောင်းလေတော့ အ တော်လေးမူးသွားတယ်။ ဒီတော့ ပြန်မယ်ပေါ့။ အဖော်တွေက လိုက်ပို့မယ် ဆိုပေမယ့် ကိုအောင်ခင် အိမ်နီးလေးပါ။ ရပါတယ်ဆိုပြီး အားနာတာနဲ့ လိုက်မပို့ခိုင်းဘူး။

အဲ ...တချို့အရက်ကောင်းတွေက ထိုင်သောက်တုန်းက အရသာလေးရှိ သလောက် ထသွားတော့ အစွမ်းပြတော့တာကိုး။ ဆိုင်ပြင်ခပ်လှမ်းလှမ်းရောက်တော့ မိုးကအတော်ချုပ်ပြီ။ ကိုအောင်လည်း အတော်လေးပေါက်မြောက်နေပြီ။ တွေ့တဲ့ တက္ကစီကို တားဆီးမယ်ဆိုပြီး ကားမိုးပေါ်မီးလင်းနေတဲ့ကား လာထားဆိုပြီး ဖမ်းတား လိုက်တာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်နေပါလေရော။ ဒယိမ်းဒယိုင်နဲ့ ကိုအောင့်ကို ရဲ က ဘာကူညီရမလဲခင်ဗျ .. ကူညီပါရစေလုပ်မယ်ကြည့်တော့ အမူးလွန်နေတဲ့ ကို အောင်၊ ဂျပန်လိုလည်း “ဟိုက်” ဆိုတဲ့တလုံးလောက် တတ်တဲ့ကိုအောင်။ တွေ့ပါလေ ရော။ ဒါနဲ့ ဂျပန်စေတနာရှင် ရဲတွေက ကိုအောင်နေတဲ့အိမ်ပြန်ပို့ပေးဖို့ ကိုအောင့်လိပ် စာပါမယ့် နိုင်ငံခြားသားကဒ်တောင်းပါလေရော။ ခိုးဝင်လာပါ တယ်ဆိုမှ ဘယ့်နှယ့် အိုင်ဒီကဒ်ရှိမလဲ။ ဘယ်ပို့ပေးလို့ ဘယ်လိုကူညီရမှန်းမသိလေတော့ မထူးဘူး။ ရဲကင်း စခန်း ခေါ်သွားပါလေရော။ သာမန်ဆို အမူးလွန်နေရင် အမူးသမားတွေထားတဲ့ ဆေး ရုံ ပို့ပေး။ မနက်အမူြးေ ပရင် ကိုယ့်ဘာသာပြန်ရတာမျိုးဖြစ်ပေမယ့် အခု ကိုအောင်က ဘာစာရွက်စာတမ်း ဘာကဒ်မှမရှိ။ ဘယ်နိုင်ငံကမှန်းလည်းမသိ။ ဆိုတော့ ရဲကင်းက တာဝန်ခံကတဆင့် မြို့နယ်ရဲစခန်းပေါ့။

မူးနေတဲ့ ကိုအောင် သူစီးလာတာ တက္ကစီမဟုတ်ပဲ ရဲကားဖြစ်ပြီး ပြဿ နာတော့တက်နေပြီဆိုေ တာ့ ဖြေရှင်းဖို့နည်းလမ်းလည်းမသိ။ ဖမ်းခံရရင် နိုင်ငံပြန်ပို့ တော့မှာပဲဆိုပြီး စိုးရိမ်ချက်ကလေးက လည်းရှိနေေ တာ့ တတ်သမျှအင်္ဂလိပ်စကား တွေနဲ့ စခန်းတာဝန်ခံကိုရှင်းပြပါလေရော။ ဂျပန်နိုင်ငံကလည်း အင်္ဂလိပ်စကား ကို တ ကယ်တတ်တဲ့သူတွေက မွှတ်နေအောင်တတ်ပေမယ့် မတတ်တဲ့သူကလည်း အလွန် ညံ့တာကလား။ ဆိုတော့ ကိုအောင်ပြောတဲ့အင်္ဂလိပ်စကားကို ရဲအရာရှိကလည်း နား မလည်ဘူး။ ပြီးတော့ မူးနေတဲ့ အာရှသံပီသတဲ့အင်္ဂလိပ်စကားဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။

အဲ ဒါပေမယ့် ကိုအောင်ပြောတဲ့ထဲမှာ သူတို့နားလည်တဲ့စကားတခွန်းတော့ ပါတယ်။ အဲဒါက “အောင်ဆန်းစုကြည်” ဆိုတဲ့နာမည်ပဲ။ သတင်းတွေမှာ အထပ်ထပ် အခါခါ ကြားနေရတဲ့နာမည်။ သတင်းစာမှာ မကြာခဏတွေ့နေရတဲ့ နာမည်။ ဆိုတော့ “အောင်ဆန်းစုကြည်တို့ တိုင်းပြည်ကဖြစ်မယ်ကွ” “ဒီလူ ဒီနာမည်ပဲ အထပ် ထပ်ရွတ်နေ ပုံထောက်တော့ အောင်ဆန်းစုကြည်တို့အဖွဲ့ကလူဖြစ်မယ်ကွ“ ဆိုပြီး နောက်ဆုံး ၀ိုင်း ၀န်းစဉ်းစားတိုင်ပင်ပြီး “သနားပါတယ်ကွာ ... သူတို့တိုင်းပြည်ပြန်ပို့ရင် ဒုက္ခရောက် မယ့်သူဖြစ်မယ်။ တည သိပ်ပြီး မနက်ပြန်ပို့ပေးလိုက်ပါကွာ” တဲ့။

ဒါလိုနဲ့ ကိုအောင်တယောက် အခုထိ ဂျပန်မှာသောင်တင်တုန်း။ ဘာပဲဖြစ် ဖြစ် ပြောစမှတ်လည်းကျန်ခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည်ကကွာ… အတော်အစွမ်း အစရှိတဲ့ခေါင်းဆောင်ဆိုတာ ငြင်းစရာမရှိဘူး။ ကြည့်လေ ... လူသာမက ဓာတ်ပုံ တောင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ... ဒေါ်အောင်ဆန်းစုကြည် နဲ့ နှုတ်ငုံ ဆောင်တာနဲ့တောင် အဖမ်းအဆီးကလွတ်တယ်” တဲ့။
x x x

ပြောရရင် ဂျပန်က သတင်းမီဒီယာ အလွန်အားကောင်းတဲ့နိုင်ငံပါ။ သတင်း စာတွေ ပလူပျံနေသလို တီဗွီတွေမှာလည်း အပ်ကျတာကအစ ကြေညာပေးနေတဲ့ နိုင်ငံလို့တောင် ဆိုနိုင်တယ်။ ဒီတော့ သာမန်လူေ တွတောင် အနည်းဆုံး သတင်းမီဒီ ယာတွေကျေးဇူးကြောင့် ဗဟုသုတတော့ အတော်လေးရှိ တယ်ပြောရမယ်။

ဒါပေမယ့် “ဘယ်နိုင်ငံကလဲ၊ မျက်နှာက ဂျပန်လူမျိုးနဲ့ အတော်တူတယ် နော်” ဆိုပြီးမေးလာခဲ့ရင် “ကျမက မြန် မာပြည် ကပါ” ဆိုရင် သူတို့အတော်လေး အူ ကြောင်ကြောင်ဖြစ်ကြ တယ်။ မြန်မာဆိုတာ ကို နောက်ပိုင်းမှပြောင်းလိုက်တာကြောင့် လည်းဖြစ်မှာပေါ့လေ။ မြန်မာဆိုရင် ဟိုး ဥရောပဖက်ကလား၊ အာရပ်ဖက်ကလား၊ တောင်အမေရိကားဖက်ကလားနဲ့ သိတဲ့လူက အလွန်ရှားပါတယ်။ မေးတဲ့သူက လူ ကြီးပိုင်းဆိုရင်တော့ ... “သြော် ... ကျမ ဘိရုမာကပါ” ဆိုရင်တော့ မရောက်ဖူးတဲ့သူ တောင် “သြော် ... သိပြီ ... အလွန်ကြင်နာတဲ့လူမျိုး .. ဘိရုမနော့ တာတဲဂိုတို (ဗမာ့ စောင်း) ရုပ်ရှင်ထဲကြည့်ဖူးတယ်။ သိပ်ချစ်စရာေ ကာင်းတာ။ သိပ်ကြင်နာတာ ...” ဆို တာနဲ့ ချက်ခြင်းရင်းနှီးသွားနိုင်ပါတယ်။ ဘိရုမာကိုေ ရာက်ဖူးတဲ့ စစ်ပြန်ကြီးတွေဆိုရင် တော့ ဘိရုမာလူမျိုးဆိုတာနဲ့ “ဟာ ဘာကူညီရမလဲ၊ အသက်သခင်ေ ကျးဇူးရှင်တွေ။ဝမ်းသာလိုက်တာ” ဆိုတာမျိုးဖြစ်ကြတာပါ။ စကားအလွန်ပြောချင်တဲ့ စစ်ပြန်တချို့ ဆို ... “မြန်မာ့တပ်မတော်က တို့ နိပွန်းဘုရင်တပ်မတော်ရဲ့မျိုးဆက်သစ်ကွ။ တို့ ဘုရင့်တပ်မတော် က မွေးထုတ်ပေးခဲ့ကြတာမို့ ငါတို့တပ်မတော်ပါပဲ။ ဂျပန်တပ်မတော် ကဖျက်သိမ်းခံရပြီး မရှိတော့ပေမ ယ့် မြန်မာတပ်မတော်ရှိသေးလို့ ဒါတို့ မျိုးဆက် သွေးသားတပ်မတော်ကွ။ သိပ်ဂုဏ်ယူဖို့ကောင်းတာ။ အဲ ဒါပေမယ့် အခုတပ်မတော် က ... ” ဆိုတာမျိုးလည်း ကြားရမှာဖြစ်ပါတယ်။

လူငယ်ပိုင်းတွေကတော့ မြန်မာဆိုလည်းမသိ ဘိရုမာဆိုလည်း ကြားဖူးသ လိုလို ဖြစ်နေတယ်ဆိုရင် “ဒေါ်အောင်ဆန်းစုကြည်တို့ တိုင်းပြည်ကလေ” ဆိုတာနဲ့ တန်းသိပါတယ်။ သိတာမှ ဆွေးမျိုးရင်း ချာတေ ယာက်လို လေးစားစရာကောင်းတဲ့သူ တယောက်အဖြစ်နဲ့ကို သိကြတာပါ။ “ဟာ ... သတင်းမှာကြည့်ရတယ်။ သိပ်သတ္တိရှိ တယ်နော်။ သိပ်တော်တယ်။ သိပ်ပြီးတော့” ဆိုတာတွေနဲ့ ကိုယ့်ခေါင်းဆောင်ကို ကိုယ့်ထက်တောင် သူတို့က လေးစားနေကြတာကလား။

ဒါကြောင့်လည်း ကျိုတိုဖက်က ဟာမမတ်ဆုဆိုတဲ့မြို့က တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် လေ့လာသ င်ယူခဲ့တဲ့အခန်းလေးမှာေ ဒ်ါစုပုံတွေချိတ်ဆွဲပြီး ပြတိုက်လုပ်ထားပါတယ်။ ဧည့်သည်တော်တွေ၊ လေ့လာ သူတွေလာ ရင်တော့ အခန်း ဖွင့်ပေးပြီး ပြသဂုဏ်ယူသလို ကျန်အချိန်တွေမှာ သီးသန့်ပြတိုက်အဖြစ်ထားပြီး ဂုဏ် ယူ ထိန်းသိမ်းထားပါတယ်။

ဂျပန်က မြန်မာတွေထဲမှာ ခိုးမှု၊ ခါးပိုက်နှိုက်၊ လုယက်၊ အကြမ်းဖက်ဆိုတာ မျိုးလည်း သတင်းမှာ မကြားဖူးသလို ယုတ်စွအဆုံး နိုင်ငံတကာက ပြည့်တန်ဆာအစုံ ရှာလို့ ရကောင်းရမယ်။ မြန်မာထဲမှာ ဒါမျိုးလုပ်စားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် သတင်းတွေမှာ မြန်မာလို့ မထင်ရှားတာလည်းဖြစ်နိုင်ပါတယ်။ မြန်မာနဲ့ပတ်သက်တဲ့ သတင်းဆိုရင် တနှစ်မှာ ၃၆၅ ရက်လောက် ဆန္ဒပြခံနေရတဲ့ တိုကျိုက မြန်မာသံရုံး အ ကြောင်း၊ မြန်မာ့ဒီမိုကေ ရစီရေး လှုပ်ရှားမှုအကြောင်းတွေလောက်ပဲ တွေ့မြင်ရတတ်ပါ တယ်။ (အခုဆို ဆူနာမီဖြစ်တော့ မြန်မာေ တွသွားရောက်ကူညီကြ၊ ရိုင်းပင်းကြနဲ့ ပို လို့တောင် ဂုဏ်ယူစရာဖြစ်ကြရပါတယ်။ တချို့မြန်မာဆို ငိုတောင်ငိုပြ လိုက်ေ သး)
x x x x x

ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျေးဇူးကြောင့် ဂျပန်ရောက် မြန် မာတွေထဲမှာ အတော်လေးမျက်နှာ ပွင့်ရတာ အမှန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးအကြောင်းပြောရင် ချန်ထားလို့မ ရတဲ့ သူတယောက် အကြောင်းလည်း ရှိသေး တယ်။ သူက ဂျပန်ကို ဟိုးအတော်စောစောပိုင်းလောက်ထဲက ရောက်ခဲ့တဲ့သူပေါ့။ ဒါ ပေမယ့် ဂျပန်ကိုရောက်ပြီး နှစ်အတန်ကြာတော့ အကြောင်းကြောင်းေ ကြာင့် မြန်မာ ပြည်ကို ပြန်ပို့ခံထား တဲ့အထဲ ပါသွားပါတယ်။

မြန်မာပြည်ပြန်သွားပေမယ့် ဂျပန်ပြန်တို့ထုံးစံအတိုင်း ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ၊ ယောင်ချာချာဖြစ်နေတာ ကြာတော့မထူးဘူးဆိုပြီး ဂျပန်ကိုပဲ နောက်တ ခေါက်ပြန်ဝင်ဖို့ကြိုးစားပါတယ်။ ဂျပန်ကိုရောက်ဖူးပြီးသားသူ တယောက်အနေနဲ့ အ ဆက်အသွယ်က မရှားဘူးကိုး။ အဲ ... တခုရှိတာက သူ ဂျပန်ကို ပြန်ရောက်တယ်ပဲ ထား..။ ဂျပန်မှာ ဗီဇာနဲ့နေရဖို့က မလွယ်ဘူးဖြစ်နေတယ်။ အလည်အပတ်နဲ့ ရောက် လို့ အဆင်ပြေတ ယ်ဆိုရင်တောင် အလွန်ဆုံး သုံးလပဲကိုး။ သုံးလ အလည်အပတ် ဗီဇာနဲ့ အလုပ်ရဖို့ကလည်း မလွယ်ဘူးလေ။

ဆိုတော့ သူက စဉ်းစားတယ်။ ဂျပန်ကိုပြန်ဝင်မယ်။ ဟိုရောက်ရင် ခိုလှုံခွင့် လျှောက်မယ်ပေါ့။ ခရုမှာလည်းအဆံ နဲ့ လူမှာလည်းအကြံနဲ့ဆိုတဲ့စကားအတိုင်းပေါ့ လေ။ အဲ … တခုခက်တာက ခိုလှုံခွင့်ဆို တာကလည်း နိုင်ငံေ ရးခိုလှုံခွင့်ပဲရှိတော့ နိုင် ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်မှာ ဘာတွေလုပ်ခဲ့တာေ ကြာင့် ပြန်ရင်အဆင်မပြေလို့ ကူညီဖို့တင်ပြရမှာကိုး။ သူ့မှာက နိုင်ငံရေးနဲ့ပတ်သက်ပြီး သွားလုပ်ဖို့ဆိုတာက မ လွယ်ဘူး။

တော်ကြာ ... ဂျပန်မသွားရပဲ အင်းစိန်တောရရောက်နေရင် အခက်ကိုး။ နောက် နိုင်ငံရေးအသိုင်းအ၀ိုင်းထဲက လူကြီးတွေနဲ့ ဓာတ်ပုံလေး ဘာလေး တွဲရိုက်ပြဖို့ လည်း စိတ်ကူးတယ်။ ဒါကလည်း ထင်သလောက် မလွယ်ဘူး။ နိုင်ငံရေးသမားကြီးတွေ နားမှာ ထောက်လှမ်းရေးတွေက ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀ ကစားနေကြတာကိုး။

နောက်ဆုံး အကြံတခုရတာနဲ့ တက္ကစီသမားကို ဒေါ်စုခြံဖက်ကို လိုက်ပို့ခိုင်း တယ်။ ကင်မရာလေးလည်း ယူသွား တယ်။ ဒေါ်စုနဲ့သွားတွေ့ပြီး ဓာတ်ပုံရိုက်ဖို့ မ ဟုတ်ပါဘူး။ အဲဒီအချိန်မှာ ဒေါ်စုက အကျယ်ချုပ်ခံနေရတဲ့ကာလ။ သွားတွေ့ဖို့နေ နေသာသာ အနားတောင်ကပ်ဖို့လွယ်တာမှ မဟုတ်တားကိုး။ ဒါနဲ့ တက္ကစီသမားကို အကူအညီတောင်းပြီး ဒေါ်စုခြံနဲ့ နီးနိုင်သမျှနီးအောင် မောင်းခိုင်းတယ်။

“ဟေ့လူ ... ဒီထက်ဆက်သွားဖို့ မလွယ်တော့ဘူး။ တင်းကြပ်လာနိုင်တယ် ဗျ။ သွားချင်ရင် ခင်ဗျားပဲဆက်သွား” လို့ ကားဆရာက ပြောတော့ ဆက်သွားဖို့ကလည်း အတော်စွန့်စားရမှာမို့ ...

“ဒေါ်စုခြံက ဘယ်ဟာလဲဗျ”
“ဟောဟိုခပ်လှမ်းလှမ်းက လှမ်းမြင်နေရတဲ့ခြံပဲ“
“ဟား အတော်ဝေးတာပဲ။ အေးဗျာ မထူးဘူး” ဆိုပြီး ကားဆရာကို ကားခ ပိုပေးပါ့မယ်လို့ ညှိပြီး ခပ်သေးသေး ခပ်ဝါးဝါးမြင်နေရတဲ့ ဒေါ်စုခြံစည်းရိုးလေးကို နောက်ခံထားပြီး ဓာတ်ပုံအရိုက်ခံလိုက်တယ်။

ဒီလိုနဲ့ ဂျပန်ရောက်တဲ့အခါ သူ့မှာ မဟာစွန့်စားခန်းလုပ်ပြီး ရိုက်ခဲ့ရတဲ့ ဒေါ်စုခြံစည်းရိုးပုံ ခပ်ဝါးဝါးပါ ဓါတ်ပုံေ လးကိုတင်ပြပြီး.. ဘယ်လို ဘယ်သို့ အကြောင်း ပြပြီး ခိုလှုံခွင့်လျှောက်လိုက်ပါလေရော။ ဒီလိုနဲ့ခေါ် ယူေ တွ့ဆုံ စစ်ဆေးသမှုတွေပြု ပြီး၊ နောက်ဆုံး အဲဒီခြံစည်းရိုးကိုယ်တော်လည်း ခိုလှုံခွင့်ရပြီး ယခုတိုင် အဆ င်ပြေနေ ပါရောခင်ဗျား။

ဒီတော့ ဂျပန်မှာ ပြောစမှတ် နောက်တခုတိုးပြန်ရော..။ ဒေါ်စုပါဝါကြီးပုံ များကွာ၊ ဓာတ်ပုံလည်း အိုေ က၊ နှုတ်ငုံလည်း အိုကေ၊ ဟော ခြံစည်းရိုးလေးတောင် အိုကေပါသတဲ့ဗျား။
● ● ●

Comments

kay said…
ထိုရွှေ များ အတွက်...
ဒေါ်စု ဂုဏ်ယူ ၀မ်းမြောက်ပါလေတော့...