Maung Swan Yi - Poem

ဒီဇင်ဘာ ၃ မှာ အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောသို့ ဂါရ၀ကဗျာ
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၈၊ ၂၀၁၁



“တော်လှန်ရေး”
“လွတ်လပ်ရေး”
“ငြိမ်းချမ်းရေး”
အရေးကြုံတိုင်း၊ မဆိုင်းထမ်းရွက်
အသက် ၉၀ ကျော်
“ဒို့အဖိုး ကျော်ဇော”
ကျော်စောသက်ရှည်၊ ဒို့မြန်ပြည်မှာ
ပြန်လည်ဆုံကြ၊ ဦးချကော်ရော်
ဒို့ပူဇော်အံ့၊
ပြည်တော်ဝင်ခန်း၊ အောင်စည်းရွမ်း၍
ဝေါထမ်းကြိုရပါလိုသော်

Comments