ဝတ်မှုန် (စင်ကာပူ) - စင်ကာပူတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မြန်မာများဝယ်ယူရေး (အပိုင်း ၁)

စင်ကာပူတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများ၊ မြန်မာများဝယ်ယူရေး (အပိုင်း ၁)
ဝတ်မှုန် (စင်ကာပူ)
အောက်တိုဘာ ၃၀၊ ၂၀၁၃


အိမ်ခြံမြေဈေးတွေ မတရားကြီးနေတဲ့မြန်မာပြည်ငွေရှင်ကြီးများရဲ့ ပိုင်ဆိုင်မှုကို နိုင်ငံတော်ကတခုခုလုပ်ဖို့ တိုင်းပြည်အတွက်လို အပ်နေကြောင်း မြန်မာပြည်ဥပဒေပညာရှင်များက ကြေငြာချက်ထုတ်ပြန်ပါတယ်။ မြန်မာပြည်မှာဘယ်လောက် လူချမ်းသာများပေါများသလဲ ဆိုတာ ဆန်းစစ်ကြည့်ရင် အလွန်နည်းပါးလှကြောင်းတွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အခွန်ရှောင်နိုင်သူ ခရိုနီများကို အစိုးရအရာရှိကြီးများက ဆွေမျိုးပင်တော်စပ်လိုက်သောအခါ တိုင်းပြည်နှစ်ခါနာရပြန်လေသည်။

ယခုဆောင်းပါးမှာ မြန်မာပြည်တွင်ငွေပိုလျှံနေသူများအတွက် ကိုယ့်နိုင်ငံသားများကို ညှစ်ပြီး၊ အမြတ်ထုတ်သည့်စီးပွားရေးများကထွက်ပြီး ကမ္ဘာအဆင့်သို့ထွက်ပြီး မြန်မာ့ကုန်ပစ္စည်း၊ သယံဇာတများ၊ လူသားအရင်းအမြစ်များကို ယှဉ်ပြိုင်စေလိုသည့်အနေဖြင့် တိုက်တွန်းအားပေးခြင်းဖြစ်သည်။

● စင်ကာပူ လူနေအိမ် (HDB Flat) နှင့်ကွန်ဒို၊ ကိုယ်ပိုင်အိမ်ယာ
ထိုအိမ်၊ခြံမြေများပိုင်ဆိုင်ခြင်းအတွက် စင်ကာပူနိုင်ငံသား Citizen & PR များအတွက် တန်ဖိုး၏၂၀%ကို အစိုးရမစုမနေရ CPF Saving Bank မှထုတ်ချေးသဖြင့် စင်ကာပူ Citizen & PR များမှ အနည်းဆုံး အစိုးရအိမ် HDB flat ပိုင်ဆိုင်ပါသည်။ ဥပမာ ဆင်းဒေါ်လာ ၃သိန်းတန် တိုက်ခန်းတခုကို ဆင်းဒေါ်လာ၆သောင်း ၂၀% စုဆောင်းငွေရှိလျှင် ဝယ်နိုင်သည်။ အားလုံးမှာ ရတာအကုန်သုံးသည့် အလုပ်သမားလူတန်းစားဖြစ်သောကြောင့် မစုဆောင်းမိကြပါ။ မစုမနေရ CPF Saving , ordinal a/c  တွင် စင်ကာပူတွင် ၅နှစ်ခန့်အလုပ်လုပ်ပြီးသူ Citizen, PR စုံတွဲ၂ယောက်ပေါင်း ဆင်းဒေါ်လာ ၆သောင်း အလွယ်တကူစုမိမည်ဖြစ်သည်။ ထို့ကြောင့် လက်ထဲတွင် ငွေမစုမိသော်လည်း CPF saving အားကိုးဖြင့် စင်ကာပူနေထိုင်သူ Citizen, PR များမှ အလွယ်တကူ အိမ်ပိုင်ဆိုင်သည်။ အိမ်ငှားခမှာ တစ်လ ဒေါ်လာ ၂၂၀၀ခန့် ပေးရသည်။ အိမ်ဝယ်ပြီး ၈၀% ချေးငွေကို အရစ်ကျ နှစ်၃၀ပေးပါက တလကို ဒေါ်လာ ၁၃၀၀ခန့်ပဲ ပေးရသည်။ ထို့ကြောင့် အိမ်လဲပိုင်သည်။ လစဉ်ပေးရငွေလည်းနည်းသည်။ 

● ၂၀% စုဆောင်းငွေမရှိသူများ
အချို့ စင်ကာပူရှိ Citizen, PR များသည် CPF စုဆောင်းငွေ ဆင်းဒေါ်လာ၆သောင်းပင် မရှိကြပါ။  ရရစားစား ရတာအကုန်စားသောက်၊ ဖုန်းပြော၊ ရှောက်လည်ပစ်လိုက်သောကြောင့် လက်ထဲတွင်လဲ ဒေါ်လာတထောင်ပင်မရှိ။ စိတ်ပူစရာမရှိပါ။ ဥပမာ..
ကိုလှနှင့်မမြ ၂ယောက်ပေါင်း လစာ ဆင်းဒေါ်လာ၃၀၀၀ သာရှိသည်။ ၂၀% ဒေါ်လာ၆သောင်းမရှိပါ။ ၂ယောက်ပေါင်းလစာ တလဒေါ်လာ ၃၀၀၀ရှိသည်ဟုသော ကုမ္ပဏီမှာ ထောက်ခံစာ (သို့မဟုတ်) CPF monthly saving record ကိုပြလျှင့် စင်ကာပူရှိ ဘဏ်ပေါင်း ၃၀၀ခန့်မှ တစ်ခုကို ဒေါ်လာ၅၀၀၀ခန့် ချေးပေးသည်။ အိမ်ဝယ်ဖို့ဆိုမှ ဘဏ်များကချေးပေးမည်ဖြစ်သည်။ ကားဝယ်ဖို့ဆိုလျှင် ချေးမည်မဟုတ်ပါ။ အိမ်၊မြေ၊ခြံသည် အရှုံးမရှိ၊ အမြတ်သာရှိသောကြောင့် ချေးမည့်ဘဏ်များပေါပါသည်။ ဘဏ် ၆ခုလောက်မှ ချေးငွေ ၆သောင်းခန့်ရနိုင်သည်။ ဒေါ်လာ၆သောင်းမပြည့်လျှင်လည်း နောက်ထပ် ဘဏ်၂ခုလောက် ထပ်တိုးပြီး ချေးလိုက်ရုံဖြစ်သည်။ အဓိကဘဏ်တစ်ခုကတော့ ၈၀% (ဒေါ်လာ ၂သန်း၎သောင်း) ချေးပေးမည်။ တစ်လ ဒေါ်လာ ၉၄၈ခန့်ဖြင့် ဘဏ်တိုး ၂.၅% ၊ အနှစ်၃၀ခန့် ဆပ်ရမည်ဖြစ်သည်။ 

ချေးငွေတွက်ချက်ရန် Loan Calculator App ဒေါင်းလုပ်ပြီး၊ တွက်ကြည့်ပါ။

Amount barrowed $240,000
Annual Interest rate: 2.5%
Number of Year 30
Monthly payment $948
Total Interest $101387
Total Payment $341387


အထက်ပါဇယားကြည့်ပါက ဟာ..ချေးတာ ဒေါ်လာ၂သိန်၎သောင်း၊ အတိုးချည်းပဲ ဒေါ်လာတစ်သိန်းကျော်..ဟု မအော်လိုက်ပါနှင့်။ မြန်မာပြည်ဘဏ်များက စင်ကာပူကဲ့သို ၂.၅% အတိုးမပေးပါ။ ၃၇% အထိအတိုးတောင်းပါသည်။ လက်ဝါကြီးအုပ်၊ ခရိုနီများကြီးစိုးသဖြင့် ပြည်သူလူထုမှ အတိုးနှုန်းများလှသည်။ မြန်မာပြည်က အစိုးရသတ်မှတ်သော ၁၅% အတိုးနှင့်ပင် တွက်ချက်ကြည့်ပါက အတိုပါချေးငွေဒေါ်လာ ၂သိန်၎သောင်းအတွက် အတိုးချည်းပဲ ဒေါ်လာ ၈သိန်း၅သောင်းဖြစ်နေမည်ကို အံ့သြဘွယ် တွက်ချက်အဖြေရမည်ဖြစ်သည်။ 

စင်ကာပူနေပြီး အိမ်ဝယ်ရန် တွန့်နေသူ Citizen, PR များကို တိုက်တွန်းလိုသည်မှာ ငွေတစ်ပြားမှလက်ထဲမရှိပဲ ဘုရားသခင်အားကိုးနှင့် စရံငွေဒေါ်လာ၅၀၀ပေးပြီး၊ ဒေါ်လာ၎သိန်းတန် HDB Flat ကို ဝယ်ပစ်လိုက်သော မမြအကြောင်း အနည်းငယ်ရေးလိုသည်။ ၂၀၁၃ လတ်တလောဖြစ်ပျက်ခဲ့သည်။ အိမ်ဝယ်ခြင်းအဆင့်၃ဆင့်ပြီးရန် ၄လခန့်ကြာသည်။ ပထမအဆင့်တွင် ဒေါ်လာ၅၀၀နှင့်ပြီးသည်။ ယောက်င်္ကျား ကိုလှက လစာငွေ တစ်လဒေါ်လာ၂၀၀၀ (အိုဗာတိုင်ပေါင်းမှ) ရသည်။ CPF ဖြတ်တော့ ဒေါ်လာ၁၃၀၀မျှသာရသည်။ ဇနီးသည် မမြကလည်း လစာ ဒေါ်လာ၂၀၀၀ခန့်ရသည်။ ကလေး၂ယောက်မိသားစု၊ အိမ်ဖေါ်ဆွေမျိုးထဲမှခေါ်စရိတ်ကလည်း ရှိသည်။ Take Home $3000 မှာ စင်ကာပူ ကလေး၂ယောက်မိသားစုအတွက် မလုံလောက်ပါ။ အိမ်ငှားခ ဒေါ်လာ၁၅၀၀ခန့် တစ်ဝက်က အိမ်လခနှင့်ကုန်သွားလေပြီ။ ယခုလည်း ငွေမရှိပဲအိမ်ဝယ်သည်။ ထိုစဉ်က COV အပိုငွေ ဒေါ်လာ ၃သောင်းလည်းပေးရသည်။ စုစုပေါင်း ဒေါ်လာ တသိန်းကျော် လိုသည်။ လက်ထဲမှာ တပြားမှမရှိ၊ ဘုရားသခင်ပဲရှိသည်ဟု ဆိုသည်။ ဘဏ်များစွာကို ခြေတိုအောင်သွားပြီးချေးသည်။ သနားသောမိတ်ဆွေ၊ အလုပ်ထဲမှဘော့စ်များကလည်း ဒေါ်လာ၃၀၀၀၊ ၅၀၀၀ စသဖြင့် ချေးပေးကြသည်။ တလခွဲအကြာ Cash Money ဒေါ်လာတစ်သိန်း၂သောင်းအတွက် ဘဏ်များနှင့်မိတ်ဆွေများထံမှ ရရှိသွားသည်။ ၂၀% အတွက် တစ်လပေးရမည့် တိုး/ရင်းငွေက ဒေါ်လာ၂၄၀၀ခန့်ရှိသည်။ ၅နှစ်၊ အတိုးနှုန်း ၈%ဖြင့် ပေးရမည်။ ၈၀% ဘဏ်ချေးငွေ ၃သိန်း၂သောင်းအတွက် အတိုးနှုးန် ၂.၄%ဖြင့် နှစ်၃၀၊ တစ်လ ဒေါ်လာ ၁၂၄၇ ပေးရမည်။ စုစုပေါင်း အိမ်ဖိုးချည်း အရစ်ကျပေးငွေ ဒေါ်လာ၃၆၀၀ဖြစ်သွားသည်။ ကိစ္စမရှိပါ။ အခန်း၂ခန်းကို ငှားလိုက်သဖြင့် ဒေါ်လာ၂၀၀၀ ပြန်ရသည်။ မိမိပေးရမည့်ငွေက CPF မှပေးရမည်ဖြစ်သောကြောင့် ဒေါ်လာတထောင်ကျော်ဖြစ်သဖြင့် ငွေပိုငွေလျှံလေးများ ရလာတော့သည်။ နောက်၅နှစ်ကျော်သွားလျှင် ၂၀%အတိုးကြီး ချေးငွေများ ကျေသွားမည်။ ရေရှည်စီမံကိန်းဖြစ်ပေသည်။

● အိမ်ဝယ်လိုသူများ HDB flat, Condo တို့ဝယ်ရန် 
လက်ထဲငွေကြေးမရှိသူများ ငွေချေးရန်လိုအပ်ချက်မှာ မိမိမာန်မာနကို လျှော့ချလိုက်ရုံသာဖြစ်သည်။ မြန်မာအများစုမှာ လက်ထဲ ငွေတစ်သိန်းမရှိလျှင် အိမ်မဝယ်ချင်ပါ။ မရှိပဲအစားကြီးနေသော လူ့သဘာဝ ရွှေမြန်မာများဖြစ်သည်။ ထို့ကြောင့် စုဆောင်းငွေမရှိသော်လည်း ရှားရှားပါးပါးသတ္တိရှိစွာ ဝယ်လိုက်သူ ကိုလှ၊ မမြတို့ ကလေး၂ယောက်မိသားစုအကြောင်း အနည်းငယ်ရေးလိုက်ပါသည်။

စင်ကာပူသည် အလွန်စီးပွားကောင်းသော နိုင်ငံဖြစ်သောကြောင့် နိုင်ငံခြားသား၂သန်းကျော် လာရောက်နေထိုင်၊ လုပ်ကိုင်နေကြသည်။ ကျောင်းတက်ကြသည်။ ဆေးလာကုကြသည်။ ဘီးစနက်လည်း အလွန်ကောင်းသည်။ အလုပ်အကိုင်လည်း ပေါသည်။ တရုပ်၊အိန္နိယ၊ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊မလေးရှား၊ ထိုင်း၊ ဗီယက်နမ် စသည့် အိမ်နီးချင်းနိုင်ငံများသာမက ဥရောပ၊ အမေရိက၊ သြစတြေလျား၊ အရှေ့အလယ်ပိုင်းနိုင်ငံမျိုးစုံမှ လာရောက်ခြေချပြီး စီးပွားအကြီးအကျယ်လုပ်ကိုင်နေသော စီးပွားရေးနိုင်ငံ တနည်းအားဖြင့် အာရှတွင် ဟောင်ကောင်၊မကာအိုကို အပြိုင်တက်လာသော ကျွန်းနိုင်ငံလေးဖြစ်သည်။ ဥရောမမှ ဆွဒ်ဇာလန်ကို အားကျသော်လည် စင်ကာပူကျွန်းတွင် ဘာမှသယံဇာတမရှိ။ ထိုကျွန်းလေးပေါ်တွင် ကာစီနိုမှအစ၊ စက်ရုံအလုပ်ရုံ၊ ရှော့ပင်စင်တာများကို တဟုန်ထိုးဆောက်လုပ်နေဆဲ၊ လုပ်ငန်းများလည်ပတ်အမြတ်စွန်းများနေဆဲဖြစ်သည်။ ခေတ်သစ်မြန်မာများသည် အရင်းနှီးရှိမှ စီးပွားလုပ်နိုင်မည်ဟု လွဲမှားစွာ ထင်ယောင်မှားကြသည်။ မဟုတ်ပါ။ လူသားအရင်းအမြစ်သာ အဓိကဖြစ်သည်။ စာရေးသူ စင်ကာပူလာစဉ်က အိပ်တစ်လုံး၊ ကန်ဒေါ်လာ ၁၀၀နှင့် လူသားအရင်းမြစ် သူငယ်ချင်းများထံအားကိုးပြီး အင်ဂျင်နီယာအတတ်ပညာလေး မတောက်တစ်ခေါက်နှင့် မြန်မာပြည်မှထွက်လာခဲ့သည်။ ၁၉၉၀တုန်းက မှတ်မိသေးသည်။ တစ်လ ဒေါ်လာ ၁၂၀၀ဖြင့် တစ်ပတ်အတွင်း အလုပ်ကျ၊ အီးပီ အလုပ်လုပ်ခွင်ရရှိသွားသည်။ ၂၀၀၀ ၁၀နှစ်အကြာ CPF စုဆောင်းငွေဖြင့် ဒေါ်လာ၂သိန်းတန် HDB ကိုဝယ်သည်။ ၂၀၁၀တွင် ထိုအိမ်ကို ရောင်းချရာ ဒေါ်လာ၂သိန်း အမြတ်ရသည်။ အိမရောင်းကုန်ကျငွေများနှုတ်ပြီး ဒေါ်လာ ၁သန်း၅သောင်း လက်ထဲတွင် အမြတ်ရသည်။ နောက်ထပ် စက်ရုံ၊အလုပ်ရုံ၊ ရှော့ပင်စင်တာအခန်းများကို ယယ်ပြီး ငှားစားလို့ရသည်။ 

နောက်ဆောင်းပါးတွင် ငွေအနည်းငယ်ဖြင့် စက်ရုံအလုပ်ရုံများ၊ ရှော့ပင်စင်တာအခန်းများ မည်ကဲ့သို့ဝယ်ယူနေကြောင်း ရေးမည်ဖြစ်သည်။ 

စင်ကာပူ အစိုးရသည် ပိုင်ဆိုင်မှုသည် မြန်မာတစ်နိုင်ငံလုံးထက် ၂ဆမျှ များပြားသည်။ ဂျီဒီပီသည် ၃ဆမျှ သာသည်။ လူဦးရေက ၄သန်း၊ ၂၂၀ဘီလျှံ ဂျီဒီပီ၊ မြန်မာလူဦးရေက ၆၀သန်း ၇၇ ဘီလျှံဂျီဒီပီ။ ..အဲ..အခွန်ကောက်ရငွေကြတော့ စင်ကာပူက ၃၀% ၆၀ဘီလျှံလောက် အခွန်ကောက်နိုင်ပါသည်။ မြန်မာစစ်အစိုးရမှာ ၃% ၂ဘီလျှံသာအခွန်ကောက်နိုင်သည်။ မြန်မာစစ်အစိုးရနှင့် တရုပ်ဘိန်းကုမ္မဏီဟောင်းများ၊ မြန်မာခရိုနီများနှင့်စစ်အာဏာရှင်ဟောင်းများ အိတ်ထောင်ထဲသို့ ငွေများရောက်သွားသည်။ စင်ကာပူသူဌေးများ မည်မျှချမ်းသာသည်ကို မသိကြပါ။ မြန်မာသူဌေးများက ပိုချမ်းသာသလို ရွှေမြန်မာများက ထင်ကြသည်။ စင်ကာပူနိုင်ငံသား တစ်ဦးသည် ဒေါ်လာ၁သန်းခန့် ဥစ္စာ၊အိမ်မြေပိုင်ဆိုင်ပါသည်။ ၁၀ယောက်လျှင် တစ်ယောက်မှ (လူ၎သိန်းကျော်သည်) ဒေါ်လာ၁၀သန်းအထက်ပိုင်ဆိုင်သည်။ သူဌေးနိုင်ငံဖြစ်သည်။ (ဒေါ်လာ၁၀သန်း = ကျပ်ငွေ သိန်းပေါင်း ၁၀၀ x ၇၇၈ = ကျပ်သိန်းပေါင်း ၇၇၈၀၀ (သိန်း၇သောင်း) ချမ်းသာသူပေါင်း လူဦးရေ ၄သိန်းကျော် နေထိုင်သော စင်ကာပူကျွန်းကလေးဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ ထိုသူဌေးကြီးများသည် လူကြားသူကြားတွင် ကုတ်ကုတ်ကလေး သွားလာ၊ အလုပ်ထဲတွင်လည်း အလုပ်သမားများနှင့်အတူ စားသောက်နေကြသည်မှာလည်း အံ့သြစရာတစ်ပါးဖြစ်သည်။ အယ်ဒီတာမှတ်ချက်။  ထိုစင်ကာပူသူဌေးများမှာ မြန်မာပြည်တွင်းက လယ်သမားလောက် စိတ်ချမ်းသာပုံမရပါ။ (မရှိတောင့်တ၊ရှိကြောင့်ကျ)

စာရေးသူဆောင်းပါးများကို အောက်ပါစာတိုလေးဖြင့်သာ အဆုံးသတ်လိုပါသည်။
တိုင်းပြည်ရဲ့ GDP အမျိုးသားထုတ်ကုန်ဆိုသည်မှာ သယံဇာတမဟုတ်ကြောင်း အထူးသဖြင့် အုပ်ချုပ်သူ မတတ်နားမလည်ပဲ၊ရာထူးရနေသူများနှင့် ခရိုနီများကို အထူးသတိပေးချင်သည်။ တိုင်းပြည်တိုးတက်ဖို့ တစ်ဦးချင်းဝင်ငွေတိုးတက်မှ ဂျီဒီပီတိုးတက်လာမည်ကို အားလုံးသိပါသည်။ လက်ရှိအခြေအနေတွင် ဝန်ကြီးဌာန၃၀ခု ဘာတွေလုပ်နေသနည်။ တစ်ဦးချင်းဝင်ငွေ GDP per capital ကိုကြည့်ခြင်းဖြင့် မြန်မာနိုင်ငံအခြေအနေဆိုးဝါးလှကြောင်း သိနိုင်သည်။  ထို့ကြောင့် စစ်အာဏာရှင်များ အရပ်ဝတ်လဲပြီး၊ အရပ်သားအစိုးရဖြစ်လာရကြောင်း၊ စေတနာကောင်းလွန်းသောကြောင့် အရပ်သားအစိုးရဖြစ်လာသည်မဟုတ်ပါ။ 

စင်ကာပူတွင်အိမ်ခြံမြေ၊ စက်ရုံ၊ ရှော့ပင်စင်တာခန်း ဝယ်လိုသူများ အေးဂျင့်ခများစွာ  1% , 2% of sale price ပေးရန်မလိုပါ။ Service Charge , Consultation fee မျှသာပေးပြီး အေးဂျင့်မလိုပဲ မိမိဖာသာဝယ်ယူ၊ ရောင်းချနိုင်ပါသည်။ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဝတ်မှုန် (email: witmone.singapore@gmail.com)