Kyaw Thu - FFSS Yangon Activity,

အနာဂတ်အတွက် ပရဟိတဆေးပညာရှင်များ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၃၀၊ ၂၀၁၂

“ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်အံ့” ဟူသည့်ဆောင်ပုဒ်အား ပညာရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထား သည်နှင့်အညီ ပညာရေးကဏ္ဍသည် အရေးပါသော အဓိကကျသောကဏ္ဍတစ်ရပ်ဖြစ်သည်။ အောင်မြင်တိုးတက်ပြီး ဖွံ့ဖြိုးသည့်နိုင်ငံဖြစ်ဖို့ ပညာရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျှက်ရှိပေသည်။ ထို့အပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှလည်း လွှတ်တော်အစည်းအဝေးတွင် ပြည်သူ/သားအားလုံးတို့အား “သေနတ်အစား တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ကြပါစေ” ဟူ၍ ပညာရေးကဏ္ဍအား ပညာရေးအသုံးစာရိတ်များတိုးမြင့်မည်ဟု တရားဝင်ပြောကြားခဲ့သည်။





ပညာသင်ကြားမှု အခန်းကဏ္ဍများတွင် ဆေးပညာရပ်သည် အရေးပါသောအခန်းကဏ္ဍတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆို နိုင်ငံတော် သစ်ထူထောင်ရာတွင် အများပြည်သူတို့၏ လူ့စွမ်းအားအရင်းအမြစ်အား တိုးမြှင့်နိုင်ရန်အတွက် လူသားတို့သည် ကျန်းမာသန်စွမ်းဖို့ အဓိက ဖြစ်သည်။ ကျန်းမာသန်စွမ်းပါမှ မိမိတတ်မြောက်ထားသော အင်ဂျင်နီယာပညာရပ်၊ ဗိသုကာပညာရပ်၊ စက်မှုလက်မှုပညာရပ် စသည့် ထူးချွန်ထက်မြက်သော ပညာရပ်များအား အသုံးချပေးဆပ်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးသည် လာဘ်တစ်ပါးဟူသော စ ကားရပ်လည်းရှိခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နိုင်ငံတော်သစ်ထူထောင်ရာတွင် အဓိကလိုအပ်မှုတစ်ခုဖြစ် သော ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍနှစ်ခုအား မြင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ပထမဦးစွာ ဆေးပညာရပ်အား သင်ကြားနေသော ဆရာဝန်လောင်းများအတွက် ပထမဦးဆုံး အစီအစဉ်တစ်ခုပြုလုပ်ခဲ့သည်။ ယင်းအစီအစဉ်မှာ ဆေးပညာရေးထူးချွန်ဆု (Medical Student Scholarships) ပေးမည့်အစီအစဉ်ပင် ဖြစ်သည်။ ယင်းကဲ့သို့ ဆေးပညာ ရေးထူးချွန်ဆု (Medical Student Scholarships) အား တက္ကသိုလ် ဝင်တန်းအား ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်သို့ တက်ရောက်ချိန်တွင်လည်း ကိုယ့်ဒူးကိုယ်ချွန်ဖြင့် ပညာရေး အား အပတ်တကုတ်ကြိုးစားလျှက် မိဘဆွေမျိုးများအား တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးနေကြသော ဆေးတက္ကသိုလ်ကျောင်းသား/သူများ အား နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်တန်း အောင်မြင်နေသ၍ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဆေးပညာရေးထူးချွန်ဆုကို ဘွဲ့ရသည်အထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်သည်။

ထိုသို့ ဆေးပညာရေး ထူးချွန်ဆုကို ယခု ၂၀၁၂ ခုနှစ် ပထမအကြိမ် ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရန်ကုန်ဆေးတက္ကသိုလ် (၂)၊ မကွေးဆေးတက္က သိုလ်များသို့ တက်ရောက်နေကြသော ကျောင်းသား/သူ (၁၁) ဦးတို့အား ချီးမြှင့်ပေးခဲ့သည်။ ရန်ကုန်ဆေးတက္ကသိုလ် (၂) တွင် ဆေးပညာ သင်ကြားနေသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေ တစ်သိန်းခွဲနှင့် မကွေးဆေးတက္ကသိုလ်တွင် ဆေးပညာသင်ကြားနေသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေ နှစ်သိန်းကျပ်တို့အား ပထမနှစ်ဝက်အတွက် ပညာသင်ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ပေးအပ်ဂုဏ်ပြုခဲ့ သည်။

ထပ်မံ၍လည်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘ/က)၊ ပရဟိတစာသင်ကျောင်းများတွင် ပညာသင်ကြားပေးနေသော ဆရာ/မများအတွက်လည်း ဂုဏ်ပြုလစာငွေများအား ချီးမြှင့်ပေးရန် ဆောင်ရွက်နေပြီဖြစ်သည်။ ဘ/ကကျောင်းများနှင့် ပရဟိတစာသင်ကျောင်းများ တွင် ပညာသင်ကြားပေး လျှက်ရှိသော ဆရာ/မများသည် ပရဟိတပညာရေးကျောင်းများမှ ချီးမြှင့်ပေးသော ပညာဒါနအလှူငွေ (လစာ)များသည်လည်း မိမိတို့ဘဝရပ်တည်ရေးအတွက် နည်းပါးနေခြင်းတို့ကြောင့် ပြင်ပအချိန်များတွင် ကျူရှင်များ၊ ဝိုင်းများသင်ကြားမှုဖြင့် ရပ် တည်မှုကို ရှာဖွေနေရသည့်အတွက် ဘ/ကကျောင်းများ၊ ပရဟိတ စာသင်ကျောင်းများတွင် ကလေးသူငယ်များအား ပညာသင်ကြားရာတွင် နောက်ဆံတင်းခြင်း၊ ပညာရေး အား ပြည့်ဝစွာမသင်ကြားပေးနိုင်ခြင်းတို့ဖြစ်ပေါ်နေသောကြောင့် ယခုကဲ့သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နောင်တိုင်းပြည်၏ အနာဂတ်လူငယ်များအတွက် အဓိကကျသော ပညာရေးကဏ္ဍအား မြှင့်တင်ပေးလိုသောဆန္ဒဖြင့်လည်းကောင်း၊ ပညာသင်ကြားနေ သော ဆရာ/မများအတွက်လည်း ပညာသင်ဂုဏ်ပြု ငွေများချီးမြှင့်ပေးလိုခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်အရပ်ရပ်ရှိ ပညာဒါန ပရဟိတကျောင်းများမှ ပညာသင်ကြားပေးနေသော ဆရာ/မများအား စိစစ်၍ ဂုဏ်ပြုငွေများ ချီးမြှင့်သွားမည်ဖြစ်ပါသည်။





ထိုသို့ ဆေးပညာရေးထူးချွန်ဆု (Medical Student Scholarships) ရရှိကြသည့် ဆေးကျောင်းသူ/ သားများအား နာရေးကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် ချုပ်ချယ်ကန့်သတ်မှုများမပြုလုပ်ပဲ မိမိတို့တတ်မြောက်လာကြမည့် ဆေးပညာဒေါက်တာဘွဲ့များဖြင့် ပရဟိတစိတ်ဓါတ် အခြေခံပြီး မိဘပြည်သူအပေါင်းတို့အား အလုပ်အကျွေးပြုကြပါရန်နှင့် မိမိတို့တာဝန်ကျရာ နေရာဒေသများတွင်လည်း အများပြည်သူတို့၏ ကျန်းမာရေးအတွက် အစွမ်းကုန်ကုသပေးနိုင်ရန် တိုက်တွန်းနှိုးဆော်မှုကို ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် အာမခံချက်ရှိသည့် ပညာရေးကဏ္ဍတစ်ရပ်ဖြစ်လာရန်အတွက်လည်းကောင်း၊ အများပြည်သူ ကျန်းမာရေးအတွက် အုတ် မြစ်ခိုင်မာသော ဆေးပညာရပ်အား တည်ဆောက်နိုင်ရေး၊ ပရဟိတစိတ်ဓါတ်ရှိသော ဆေးပညာရှင်များပေါ်ပေါက်လာရေးတို့အတွက် ကျွန် တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် အတူ ပြည်တွင်း/ပ အလှူရှင်များအားလုံးမှ ဝိုင်းဝန်းကြိုးစားပံ့ပိုးပေးသွားကြမည် ဖြစ်တော့ သည်။

Comments