Burma Wins Over Foreign Leaders–in Football

မြန်မာပြည်က ဘောလုံးကဏ္ဍ ပြည်ပဒဏ်ခတ်မှုကို ကျော်ဖြတ်နိုင်ပြီ
Wall Street Journal
နိုဝင်ဘာ ၈၊ ၂၀၁၁

နိုဝင်ဘာ ၅ ရက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အုပ်စု(ခ)၏ ဗီယက်နမ်-မြန်မာပွဲစဉ်တွင် တွေ့ရသော ကျော်ကိုကို (နံပတ် ၁၀) (ဓာတ်ပုံ - Getty Images )

မြန်မာအာဏာပိုင်များက မကြာသေးမီကာလအတွင်း အပြောင်းအလဲတချို့ လုပ်ဆောင်ပြသော်လည်း စီးပွားရေးပိတ်ဆို့ရေး ရုပ်သိမ်းရန် အနောက်တိုင်း အစိုးရ ခေါင်းဆောင်များကို နားချနိုင်ခြင်း မရှိခဲ့ပေ။
သို့သော်လည်း မြန်မာအာဏာပိုင်တို့တွင် မဟာအောင်ပွဲကြီးတခု ရှိနေသည်။ ယင်းမှာ ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာဘောလုံးအသင်း ပါဝင် ယှဉ်ပြိုင်ခွင့် ရလိုက်ခြင်း ဖြစ်လေသည်။

၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတချို့ကို ဇူလိုင်လက ရန်ကုန်မြို့တွင် ကျင်းပစဉ် ပရိသတ်များက ကျောက်ခဲ၊ ရေဘူးတို့ဖြင့် ကွင်းအတွင်း ပစ်ပေါက်သဖြင့် ပွဲပျက်သွားခြင်းကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် “ပွဲကြည့်ပရိသတ်၏ မသင့်လျော်သော အပြုအမူများ” ကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု FIFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

FIFAက မြန်မာဘောလုံးအဖွဲ့ချုပ်၏ အယူခံကို ပြန်စဉ်းစားပြီး မြန်မာအသင်းကို ၂ဝ၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ပါဝင်ခွင့် ပြုလိုက်သော်လည်း မြန်မာအသင်းက တခြားနိုင်ငံများတွင် သွားရောက် ကစားရမည်ဖြစ်သည်။ မြန်မာဘောလုံးအဖွဲ့ချုပ်ကို ဒေါ်လာ 27,700 ဒဏ်ရိုက်ခဲ့သည်။

FIFA၏ ဆုံးဖြတ်ချက်သည် ဘောလုံးအဆင့်အတန်း နိမ့်ဆင်းနေမှုကို ပြန်လည် အဖတ်ဆည်ရန် ကြိုးစားနေသော မြန်မာပြည်အတွက် ကောင်းသည်ဟု ဆိုရမည်။ ၁၉၆၀ နှင့် ၁၉၇၀ နှစ်များက မြန်မာပြည်သည် ဒေသတွင်း ချံပီယံဖြစ်သည်။

(Wall Street Journal သတင်းတပုဒ်ကို မျိုးဇော်က ကောက်နှုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်သည်)

Comments