Letter to MoeMaKa

လေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းကို ရပ်တန့်ပေးပါ (ပေးစာ)
တက်တိုးမောင် (မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်)
မေ ၃၁၊ ၂၀၁၂


သို့/
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်

လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန့်ပေးပါရန် မေတ္တာရပ်ခံတောင်းခံခြင်း

ကျွန်တော်တို့ရခိုင်ပြည်၌မြစ်ကြီးလေးသွယ်ရှိတဲ့အထဲမှ အဉ္စနနဒီ (ခ) လေးမြို့မြစ်အားပိတ်ဆို့ပြီး ရေအားလျှပ်စစ်စံမံကိန်းပြုလုပ်နေပါ သည်။ ကျွန်တော်တို.သည် ၎င်းလေးမြို့မြစ်ရေဖြင်.သုံးစွဲချက်ပြုတ်ကြရပြီး၊ ၎င်းမြစ်ပတ်ဝန်းကျင်တွင်လည်း လယ်မြေ၊ ယာမြေ၊ ကိုင်းအစရှိ သည်တို့ကိုပြုလုပ်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါးအတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။ အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့မြစ်ရေအားလျှပ်စစ်စီမံကိန်းကို မြစ်၏အထက်ပိုင်းတွင်စက်ကြီးများဖြင့်တူးဆွခြင်း၊ အလုပ်လုပ်ခြင်းများကြောင့် မြစ်ရေများ ညစ် ညမ်းခြင်း၊ သုံးစွဲမရခြင်း၊ မြစ်ထဲမှာရှိတဲ့ငါးများ မြစ်ရေညစ်ညမ်းမှုဖြင့် အလိုအလျောက်သေခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ၎င်းအပြင် မြစ်ကမ်းနဘေးမှရွာများမှာလည်း ၎င်းလေးမြို့မြစ်ရကိုသုံးစွဲမိကြသဖြင့် ကျန်းမာရေးများလည်း ထိခိုက်လျက်ရှိနေကြပါတယ်။ ၎င်းအပြင် ထိုလေးမြို့မြစ်၏ ဘေးဘယ်ညာ တစ်ဘက်တစ်ချက်တွင်လည်း ၎င်းလေးမြို့မြစ်ကရေကို အမှီသဟဲပြု၍ လယ်မြေ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလဲ နောင်တစ်ချိန်တွင် စိုက်ပျိုးစားသောက်၍ရရှိမည့်နည်းလမ်းများလည်း အလွန်နည်းနေလျှက်ရှိနေပါတယ်။ ၎င်းမြစ်ရေကို အမှီပြု၍ လုပ်ကိုင်စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။



အကယ်၍ ဒီလေးမြို့မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ့လျှင်လည်း ကျွန်တော်တို့ရခိုင်ပြည်ရှိ လေးမြို့မြစ်ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စား သောက်လျှက်ရှိကြသော ပြည်သူများမှာလည်း အလုပ်လက်မဲ့ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ့ရင်ဆိုင်ရမည့်အရေးနဲ့ကြုံကြိုက်နေရပါသောကြောင့် သနားညှာတာထောက်ထားစွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖေါ်နေမှုအား ရပ်တန့်ပေးပါရန် ရိုသေလေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန်အား မေတ္တာရပ်ခံတောင်းဆိုသမှုပြုလိုက်ရခြင်းဖြစ်ပါသည်။ ကျေးဇူးတင်ပါ တယ်။

Comments