Former Political Prisoners on charity runs



နိုင်ငံရေး အကျဉ်းသားဟောင်းများ စိတ်ကျန်းမာရေးဆေးရုံသို့ ညနေစာတနပ် လှူဒါန်း
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၆၊ ၂၀၁၁
ယနေ့ညနေက နိုင်ငံရေး အကျဉ်းသားဟောင်းများ စုပေါင်းပြီး ရန်ကုန်မြို့ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီးမှ လူနာများအား ညနေစာတနပ် လှူဒါန်းခဲ့ကြသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများ ဆိုသည့် ခေါင်းစဉ်ဖြင့် စိတ်ကျန်းမာရေးဆေးရုံမှ လူနာ ၁ ထောင်ကျော်အတွက် ညနေစာတနပ် ကျပ်ငွေ ၃ သိန်းကို သွားရောက်လှူဒါန်းကြသည်။
ယနေ့လှူဒါန်းသည့် ဆေးရုံသို့  မစုစုနွေး၊ ကိုဇော်ရဲဝင်း၊ မနှင်းနှင်းမွှေး၊ ကိုဘသက်အောင် ကိုဇော်ထက်ကို မအေးသီတာ အစရှိသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ ၃၀ ကျော်သွားရောက်ကြသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းများဆိုသည့် ဗီနိုင်းဆိုင်းဘုတ်ကိုနောက်ခံထား၍ လှူဒါန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် နောက်နောင်လည်း လူမှုကူညီရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားရန် ရည်ရွယ်ထားသည်ဟု ကိုဇော်ရဲဝင်းက ပြောသည်။ 
 
ယခုနှစ်ဧပြီလတွင် သမ္မတ ဦးသိန်းစိန် အာဏာလွှဲပြောင်းယူပြီးနောက်တွင် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု ၎င်း၏ မိန့်ခွန်းများတွင် ပြောကြားခဲ့သည့်နောက် ယခင်က စုဝေးခွင့်၊ အမည်နာမ ဖေါ်ပြခွင့်မရှိခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ စုဝေးသည့် ပွဲများ၊ ယခုကဲ့သို့လှူဒါန်းသည့်ပွဲများ အနှောက်အယှက် မရှိပဲ လုပ်ကိုင်နိုင်လာခဲ့သည်။

Comments