Mar Mar Aye - 413

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၃)
မာမာအေး
မတ် ၁၊ ၂၀၁၂


"…ဧရာဝတီအရေးကလဲ အေးခဲ့ပြီတဲ့ရှင့်၊ ကိုယ်မောင်ကိုယ်ဖွား သွေးချင်းအစုအဖွဲ့များနဲ့လဲဘဲ၊ နွားကွဲကျားကိုက် မဖြစ်ထိုက်တော့ဘူးလို့ စိတ်ကူးရသယောင်၊ လင်းရောင်တန်းတွေ၊ ဂီတမာလာ ငုံလွှာပန်းတွေ 'စုလေး' ခေါင်းမှာ ဝေတဲ့ အခြေအနေတွေလဲ မြင်နေရပါလား…"

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ ... “အော် … တနေ့တနေ့နဲ့ တရွေ့ရွေ့ အချိန်ကုန်ပြီ … နှစ်လတာရှည်” … အဲဒီလို ဆိုသွားတဲ့ ဗိုလ်အောင်ဒင်ဇါတ်ကားထဲက မင်းသမီးကြီး မေမေ၀င်းရဲ့ ဆယ်နှစ်လရာသီ - သီချင်း စာသားလေးအတိုင်းပေါ့၊ ရာသီတော် တစ်ဆယ့်နှစ်လ ဘယ်တုန်းက ဘယ်လို ကြွမှန်းကို မသိလိုက်ပါဘဲ 'နှစ်သစ်ကြိုစရာ ချိန်ရောက်လါ မဟာမင်္ဂလာ အခါပါတကါး' လို့ စာစကါးလေးနဲ့ စချင်မိပါတယ်ရှင်၊ မကေါင်းမှုတွေကို ပယ်သတ်နိုင်တဲ့အတွက် မင်္ဂလာလို့ မည်တွင်တဲ့အကြောင်း စာဟောင်းတွေမှာ ပါဖူးတာကြောင့် မာအေးက နှစ်ဦးမှာ မင်္ဂလာအခါလို့ ပြောလိုက်တာပါ၊ ချစ်သောတရှင်များကိုလဲ မင်္ဂလာရှိတာသာ ကြားစေ့ချင်ပါတယ်၊ ဆုတောင်းပေးချင်ပါတယ်ရှင်၊

*(ဇမ္ဗူဒီပါ - မှ) ဇမ္ဗူဒီပါ၊ လက်ျာတောင်ကျွန်း နိမိတ်ထွန်းသည် xxx မင်္ဂလာရှိတဲ့ သီချင်းကိုမှ ဆိုချင်သည် xxx နားဆင်သူလဲ မင်္ဂလာရှိမည်၊ ကြားရသူတိုင်း မင်္ဂလာရှိမည် xxx အတိတ်ကိုဆောင်၍ ကြံတိုင်းအောင်စေမည်၊ စည်းစိမ်တိုးလို့ ရွှေမိုးရွာစေမည် xxx

မာအေးတို့လူမျိုး ရှေးရိုးစဉ်လာ ပြောခဲ့ကြတာမှာ ရွှေမြန်မာတို့တည်နေရာအရပ်ဟာ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း တဲ့၊ နိမိတ်ထွန်းတယ်လို့လဲ လူကြီးသူမအများ ယုံစားခဲ့ပါတယ်လို့ ဆိုပါရစေ၊ ကိုယ်တွေ့နဲ့ ပြောကြေး ဆိုရင် မာအေး အဖွား နမူနာထား ပြောဘို့ ရှိတာဘဲ။

တခါက မာအေးတို့ဆီမှာ 'ဧည့်သည်'ကိစ္စနဲ့ ကသိကအောက်ဖြစ်တာလေးတွေကို ဟာသဆင် ရုပ်ရှင်ရိုက်တဲ့ တကါး ရှိခဲ့ဖူးတယ်ရှင့်၊ အဲဒီမှာ သုံးတဲ့ သီချင်းထဲမှာ 'ပထမလာတော့ ရွှေဧည့်သည်၊ ဒုတိယလာတော့ ရွှေဧည့်သည်၊ နောင်သောအခါ မကြာမကြာ ရောက်လာတော့၊ ဧည့်သည် တောက်! ဧည့်သည်' တဲ့ - သည်းမခံနိုင်တော့တဲ့စတိုင် - လေဆိုးကြီးမျိုးနဲ့ဟဲတာ၊ အဲဒါက ဟဒယရွှင်ဆေးလို ဖြစ်သွားတာကိုး၊ ဧည့်သည်သီချင်းမျိုးတွေ တိုးလာကုန်တော့တာပေါ့လေ၊ ကိုယ့်သူငယ်ချင်း တွံတေးကေါင်ကလဲ သူ့ရဲ့ ဧည့်သည်သီချင်းတပုဒ်မှာ “ပြေးကါလွှားကါ - ဆန်ဝယ် ဆီဝယ်” လို့ ဆိုထားတယ်၊ ကိုယ်ကလဲ ဘာရယ်မဟုတ်ဖဲ ဒီအပိုဒ်လေးကို လွှတ်ကနဲ လွှတ်ကနဲ ဆိုမိဆိုရာ ဆိုမိတော့ကါ - သူ့ဟာသူ အိမ်ဦးခန်းမှာ စိတ်အေးချမ်းသာနေတဲ့အဖွားခင်မျာ ထလာ တားမြစ် သတိပေးပစ်ခဲ့လို့ပါရှင်၊
'ငါ့မြေး … မဟုတ်ကဟုတ်က – နိမိတ်မရှိ နမာမရှိ ဘာတွေ ရှောက်ဆိုနေလဲ ဘာ ဆန်တွေ ဆီတွေ ပြေးဝယ်ရမှာလဲ၊ တော် - တော်၊ နောက်မဆိုနဲ့နော်၊ မြေးက သဘင် အလုပ် လုပ်နေတဲ့သူ မဟုတ်လား၊ မဆိုသင့်တာကို မဆိုရဘူး၊ တဘောင်နာလို့မှ မကေါင်းတဲ့ စာမျိုးအေ၊ ကြံကြံဖန်ဖန်၊ ခေတ်ခလေးတွေ ရေးလိုက်တာများ ရှေ့မသိ နောက်မသိနဲ့ တယ်လဲ ရှေးထုံးပယ်ချင်သကိုး' တဲ့ -။ ဒါနဲ့ ဖွားအေကြီး ကပ်ပြီး စပ်စုစိန်လုပ်ခဲ့တာပေါ့နော။

ယုံချင်ယုံ မယုံချင်နေ၊ ရှေးအတီတေ – အမရပူရ ရာဇဋ္ဌာနေ၊ ဘုန်းမီးနေလ ထွန်းပစည်ကါး ဘိုးတော်ဘုရားလက်ထက်မှာ၊ မင်္ဂလာ အတိတ် နိမိတ်တော်ကေါက် တင်လျှောက်ရတဲ့ က၀ိအမော် “အယူတော်မင်္ဂလာ” ပညာရှင် - အထင်အရှား ရှိခဲ့တယ်တဲ့ရှင့်၊ ဒီလိုပညာရှင်မျိုးကလဲ ထွန်းတယ်လို့ ခေါ်ရမှာလား မသိပါဘူး။ နောက်တဦးဦး ပေါ်လာဘို့ရာ - မလွယ်ဘူး ဆိုဘဲ။ အဲဒါကြောင့် သူမရှိတော့ရင် “ခလေးရယ်၊ သဘင်သည်ရယ်၊ စိတ်မနှံ့တဲ့အရူးရယ်” ဒီသုံးဦးဆီက ကြားရတဲ့စကါးကို ယုံယုံကြည်ကြည်နဲ့ အတိတ်ကေါက်ရရင် - သူပြောတာနဲ့ အတူတူပါဘဲလို့ ပြောသွားခဲ့ပါတယ် တဲ့။ ဒါကြောင့် သီချင်းဆိုတဲ့ သရုပ်ဆောင်တဲ့ သဘင်သည်စာရင်းဝင် မာအေးကို “မှတ်လဲထား၊ ဆက်လဲပွား၊ စကါးဆင်ခြင်၊ တော်ဝင်ကျင့်ကြံ၊ မှန်လိုနေ” လို့ ဆုံးမခဲ့ပါတယ်ရှင်၊ မာအေးကြည့်ဖြစ်တိုင်း ကြိုက်တဲ့ ဗိုလ်အောင်ဒင်သရုပ်ဆောင်မင်းသားကြီး ခင်မောင်ရင်ကလဲ ကြားဖူးတယ်လို့ ဆိုသွားတာလေး - နားထောင်ပေးပါလား သောတရှင်။

*(အယူတော်မင်္ဂလာ - ခင်မောင်ရင်) အမရပူရ ပြည်မသခင် ဘုရင်မင်းတရား ဘိုးတော်ဘုရားရဲ့ ရွှေလက်ထက်တော်အခါမှာသာ (အယူတော်မင်္ဂလာ)၃ xxx ပညာသဘောနဲ့ပြောဆိုခဲ့တာ၊ သူမရှိတဲ့နောင်သောအခါမှာ၊ ခလေး - သဘင်သည် - သူရူးတို့သုံးဦးစကါးကို နာယူမှတ်သားပါ၊ အတိတ်ကေါက်တတ်ရင် မမှားဘူးလို့ ကျနော် ကြားဖူးပါတယ်ခင်ဗျာ xxx

မင်းသားကြီး ခင်မောင်ရင်လိုဘဲ၊ တော်လှန်ရေးကါလမှာ သခင်ဘွဲ့ခံပြီး သီဆို တီးခတ်ခဲ့တဲ့ ဂီတဦးစိမ်းမောင်ရဲ့ ဒေါင်းအလံနဲ့ ပတ်သက်ရာ တေးတပုဒ်မှာလဲ ခလေးရယ်၊ သဘင်သည်ရယ်၊ ရူးတဲ့သူရယ် စကါး မှတ်သား ကေါက်ယူဘို့ ဆိုထားတါတွေပါတယ်ရှင်။ ချစ်ဆွေတို့ နားထောင်ရတာ အေးသွားမလား လို့ နောင် ကြုံမှထဲ ထားခဲ့ပါဦးမယ်၊ ဒီနေ့ မင်္ဂလာရှိတာသာ အကြောင်းသင့်စေချင်တာ ဆိုတော့ မင်္ဂလာစကါး၊ မင်္ဂလာသတင်း၊ မင်္ဂလာအရေးတွေ မှန်းတွေးတာပေါ့ရှင်။

အင်း … ဧရာဝတီအရေးကလဲ အေးခဲ့ပြီတဲ့ရှင့်၊ ကိုယ်မောင်ကိုယ်ဖွား သွေးချင်းအစုအဖွဲ့များနဲ့လဲဘဲ၊ နွားကွဲကျားကိုက် မဖြစ်ထိုက်တော့ဘူးလို့ စိတ်ကူးရသယောင်၊ လင်းရောင်တန်းတွေ၊ ဂီတမာလာ ငုံလွှာပန်းတွေ 'စုလေး' ခေါင်းမှာ ဝေတဲ့ အခြေအနေတွေလဲ မြင်နေရပါလား - ကိုယ် အားလုံးအတွက် ဘာများ မင်္ဂလာအမြင်နဲ့ ၀င်ပေးနိုင်မလဲ - ဝေးနေဆဲ ဆိုတော့ မိဘတို့ ပေးခဲ့တဲ့အမွေ ကိုယ့်အသံကိုဘဲစေ၊ ဖြစ်လာတော့တာဘဲအဆွေတို့ရာ။ အကေါင်းဆုံး မဟုတ်ပေမယ့်၊ အကေါင်းဆုံး ဖြစ်နိုင်သလေါက် ကျိုးစားတဲ့ စေတနာအရ - ဖြစ်လာတဲ့ သီချင်းကလေးပါ၊ “ငြိမ်းချမ်းမြေမှာ ပျော်ပါစေ” လို့ နာမည်ပေးထားပါတယ်၊ ဖို့ဝိန်းခေါ်တဲ့ အမေရိကန်ရွာကလေးက ဂီတချစ်သူများရဲ့ ဂစ်တာအုပ်စုလေးက တီးခတ်ပေးခဲ့ပါတယ်ရှင်။ သက္ကရာဇ် ၂၀၁၂ ခုနှစ်အတွက် သီချင်းလက်ဆောင် နားထောင်လိုက်ပါဦး။

(ကချင်၊ ကယား၊ ကရင်၊ ချင်း - နဲ့ ဗမာ မွန် ရခိုင် ရှမ်းတွေ … တမိုးအောက်မှာနေ၊ အညှိုးဖျောက်ကါမသွေ၊ မောင်နှမတတွေ သွားကြစို့ဟေ၊ ငြိမ်းချမ်းတဲ့မြေ – လာလေ) ၂ xxx
(တောင်ပေါ်နေနေ၊ မြေပြန့်နေနေ
တပြည်ထဲဖွားတဲ့ နောင်ရင်းဆွေ
တညီထဲအားနဲ့ ဆောင်ကျဉ်းလေ
အတည်မြဲသွားမယ့် အောင်ခြင်းတွေ) ၂ xxx
မြင်ပါတယ် အဝေးကဆွေ
အစဉ်လာမပျယ် - ရှေးသမယအခြေ
ရွှင်စရာကွယ် တေးမျှဝေ
ပျော်စေ အောင်ပါစေ xxx


ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

Comments