Save Irrawaddy SF Video Archives # 4

Save Irrawaddy SF ရဲ့ ဧရာဝတီချစ်သူများဆွေးနွေးပွဲ ရုပ်သံမှတ်တမ်း နောက်ဆုံးပိုင်းထွက်
မိုးမခ၊ နိုဝင်ဘာ ၂၇၊ ၂၀၁၁ (Save Irrawaddy SF Video Team)
နိုဝင်ဘာ ၁၉၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ စင်ထရယ်ဗီးလ်ကွန်မြူနီတီစင်တာမှာ ကျင်းပတဲ့ မြန်မာပြည်ရဲ့ ဧရာဝတီချစ်သူများဟောပြောပွဲနဲ့ ဆွေးနွေးပွဲက ရုပ်သံမှတ်တမ်း တတိယပိုင်းကို Save Irrawaddy SF လုပ်အားပေးများက အများပြည်သူတို့ ကြည့်နိုင်ဖို့ ဝေမျှလိုက်ပါတယ်။
ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ ဟောပြောအပြီးမှာ လှုပ်ရှားမှုစီစဉ်သူများနဲ့ တက်ရောက်လာရသူ ပရိသတ်များရဲ့ မေးခွန်းများကို ဖြေကြားတဲ့ အစီအစဉ်များ ကျင်းပပါတယ်။ ကိုမင်းဇင်၊ ကိုအောင်ဒင်နဲ့ ကိုအယ်လ်နော်ဆန်တို့က မေးမြန်းသည်များကို အကျယ်တ၀င့် ဖြေကြားသွားကြပါတယ်။
ဟောပြောပွဲနိဂုံးချူပ်မှာတော့ ပွဲစီစဉ်သူများကိုယ်စား ဒေါ်ဋ္ဌေးဋ္ဌေးကြည်က ကျေုးဇူးစကားပြောကြားပြီး၊ ဧည့်ပရိသတ်များထဲက ကချင်အရေးလှုပ်ရှားတက်ကြွသူ ကိုဇော်အောင်ကလည်း အမှတ်တရစကားပြောကြားခဲ့ပါတယ်။
လူငယ်များ၊ ကျောင်းသူ ကျောင်းသားများ၊ မြန်မာပြည်အရေး၊ အာရှအရေး၊ တရုတ်ပြည်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး စိတ်ဝင်စားသူများ နားထောင်သင့်ပါကြောင်း တိုက်တွန်းလိုက်ပါတယ်။

Comments