Lay Nu Aye - Sound of Violins in Rangoon


ဒေါ်စုနဲ့ တယောသမားများသို့
လေနုအေး၊ ဒီဇင်ဘာ ၂၉ ၊ ၂၀၁၂

မြန်မာပြည်ရှိသမျှ အဆိုတော်တွေ အသံဝင်အောင်အော်
ခရိုနီတချို့ပါ အလံဝင်အောင် လှော်ပါမှ
တညလုံး သိန်းတထောင့်ခုနှစ်ရာ
ပညာရေးရံပုံငွေရတယ်။

ကချင်မှာ …

တမနက်ထဲဝဲတဲ့ ဂျက်တိုက်လေယဉ်တစီးရဲ့ဆီဖိုးက အဲလောက်မကပဲလား။
အဲဒီပိုက်ဆံက …
အဲဒီလေယဉ်ပေါ်က ကျဲချလိုက်တဲ့ဒုံကျည်တလုံးဖိုးမှ ရှိရဲ့လား။

မနားတမ်းပစ်နေတဲ့ လက်နက်ကြီးကျည် ငါးလုံးဖိုးမှ ရှိရဲ့လား။

သေသွားတဲ့အသက်တချောင်းရဲ့တန်ဖိုးနဲ့ဆိုရင်ရော ဘယ်လိုလဲ။

ခင်ဗျားတို့စင်ပေါ်မှာ
သီချင်းတွေအော်နေမဲ့အစား …
စစ်ပွဲရပ်ကြပါလို့များ မအော်ချင်ဖူးလား။

ပညာရှိမှ တိုးတက်မယ်ရဲ့အစား …
မငြိမ်းချမ်းရင် ပညာသင်လို့မရဘူးလို့ ပြောကြပါလား။

ကချင်ပြည်ကြီးမီးဟုန်းဟုန်းလောင်နေပါတယ်။
ရန်ကုန်မှာ တယောထိုးတဲ့သူတွေပေါလှတယ်။

(photo - undated, facebook, kachin refugee with a kid preparing for move)


Comments