Kyaw Thu - FFSS Yangon Activity

တုနှိုင်း၍မရသော ပီတိတစ်စုံတရာ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၃၊ ၂၀၁၂


၂၀၁၂ ခုနှစ်၊ ဧပြီလ (၂) ရက် (တနင်္လာ)နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ လာအိုနိုင်ငံ (ဗုဒ္ဓဘာသာလူမှုရေးအဖွဲ့များကို လေ့လာသော လာအိုဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအဖွဲ့) မှ (နေ့လည် ၁၂း၀၀) နာရီအချိန်တွင် လာရောက်လေ့လာခဲ့ကြပါသည်။

















နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ အများပြည်သူတို့အပေါ် ကူညီဖေးမမှု ပြုလုပ် ခဲ့သော လုပ်ဆောင်ချက်များကို လိုက်လံ၍ အသင်းကြီး၏လှုပ်ရှားလုပ်ဆောင်မှုပုံရိပ်များအား ရှင်းလင်းပြသခဲ့ကာ နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင်သင်ကြားနေသော သင်တန်းများ၊ စာရင်းကိုင် (LCCI) သင်တန်းခန်းမတွင်သင်ကြားမှုများကို လိုက်လံပြသခြင်း၊ သုခအလင်း စာကြည့်တိုက်ကို လိုက်လံကြည့်ရှုလေ့လာခြင်း၊ နာရေးကူညီမှုယာဉ်များအား လိုက်လံလေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ ထို့နောက် သုခအလင်းစာကြည့်တိုက်ရှိ စာအုပ်စာပေများကို လိုက်လံကြည့်ရှုလေ့လာခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အစည်းအဝေးခန်းမတွင် အပူဇော်ခံထားရှိသော ဗုဒ္ဓဆင်းတုတော်များ နှင့်သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓစွယ်တော်ပွားတစ်ဆူအား ဖူးမျှော်ကန်တော့ခဲ့ကြပြီး အကျွတ်အလွတ် စေတီတည်ထားကိုးကွယ်ရန်အတွက် အလှူငွေများလှူဒါန်းခဲ့ကာ ဥက္ကဌဦးကျော်သူအား ဗုဒ္ဓစာပေစာအုပ်များကို ဓမ္မဒါနအဖြစ် ပေးအပ်သွား ခဲ့သည်။ ထို့ပြင် နာရေးကူညီမှုလုပ်ငန်းတွင်အသုံးပြုသော အထောက်အကူပစ္စည်းများအား လိုက်လံကြည့်ရှုခြင်းနှင့် သုခကုသိုလ်ဖြစ် ဆေး ခန်းတွင် ဆေးဝါးကုသမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌဦးကျော်သူ၊ ဒုဥက္ကဋ္ဌ-ဒေါ် သန်းမြင့်အောင်နှင့် အသင်းသား/သူများအား လာအိုဘုန်းတော်ကြီးများမှ မိမိတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လုပ်ဆောင်ချက် များ ကောင်းသတင်းများကိုကြားသိရ၍ မိမိတို့လာရောက်လေ့လာမှုပြုလုပ်လိုသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုမှမိမိတို့၏ဆန္ဒများ ပြည့်ဝ ခဲ့ပြီးဖြစ်ကြောင်း ၀မ်းသာအာရပြောဆိုနှုတ်ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယင်းကဲ့သို့ လာအိုဘုန်းတော်ကြီးများ၏ လေ့လာရေးခရီးစဉ်သည် မြတ်ဗုဒ္ဓ၏ ဗြဟ္မာစိုရ်တရားလေးပါး လက်ကိုင်ပြုကျင့်သုံးနေသော မြတ် စွာဘုရားနှစ်သက်သောလုပ်ငန်းရပ်များကို မြတ်ဗုဒ္ဓ၏သားတော်များမှ လာရောက်ချီးမြှင့်အားပေးခြင်းကိုခံခဲ့ရကာ ကျွန်တော်တို့၏ စိတ်ဝယ် တုနှိုင်း၍မရသော ပီတိတစ်စုံတရာကို ခံစားမိပါတော့သည်။

Comments