Kyaw Thu - FFSS Yangon Activity,

သင်္ကြန်အကျနေ့ “ပေးဆပ်သူများ” သံချပ်လှုပ်ရှားမှု
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၅၊ ၂၀၁၃


သင်္ကြန်အကြိုနေ့တွင် ဖိတ်ကြားထားရှိသည့် “သုဝဏ္ဏ (၂၅) ရပ်ကွက်၊ သက်ကြီးပူဇော်ပွဲနှင့် မဟာ သင်္ကြန်ဆုပေးမဏ္ဍပ်” သို့၎င်း၊ “ကျောက်မြောင်းဈေးမိသားစု” သို့၎င်း၊ ဇဝန၊ သင်္ဃန်းကျွန်းမြို့နယ်သို့၎င်း၊ လေးထောင့်ကန်လမ်းနှင့် ဘုရားလမ်းထောင့်သို့၎င်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီ (ရန်ကုန်)မှ စီစဉ်ကျင်းပသည့် “(၁ဝ) ကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်” သို့၎င်း၊ ဝရုဏာလမ်း၊ (၁၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်သို့၎င်း၊ သီရိဇေယျာလမ်း၊ (၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့၎င်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ (၅) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့၎င်း အစရှိသည့် မြို့နယ်၊ ရပ်ကွက် အသီးသီးများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ပေးဆပ်သူများ” ပြည်သူ့အကျိုးပြု သံချပ်အဖွဲ့မှ သွားရောက်၍ အင်တိုက်အားတိုက် ဖျော်ဖြေတင်ဆက်ခဲ့တော့သည်။

မဟာသင်္ကြန် အချိန်ကာလများတွင် အများပြည်သူတို့မှ စိတ်ဝင်စား၍ လူကြီးမင်းတို့၏ မဏ္ဍပ်များ၌ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်လိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ -

ပြန်ကြားရေးဋ္ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်) - ဝ၉ - ၈၆၄ ဝ၂၂ဝ
ဦးဋ္ဌေးလွင်      - ဝ၉ - ၇၃ဝ ၁၅ ၂၆၅
ဦးမြတ်ဆွေ      - ဝ၉ - ၄၃ ၂ဝဝ ၈ဝ၉
ဦးထွန်းထွန်းဝင်း     - ဝ၉ - ၄၂ဝ ဝဝဝ ၅၇၉
ဦးကျော်ဟိန်း      - ဝ၉ - ၇၃၁ ၆ဝ ၆၆ဝ သို့ တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။ 





 

 
 

 
 
 

Comments