ကိုသန်းလွင် - တရုတ်တို့၏သိပ္ပံ

en.cae.cnThe 16th Congress of the Chinese Academy of Sciences (CAS) and the 11th Congress

ကိုသန်းလွင် - တရုတ်တို့၏သိပ္ပံ
(မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅

(၁)
ကွန်မြူနစ်စံနစ် အစိုးရအုပ်ချုပ်သည့် ကာလတလျောက်လုံး တရုတ်ပြည်၏ သိပ္ပံဆိုင်ရာတိုးတက်ဖွံဖြိုးမှု့ကို တရုတ်သိပ္ပံ အကယ်ဒမီ (CAS: The Chinese Academy of Science) ကတာဝန်ယူခဲ့သည်။ ယခု ထိုအဖွဲ့အစည်းတွင် အပြောင်းအလဲတွေကို စတင် တွေ့မြင်နေရပါပြီ။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကြောင့် ရံပုံငွေ တောင့်တင်းလာသောအစိုးရ က သိပ္ပံဆိုင်ရာ အသုံးစားရိပ်ကို လိုသည်ထက် ပိုလျံစွာချပေးနေသည်၊ 
ထိုရံပုံငွေများကျေးဇူးကြောင့် ၂၀၁၀  မှ ၂၀၁၄ အတွင်းတရုတ်ပြည်၏ သိပံ္ပဆိုင်ရာ တိုးတက်မျှုများကို များစွာ တွေ့လာရသည်၊ အစိုးရက တရုတ် တို့၏ သိပံ္ပပညာသည် ကမ္ဘာ့အဆင့်အတန်းမှီစေရမည်၊ ထိပ်တန်းရောက် ရမည်ဟူသော မူဝါဒ ကိုချပေးပြီးပါပြီ၊

အကောင်းမြင်သူတို့က တရုတ်တို့သည် Neurosciencs နှင့် Particle Physics တို့တွင် ကမ္ဘာကြီး၏ ခေါင်းဆောင်ဖြစ် တော့မည်ပာုဆိုကြသည်၊ တချို့ကလည်း တရုတ်ပြည်လိုနိုင်ငံတွင် စီ၊အေ၊အက်(စ)ကဲ့ သို့သော ဧရာမ ကြီးမားသေည့် အဖွဲ့အစည်းကြီးရှိရန် မလိုပါပာုလည်း ဝေဖန်ကြသည်။

တရုတ်သိပ္ပံ အကယ်ဒမီ ရုံးချုပ်မှာ ပီကင်းတွင်ရှိပြီး ၀န်ထမ်းပေါင်း ၆ သောင်းကျော်ရှိသည်၊ သုတေသန  ဌာနကြီး ၁၀၄ ခုရှိပြီး ဘတ်ဂျက်မှာ တရုပ်ယွန်ငွေ ၄၂ ဘီလီယမ် ချပေးထားသည် (US 6.8 billion)၊ ထိုငွေ၏ တ၀က်မှာ အစိုးရဆီမှလာပြီး  ကျန်တ၀က်မှာ သုတေသနလုပ်ငန်းများ အတွက်အစိုးရက ချပေးသော Grant နှင့် ပြည်ပကုမ္ပဏီ ကြီးများ၏ ထောက်ပံ့မူမှလာသည်၊ ဤငွေတို့ဖြင့် အကယ်ဒမီ၏ ရာဇ၀င်တွင် အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှု များကိုတွေ့မြင်စပြုလာကြသည်။

၂၀၁၃ ခုနှစ်က သမ္မတ စီဂျင်းပင်း မှ တရုတ်တို့၏ သိပံ္ပပညာ တတ်ကျွမ်းနားလည်မှုတွင် ကမ္ဘာထိပ်တန်း နိုင်ငံဖြစ်အောင် ကြိုးစားပါ ဟူသောတိုက်တွန်းချက်ထွက်ပေါ်လာသည်၊ သိပံ္ပသုတေသန လုပ်ငန်းများအတွက် ချပေးလိုက်သောဘတ်ဂျက်မှာ အမေရိကန်မှ လွဲလျင် ကမ္ဘာတွင် အများဆုံးဖြစ်သည်၊ ရင်းနှီးမြုပ်နှံသမျှ ထိုက်တန်အောင် အကျိုးသက်ရောက်မှုများကို မမြင်ရသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်၊ ရံပုံငွေကို သုတေသန လုပ်သူစစ်စစ် တို့၏ လက်ထဲရောက်အောင်ထည့်ပေးရန်မှာ အခက်အခဲ တွေရှိနေသည်၊ သိပ္ပံပညာရှင်များ ကိုယ်တိုင်မှာလည်း ဂရန့် ငွေကို တဦးတည်း ရရန်အတွက် မိမိသုတေသန လုပ်ငန်းများကို အခြားလူတွေနှင့် ပူးပေါင်းလုပ်ရန်ဝန်လေး နေတတ်ကြပါသည်၊ 

၂၀၁၂ ခုနှစ်က တက္ကသိုလ် နှင့် သုတေသန ဌာနကြီး များမှသုတေသန ပရောဂျက်များ မှာ တခုနှင့် တခု ဆင်တူနေသည်ကို တွေ့ကြရသည်၊ အလုပ် ပရောဂျက်မှာ ဆင်တူလုပ်နေကြပြီး တဦးနှင့်တဦး မသိကြရခြင်းမှာ ရံပုံငွေ ဖြုန်းတီးမှု ဖြစ်သလို များစွာသော အခွင့်အလန်းများလည်းဆုံးရှုံးကုန်ကြရသည်၊ ယေဘူယျအားဖြင့် ပညာရှင်ကြီးများမှာ မိမိတို့၏ သုတေသန လုပ်ငန်းများ အကြောင်း ထင်ထင်ပေါ်ပေါ် ဆွေနွေးလိုစိတ် မရှိကြပေ။

ယခုအခါ ပေါ်လစီ ချမှတ်ပေးသူများက သုတေသန လုပ်ငန်းများကို ကဏ္ဍ ၄ ခုခွဲပြီး သုတေသန လုပ်ငန်း အသီးသီး ကို စည်းကမ်းတကျ ဖြစ်အောင် ကျိုးစားနေကြပါသည်၊ နေရာဌာနလိုက်၍ ခံစားခွင့်များကွဲပြား နေသောကြောင့် သုတေသန လုပ်ငန်းအတွက် Grant ရငွေ ကိုမိမိလစာ ၀င်ငွေ၏ ၃၀%  ထက်မပိုအောင် ကန့်သန့်ထားပါသည်၊ ဘယ်သူတွေ ဘယ်လောက်ရသည်ဆိုခြင်းထက်Team Work သည်သာ အရေးကြီးဆုံး ဖြစ်သည်ဟု ဆော်သြနေပါသည်။

ပဌမဆုံးရည်ရွယ်ချက်မှာ အခြေခံ သိပ္ပံ ဘာသာရပ် (Basic Science) ကိုခိုင်ခိုင်မာမာတည်ဆောက်ရန်ဖြစ် သည်၊  ပဌမ ဆုံး သိပ္ပံပညာရှင် ၄၀ နှင့် သုသေသန ဌာနကြီး ၁၂ ခုတို့ကို စုစည်းပြီး ဦးဏေုာက်နှင့် ပါတ်သက်၍ (Brain Science) ကို သုတေသန လုပ်ကြမည် ဖြစ်သည်၊ တချိန်တွင် (transgenic monkey) မျောက်တို့၏ ဗီဇကို ပြုပြင်ဖန်တီးပြီး ရောဂါခံနိုင်အားကို  သုတေသန လုပ်ကြရန်ဖြစ်သည်။ ဤ အခြေခံ သိပ္ပံ အဖွဲ့မှာပင် တိဗက်ကုန်းမြေမြင့်၏ ဆိုက်စမစ် ဆိုင်ရာဒေတာများကို ခွဲခြမ်းစိတ်ဖြာ လေ့လာရေး ဌာနတခု ဖွင့်လှစ်ရန် ရှိသည်၊ အမှုန်ဆိုင်ရာ သုတေသနလုပ်ငန်းများ (Particle Physics) တွင်သိုရီယမ် သတ္တုကို အခြေခံသည့် ရီအက်တာ သုတေသန၊ ကွမ်တန် သဘောတရားကို လေ့လာကြရမည်ဖြစ်သည်၊ 

တရုတ်သုတေသန စီမံကိန်း၏ ဒုတိယ အပိုင်းမှာ ဂြိုလ်တုလွှတ်တင်ခြင်း၊ သမုဒ္ဒရာ အတွင်းရှိ ဒေတာ စုဆောင်း ရေး ပညာနှင့် ဆေးအသစ်ထုတ်လုပ်ရေး (Drug Development) တို့ ပါဝင်သည်။

တတိယ နယ်ပယ်မှာ ဆိုင်ကလိုထရွန် စက်ကြီးများနှင့် ပရိုတင်းလေ့လာရေး သုတေသန လုပ်ငန်းပင်ဖြစ်သည်။

စတုတ္တ နယ်ပယ်မှာ သဘာဝဘေးဒဏ် ကာကွယ်ရေး အတွက် ကြိုတင် ပြင်ဆင် အသင့် ရှိစေရန် ဒီဇိုင်း မိုဒယ် အမျိုးမျိုး တို့ဖြင့် သုတေသန ပြုပြင်ရေးပင် ဖြစ်သည်၊ ချန်ဒူး တွင် Institute of Mountain Hazards and Environment ရှိသည်၊ သဘာဝ ဘေး အန္တရာယ် အမျိုးမျိုး တို့ဖြစ်ပေါ်ပုံ ကယ်ဆယ်ရေး လုပ်ငန်းအ၀၀ ကိုလေ့လာ ကြရန်ရည်ရွယ်သည်။

တရုတ်အကယ်ဒမီ အနေဖြင့် ငယ်ရွယ်သော သုတေသန လုပ်သား ပညာရှင်မြောက်များစွာ တို့ကို ခန့်ထားပြီးဖြစ်ရာ ထိုလူငယ်များကို ဦးဆောင်မှုပေးရန် စေ့စေ့ငုငု ပရောဂျက်ပေး ခိုင်းစေနိုင်ရန် အလုပ်မှာ အလွန်မသေချာ မရေရာ သောအလုပ်ဖြစ်နေပါသည်၊ တရုတ်ပြည်၏ မိရိုးဖလာ ထုံးစံမှာ ၀န်ထမ်းတစ်ဦး ကိုခန့်ပြီးသည်နှင့် အလုပ်ဖြုတ်ရန်မရည်ရွယ်တော့ပေ၊ သူတို့သည် အလုပ်တွင် အဆင်မပြေ ဥာဏ်မမှီသူ ကိုအလုပ်ဖြုတ်ခြင်းမှာ အမေရိကန်တို့၏ အမူအကျင့် ဟုယူဆကြသည်။

အင်္ဂလန်နိုင်ငံမှ ဝေဖန်သူ တဦးကမူ တရုတ်သိပံ္ပအကယ်ဒမီ အဖွဲ့အစည်းသည် ကြီးမားလွန်းသည်၊ လုပ်ငန်း ဆောင်တာ များပြားလွန်းသည်၊ ဤမျှကြီးမားသော အဖွဲ့အစည်းသည် ကမ္ဘာပေါ်မှာမရှိ၊  ဤမျှ အမျိုးပေါင်းစုံ အလုပ်တွေကို တာဝန်ယူထားသော အဖွဲ့ဟူ၍ ဘယ်မှာ မှမရှိဘူးဟုဝေဖန်သည်၊  တက္ကသိုလ်များ၊ သုတေသန ဌာနကြီးများ အနေဖြင့် မိမိဝန်ထမ်းကို မိမိ အရွယ် အစားအလိုက် အကျိုးသက်ရောက်မှုရှိအောင် မိမိတို့ဖါသာ၊ တာဝန်ယူနိုင်ကြပါသည်၊ စီအေအက်(စ) ကဲ့သို့ မိမိအတွက် တာဝန်ယူသူ ဘယ်နေရာ တွင်ရှိမှန်းမသိ ရသည့် ဌာနကြီး အနေဖြင့်  အလုပ်ကို ထိထိရောက်ရောက် မလုပ်နိုင်ဟုဆိုလိုပါသည်၊ တရုတ်ပြည် သိပံ္ပ တိုးတက်ရေး အတွက်ဤ အကယ်ဒမီ ကြီးရှိရန် မလိုပါဟု ပြောသူကလည်း ပြောနေကြသည်။

သို့ပေမဲ့ လွန်ခဲ့သော တရုတ်တို့၏သမိုင်း ရာဇ၀င်ကိုကြည့်လျှင် ဤကဲ့သို့ကြီးမားသောအဖွဲ့အစည်းကြီးများက သာတရုတ်ပြည်၏ တိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့ ကြသည်ဟုဆိုသည၊် သမိုင်းကိုနားမလည်လျင် အခုဖြစ် နေ တာတွေကို သေချာနားမလည်နိုင်ပါဟုဆိုသူကဆိုကြသည်။ ဂျာမဏီတွင် Max Plant Institute သည် သုတေသနလုပ်ငန်းနှင့်ပါတ်သက်လျင် နာမည်ရသည်၊ တရုတ်တို့၏ အယူအဆမှာ သူတို့နိုင်ငံတွင် ဂျာမာန်တို့ လို နာမည်ရှိသည့် ဌာနကြီးတခုရှိရန်လိုသည်ဟု ဆိုကြသည်၊

တရုတ်ပြည်တွင် အခြားနိုင်ငံများကဲ့သို့ သုတေသနလုပ်ငန်းများကို စောင့်ကြည့်နေသော အဖွဲ့မရှိပါ။  စီအေအက်(စ)  အတွင်းမှာပင် သုတေသနလုပ်ငန်းများကို ညွှွှန်ကြားပေးသည့်အဖွဲ့ရှိရာ၊ ၄င်းကိုပင်စောင့်ရှောက် ကြည့်ရှုသည့် အဖွဲ့ဟုအနီးဆုံးယူလျင်ရသည်၊

တရုတ်ပြည်သည် သိပ္ပံသုတေသနလုပ်ငန်းများ ကိုစံနစ်တကျစုစည်းရန် လုပ်ဆောင်ခဲ့သည်မှာနှစ်ပေါင်း ၃၀ ခန့်သာ ရှိပါသေး သည်၊ NSFC ခေါ် National Natural Science Foundation of China ကို ၁၉၈၆ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်၊       ထိုအဖွဲ့ကြီးက တက္ကသိုလ်များ၊သုတေသန များသို့ Grant ချပေးရန် ကိစ္စများကိုကိုင်တွယ် ခဲ့သည်၊ သို့ပါသော်လည်း  သုတေသနစာတမ်းအရည်အသွေးကို လိုက်၍ ထိုဋ္ဌာနများကို အကဲဖြတ်ရန် စိတ်မ၀င်စားခဲ့ကြပေ၊ များပြား လှသော အလုပ်ဝင်စ လူငယ် ပညာရှင်မျာ၏ အရည်အသွေးကို အကဲဖြတ်ရန်၊ တာဝန်ပေးရန်၊ ရာထူးတိုးမြှင့်ပေးရန်၊ အလုပ်ထုတ်ပယ်ရန်ကိစ္စများမှာ အလွန်ရှုတ်ထွေးခက်ခဲပါသည်၊
၁၉၉၀ခုနှစ်များရောက်မှသာသိပံ္ပအကယ်ဒမီက သုတေသနဘက်တွင် ထူးချွန်သူများ ပြင်ပရောက်မသွားအောင်  ထိန်းသိမ်းရန် လိုအပ်ချက်ကို သိမြင်လာကြသည်။

သူတို့ချမှတ်လိုက်သော ကြွေးကျော်သံတခုမှာ One-Three-Five Program  ဟုဆိုသည်၊ လူတဦးကို One Orientaion လမ်းညွှန်ချက်ပေးလိုက်လျင် သူကအသစ်တွေ့ရှိချက် သုံးခု Three breakthrough ရမည်၊ ထိုအခါ သုတေသနလုပ်ရန် လုပ်ငန်း ၅ ခု Major  Directions ရလိမ့်မည်ဟုဆိုသည်၊ မိုးချိန်းသံ ကျယ်လျင် မိုးရေ မပါဘူးဆိုသော တရုပ်ဆိုရိုးစကားတခုကို ကျွန်တော်ကြားဘူးပါသည်၊

ဓါတုဗေဒ သုတေသနလုပ်ငန်းများမှာ Infrastructure ပစ္စည်းကိရိယာ မြောက်များစွာ မလိုပါ၊ အမေရိကန်ပြီး  လျင် တရုတ်သုတေသနလုပ်ငန်းက ရှေ့ဆုံးရောက်နေပါပြီ၊ ရူပဗေဒ တွင် ခေတ်မှီ Instrument ကိရိယာများ  မှာ တန်ဖိုးကြီးသည့်နည်းတူ ဘာသာရပ်ကျွမ်းကျင်နားလည်ရေးမှာ အချိန်လည်းလိုအပ်ပါသည်၊ ရူပဗေဒတွင် တရုပ်တို့၏ အဆင့်အတန်းမှာ အင်္ဂလန်ကို မှီပြီဟုဆိုနိုင်ပါသည်၊

တရုတ်ပြည်တွင် သုတေသနလုပ်ငန်းများမှာ ငွေသာကုန်ပြီး အဖြေကို မသိရဆိုသော ဝေဖန်ချက်များကို တုန့်ပြန်ရန် အတွက် အစိုးရက National Center for Translational Medicine ဌာနကို ထူထောင်ရန် ၂၀၁၄ အောက်တိုဘာလတွင် ဘတ်ဂျက် ယွန်ငွေ ၁ ဘီလီယမ်ချပေးခဲ့သည်၊  ဤဌာနအသစ်ကို မှာ Ruijing ဆေးရုံဝင်း အတွင်းတွင် တည်ရှိပြီး ရှန်ဟိုင်း Jiaotong တက္ကသိုလ် နှင့် ချိတ်ဆက်ထားသည်၊ ဤဆေးသုတေသနဌာနများမှာ လူနာကို ဆေးကုသရေး အတွက်တိုက်ရိုက် အသုံးချ ရန်နည်းလမ်းများ ရှာဖွေရန်ဖြစ်သည်။

ဤဌာန မျိုးကို တရုတ်ပြည် တပြည်လုံးတွင် လေးနေရာ၌ ဆောက်ရန်စီမံကိန်း ရာထားသည်၊ အမေရိကားတွင် NIH- National Institutes of Health ခေါ် အစိုးရအဖွဲ့အစည်းက  ဆေးဘက်ဆိုင်ရာ သုတေသန လုပ်ငန်းများအတွက် ရံပုံငွေထုတ်ပေးသည်၊ (Drug) ဆေး အသစ်တီထွင်ထုတ် ဖေါ်ရေး မှာဤအဖွဲ့အစည်းက တာဝန်ယူသည်၊ တရုတ်ပြည်တွင်ထိုအဖွဲ့အစည်း နှင့်ဆင်တူသော အဖွဲ့ မရှိပေ၊ တရုတ်ပြည်၏ ဆေးသုတေသန လုပ်ငန်းများကို ဆေး အသစ်ထုတ်လုပ်သော ပုဂ္ဂလိက ကုမ္ပဏီ များကသာ တောက်ပံ့ကြသည်။
အမေရိကားတွင် ၁၉၈၀ ခုနှစ်က Bayh-Dole ဥပဒေကို ပြဌာန်းခဲ့သည်၊ ထိုဥပဒေ ကို မပြဌာန်းမှီက အစိုးရထောက်ပံ့ငွေဖြင့် သုတေသနများမှာ ပစ္စည်းအသစ်ကို ထုတ်လုပ်လျင် မူပိုင်ရှင်က အစိုးရသာဖြစ်သည်၊ ထို ဥပဒေ ပေါ်ပြီးမှသာ သုတေသန လုပ်သော ကုမ္ပဏီ၊ ဌာနကြီးများသည် ထိုပစ္စည်းအသစ်ရောင်းချ မှုများမှ အကျိုး အမြတ်ကို ခံစားခွင့် ရှိလာခဲ့သည်၊

တရုတ်ပြည်ကလည်း အလားတူ Science and Technology Project Law ကိုပြဌာန်းခဲ့သည်၊ သို့ပါသော်လည်း အမေရိကားမှာ ကဲ့သို့ ထိုဥပဒေ၏ အသီးအပွင့်ကို ခံစားနိုင်ခြင်း မရှိကြသေးပေ၊ အမေရိကန် တက္ကသိုလ် များမှာ အစိုးရ အပေါ်တွင် မှီခိုရခြင်းမရှိ၊ တရုတ် တက္ကသိုလ်များမှာ အဓိက ရံပုံငွေကို အစိုးရထံမှ ရရှိနေဆဲပင် ဖြစ်သည်။

(၂)

ကျွန်တော်တို့ နိုင်ငံ၏သိပ္ပံ ပညာတိုးတက်ရေးမှာ နိုင်ငံတော်အစိုးရ၏ ဦးစားပေး အဆင့်များတွင် ပါဝင်ဟန် မရှိပေ၊ တခါက မြန်မာနိုင်ငံ သုတေသနဌာနကြီးကို ပိတ်ပစ်ရမည်ဟု ဆိုသောညွှန်ကြားချက်ကို အထက်မှ ချပေးဖူးသည်ဆိုသော အစဉ်အလာများရှိခဲ့ဘူးသည်၊ တရုပ်ပြည်တွင် ယဉ်ကျေးမှုတော်လှန်ရေး ကာလ တလျောက်လုံး အသိပညာရှင် အတတ်ပညာရှင်များမှာ ဘုံရန်သူအဖြစ် အသတ်မှတ်ခံရဘူးသည်၊ သိပ္ပံဆိုင်ရာပစ္စည်း များအပါအ၀င် ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများလည်း အဖျက်အဆီးခံကြရပါသည်၊ 

ကျွန်တော်တို့နိုင်ငံမှာ ထိုထက်ပိုဆိုးခဲ့သည်ဟုမဆိုနိုင်ပါ၊ သို့ပါသော်လည်း စစ်အစိုးရ အဆက်ဆက်က သိပ္ပံပညာ တိုးတက်ရေး၊ သုတေသန လုပ်ငန်းစသည်တို့မှာ လစ်လျူရှုခြင်းခံခဲ့ကြရပါသည်၊ ခေတ်နှင့် ရင်ဘောင်တန်း လိုက်လိုသောအစိုးရများက ပေါ်လစီကို မှန်အောင်ချပေးပြီး ရံပုံငွေ အလုံအလောက် ရရှိလျင် မြန်မာတို့၏သိပ္ပံ ပညာ အဆင့်အတန်းမှာ ရှေ့တန်းသို့ ရောက်လာမည်ဖြစ်ပါသည်၊

သိပ္ပံ ပညာတိုးတက်ရေးအတွက် နိုင်ငံတခုတွင် အရေးကြီးသည်မှာ မှန်ကန်သော ပေါ်လစီနှင့် လုံလောက်သော ရံပုံငွေ တို့ဖြစ်ပါသည်၊

Reference: Nature 30 April 2015 issue.