နန်းတော်ရှေ့ဆရာတင်၏ ဓမ္မသီချင်းများ မဟာမြတ်မုနိဘုရားကြီးသို့ ပေးအပ်လှူဒါန်း

နန်းတော်ရှေ့ဆရာတင်၏ ဓမ္မသီချင်းများ မဟာမြတ်မုနိဘုရားကြီးသို့ ပေးအပ်လှူဒါန်း
ရန်နောင်(ဗိုလ်တထောင်)  မိုးမခ  - ဇူလိုင် ၂  ၂၀၁၅
စည်သူရွှေနန်းတင်

နန်းခင်မွှေး

နန်းဝင်း

မန္တလေးသိန်းဇော်




ဦးမြတ်ခိုင်


ဦးတင်ဦးလေး၊ စည်သူရွှေနန်းတင်






          နန်းတော်ရှေ့ဆရာတင် ရေးသားစပ်ဆိုခဲ့သောဓမ္မသီချင်းများ အား မဟာမြတ်မုနိဘုရားကြီးသို့  နန်းတော်ရှေ့ဆရာတင် မိသားစုမှ ရာသက်ပန်ပေးအပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid Hotel တွင် ဇူလိုင်လ ၂ ရက် (ကြာသပတေးနေ့)  နေ့လယ် ၁နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

          နန်းတော်ရှေ့ဆရာတင်၏  ဓမ္မသီချင်းများလှူဒါန်းပွဲတွင် အခမ်းအနားမှူး အဖြစ် ရုပ်ရှင်သရုပ်ဆောင် ချစ်ချစ်ဇော်မှ ဆောင်ရွက်ခဲ့ပြီး နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ စည်သူရွှေနန်းတင်မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးမှ  မုဒိတာစကားပြောကြားခဲ့သည်။

          ဆက်လက်၍ နန်းတော်ရှေ့ဆရာတင်၏ သားမြေးများဖြစ်ကြသောမြစ်ဖြစ်သူ သဲနုဆည်းဆာက မြနန္ဒာ(ရက်ရွေးမနေပါနဲ့ကိုကိုရယ်) သီချင်းဖြင့်လည်းကောင်း၊မြေးဖြစ်သူ နန်းခင်မွှေးက  “ စွယ်တော်ချိုး ” သီချင်း၊ မြေးဖြစ်သူ နန်းဝင်းက “ မြန်မာ့ဂုဏ်ရည်” သီချင်း၊  မန္တလေးသိန်းဇော်က “ အောင်နိမိတ် ” ၊ မြေးဖြစ်သူ  နန်းခင်အေးက ဗိုလ်စံဖဲ ၊အဆိုတော်စိမ်းမို့မို့ က  “ ဓမ္မစကြာ ” သီချင်းများဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
ဦးဝင်းငြိမ်း၊ ဦးတင်ဦးလေး၊စည်သူရွှေနန်းတင်၊ဦးမြတ်ခိုင်
          ထို့နောက် သီချင်းများမူပိုင်ခွင့်ကို  မဟာမုနိဘုရားကြီးဂေါပက အဖွဲ့အား လှူဒါန်းသော စာချုပ်ကို သားဖြစ်သူ ဘဘရွှေနန်းတင် မှ လက်မှတ်ရေးထိုးပြီး ဆရာဦးဝင်းငြိမ်းနှင့် ဆရာဦးမြတ်ခိုင်တို့မှ သက်သေအဖြစ်လက်မှတ်ရေးထိုးကာ ဂေါပက အဖွဲ့ကိုယ်စား မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးမှ ကိုယ်စားလက်ခံရယူခဲ့သည်။

          လှူဒါန်းသောဓမ္မသီချင်းများမှာ အောင်နိမိတ်၊ဓမ္မစကြာ၊စွယ်တော်ချိုး၊မြန်မာ့ဂုဏ်ရည်၊မြနန္ဒာ စသောသီချင်းငါးပုဒ်ဖြစ်သည်။

          “ ဘဘ ဒီနေ့ အရမ်းပျော်တယ်ကွယ်။ ဘဘ ဒီလိုမရယ်ဖြစ်တာလည်းကြာပါပြီ။ ဘဘတို့ ငယ်ငယ်က ဘဘဖေဖေ ရေးခဲ့တဲ့ သီချင်းတွေကို ဒီလိုလှူရတယ်။ ခုဘဘ အသက် ၈၈ နှစ်ရှိပြီ။  ဘဘ ဒီနေ့တော့ လူဟောင်းတွေနဲ့ ပြန်တွေ့ရလို့ ပျော်တယ်ကွယ် ။ ဘဘ နောက်ထပ် သီချင်းများလည်း ထပ်လှူပါအုံးမယ်။ ဘဘ မချမ်းသာပါဘူး ။ ဘဘတို့ သဘင် မျက်နှာငယ်နေရပါတယ်ကွယ် ”ဟု ဘဘစည်သူရွှေနန်းတင်မှပြောကြားခဲ့သည်။

          ယနေ့ အခမ်းအနားပြုလုပ်ရန်အတွက် ကုန်ကျစရိတ်များကို မြို့ရွှေမန်းသားလေးဖိုးချစ်က တာဝန်ယူခဲ့ကြောင်းလည်း နန်းတော်ရှေ့ဆရာတင်၏ မြေးဖြစ်သူ ဦးနန်းဝင်းမှ ပြောကြားခဲ့သည်။
နန်းတော်ရှေ့ဆရာတင် မိသားစု နှင့် အနုပညာရှင်များ
ဦးဝင်းငြိမ်း

          ရွှေအမြုတေမဂ္ဂဇင်း  ထုတ်ဝေသူ ဆရာဦးဝင်းငြိမ်းမှလည်း  ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး နန်းတော်ရှေ့ဆရာတင်မိသားစုများက “ ကျေးရွာဝါဒ” သီချင်း ဖြင့် သီဆို ဖျော်ဖြေကာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။