Kachin refugess get UN relief

တိုက်ပွဲ ၆ လအကြာတွင် ကချင် စစ်ပြေးဒုက္ခသည်များထံသို့ နိုင်ငံတကာ သွားရောက် ကူညီ
မိုးမခအထောက်တော် အမှတ် ၀၀၂
ဒီဇင်ဘာ ၁၈၊ ၂၀၁၁

KIA နယ်မြေဖြစ်သည့် တရုတ်မြန်မာနယ်စပ်မှ လိုင်ဇာမြို့ ( - Khin Maung Soe / RFA)

တိုက်ပွဲများ ဖြစ်ပွားပြီး ၆ လအကြာတွင် အရေအတွက် သုံးသောင်းခန့် ရှိမည့် ကချင် စစ်ပြေးဒုက္ခသည်များထံသို့ နိုင်ငံတကာ အကူအညီများ စတင် ရောက်ရှိသွားသည်ဟု အယ်လ်ဂျာဇီးယားသတင်းတပုဒ်တွင် ယနေ့ ရေးသားထားသည်။

ကုလသမဂ္ဂ ဦးဆောင်ပြီး ကူညီထောက်ပံ့ရေး လုပ်ငန်းများကို ယခုလ ၁၃ ရက်နေ့က လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကား ၂ စီးတိုက် ကူညီရေး ပစ္စည်းများကို အစိုးရတပ် နှင့် KIA တပ်များကြားမှ ပို့ဆောင်ပေးလိုက်သည်ဟု ဆိုသည်။

"ဒါတွေဟာ လိုင်ဇာကို ပထမဆုံး ပို့တဲ့ ကုလသမဂ္ဂရဲ့ ကူညီမှုပါ" ဟု ရန်ကုန်မြို့ ကုလသမဂ္ဂ/ယူနီဆက် အဖွဲ့ ပြောခွင့်ရ အရာရှိ Zafrin Chowdhury က ပြောသည်။

"လိုင်ဇာနဲ့ အနီးတ၀ိုက်မှာ ရှိတဲ့ အကူအညီ လိုနေကြသူတွေဆီကို အထောက်အပံ့တွေ ထပ်ပေးနိုင်ဖို့ ကုလသမဂ္ဂက မျှော်လင့်နေပါတယ်" ဟု သူက ဆက်ပြောသည်။

ကချင် စစ်ပြေးဒုက္ခသည်များသည် ပြင်းထန်သည့် ဆောင်းရာသီနှင့် ရင်ဆိုင်နေရသည်။

Comments