ဇေမှိုင်း - က ကမ်းအလွန်

က ကမ်းအလွန်
ဇေမှိုင်း
ဇန်န၀ါရီ ၃၁၊ ၂၀၁၄


ဘ၀ ဘဝ
ကုန်ကုန်ပြောတာတောင်
ကမ်းမကုန်သေးဘူးလို့ 
အရယ်ခံနေရတဲ့ဘ၀….။

တဘား ပုတ်ပြီး
နှစ်ချောင်းငင်သတ်
ပုဒ်မကြီးနဲ့ ဖြတ်လိုက်တာတောင်
ဟော့ဒီ
ဘ၀ကြီးက
နိဂုံးမသတ်နိုင်သေး....။

ဒီလိုကွဲ့ 
ယာတောအလယ်မှာ
ငါပြောမယ်..ရွှေဘုရင်ရဲ့ ….
(ဆက်ရေးချင်နေမှာ
နင် လင်လိုချင်နေတာ

မတရား…)။