Photo News

အော်ရီဂွန်ပြည်နယ်က အတာသင်္ကြန်ပွဲ
မိုးမခမိတ်ဆွေ (အောရီဂွန်)
ဧပြီ ၃၀၊ ၂၀၁၂

အော်ရီဂွန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများရဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၂၈) ရက်နေ့မှာ ပေါ့လန်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ နှစ်သစ်ကူးသင်္ကြန်အတာပွဲတော်တွင် သက်ကြီးရွယ်အိုများအား စုပေါင်းကန်တော့ကြခြင်း၊ တေးဂီတအက အလှ၊ ရိုးရာသံချပ်စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။










ပေါ့လန်းမြို့မြန်မာမိသားစုများရဲ့ ရိုးရာသင်္ကြန်ပွဲတော်ကို နံနက် (၁၁) နာရီတွင် သက်ကြီးပူဇော်ပွဲဖြင့်စတင်ကျင်းပခဲ့ကြပြီး တက်ရောက်လာ သည့် ဘိုးဘွားများမှ ပြည်လည်ကျေးဇူးတင်မေတ္တာပို့သခဲ့ကြပါတယ်။ ပေါ့လန်းမြို့ မျိုးဆက်သစ်လူငယ်များမှ ရိုးရာနှင့် ခေတ်ပေါ်အက တေးသီချင်းများဖြင့်ပျော်ရွှင်စွာဧည့်ခံခဲ့ကြပါပြီး ပေါ့လန်းမယ်၊ ပေါ့လန်းမောင် သံချပ်အဖွဲ့များနှင့်အတူ စီရယ်တဲလ်မြို့မှ မြန်မာ့ဒီမိုကရေစီအင်း အားစုများမှလည်း မြန်မာ့ခေတ်စံနစ်ကိုထင်ဟတ်စေသော ရိုးရာသံချပ်များဖြင့် အစည်အလာမပျက်တင်ဆက်ခဲ့ကြပါတယ်။ ကရင်တိုင်း ရင်းသားများမှလည်း ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်သွားခဲ့ကြပါတယ်။ တက်ရောက်လာသူပြည်ထောင်စုမြန်မာနိုင်ငံသားများနှင့် အမေရိ ကန်မိတ်ဆွေများအား မြန်မာ့ရိုးရာအစားသောက်စုံလင်စွာဖြင့် တည်ခင်းဧည့်ခံခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်သို့ လူဦးရေ (၅၀၀) ခန့်တက်ရောက်အားပေးခဲ့ကြပြီး ပြည်သူ့ဂုဏ်အသင်း အော်ရီဂွန်ဌာနခွဲမှ မိတ်ဆွေများမှလည်း မြန်မာ့ရိုးရာအစားအသောက်များဖြင့်တည်ခင်းဧည့်ခံခြင်း၊ ရံပုံငွေပန်းကုန်းများရောင်းချခြင်းနှင့် အော်ရီဂွန်မြန်မာမျိုးဆက်သစ်လူငယ်များရဲ့ ရံပုံ ငွေတီရှပ်များကို တက်ရောက်လာသူများမှ အားပေးဝယ်ယူခဲ့ကြပါတယ်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ညနေ (၆) နာရီအထိ စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းသိရှိရပါတယ်။

Comments