Oakland Dhamma Aye Yake finishes CHildren Summer Class




ဥက္ကလံ၊ ဓမ္မဧရိပ်ကျောင်း ဒုတိယအကြိမ်မြောက် ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း ဆင်းပွဲ ကျင်းပ
ကျော်နိုင်၊ ဥက္ကလံ၊ ဇူလိုင် ၃၀၊ ၂၀၁၂
ရက်သတ္တပတ်ကြာ ကျင်းပတဲ့ ဥက္ကလံမြို့၊ ဓမ္မဧရိပ် မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၊ ကလေးများအတွက် နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယမန်နေ့က ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပရာ ကလေးလူငယ် ဦးရေ ၂၀ ခန့်က ကျောင်းထိုင်ဆရာတော်ဦးအရိယာစာရရဲ့ စာမေးပွဲကို ဖြေကြားကြပါတယ်။


 ပြီးနောက် သင်အံထားတဲ့ ဗုဒ္ဓဂုဏ်တော်များ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ခြင်း၊ မိဘဆရာများအား ကန်တော့ခြင်းနှင့် သင်တန်းအောင်ပွဲ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်ကို တွေ့ရပါတယ်။




Comments