တနေ့လုပ်ခ ၃၆၀၀မပေးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များကန့်ကွက်


တနေ့လုပ်ခ ၃၆၀၀မပေးနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များကန့်ကွက်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၃ ရက်
  
          အစိုးရကသတ်မှတ်ပေးမည့် အနည်းဆုံးတနေ့လုပ်ခကြေးငွေ ၃၆၀၀ကျပ်သည် အထည်ချုပ်လုပ်းငန်းရှင်များအနေဖြင့် မဖြစ်နိုင်ကြောင်းကို မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းရှင် ၃၀၀ကျော်ရှိသည့်အနက် (၁၄၅)ဦးတက်ရောက် ပူးပေါင်းပြီး ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ဇူလိုင် ၂ရက်နေ့ က အစည်းအဝးတစ်ခုပြုလုပ်ခဲ့သည်။
          အထည်ချုပ်လုပ်ငန်းရှင်ကြီးများနှင့် လုပ်ငန်းသေးများသည် အနည်းဆုံးတစ်နေ့လုပ်အားခကို ၂၅၀၀ကျပ်ထက် ပိုမပေးနိုင်ကြောင်းနှင့် အစိုးရမှ ၃၆၀၀ကျပ်သတ်မှတ်မည်ဆိုလျှင် အထည်ချုပ်လုပ်ငန်းများအားလုံးသည် စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်းသွားကြမည်ဖြစ်ကြောင်း၊ အစိုးရကသတ်မှတ်ပေးမည့်အနည်းဆုံးတနေ့လုပ်ခ ၃၆၀၀ကျပ်ကို အထည်ချုပ်လုပ်ငန်းရှင်များသည် ယခုအစည်းအဝေးမှစ၍ နှစ်ပတ်အတွင်း ကန့်ကွက်မှုအဆိုများပြုလုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
          မြန်မာနိုင်ငံတွင် ကိုရီးယားအထည်ချုပ်စက်ရုံပေါင်း ၇၀နီးပါးရှိပြီး လုပ်သားပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း၊ တရုတ်အထည်ချုပ်စက်ရုံပေါင်း ၃၀ဝန်းကျင်ရှိပြီး လုပ်သားပေါင်း ခုနှစ်သောင်းကျော်လုပ်ကိုင်လျှက်ရှိနြေေ ကာင်း၊ စက်ရုံများပိတ်သိမ်းသွားကြလျှင် လုပ်သား နှစ်သိန်းကျော်သည် အခက်တွေ့နိုင်ကြောင်း၊ အစိုးရအနေဖြင့် လုပ်ငန်းရှင်များကို ပံ့ပိုးမှုများပြုလုပ်ပေးသွားမည်ဆိုလျှင် အသက်ရှူချောင်နိုင်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသည် လုပ်ငန်းရှင်များအားလုံးအတွက် စဉ်းစားပေးသင့်ကြောင်းများ ကိုအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးမှ     တင်ပြဆွေးနွေးခဲ့သည်။
          စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်းခဲ့လျှင် အလုပ်သမားများအား  လျော်ကြေးငွေသည် ၃၆၀၀ကျပ်ဖြင့်လျော်နိုင်မည်မဟုတ်ကြောင်း၊ တချို့လုပ်ငန်းရှင်များကလည်း မိမိတို့ ပိတ်သိမ်းခြင်းသည် ပြဿနာဖြစ်၍မဟုတ်ပဲ အစိုးရ၏သတ်မှတ်နှုန်းနှင့် မပေးနိုင်သဖြင့် အလုပ်သမားလျော်ကြေးငွေလည်း ပေးစရာမလိုကြောင်းများ တင်ပြခဲ့သည်။
          တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များသည် အနည်းဆုံးတနေ့လုပ်ခကြေးငွေကို ၂၅၀၀ကျပ်ထက် ပိုမပေးနိုင်ကြောင်းများကို လက်များထောင်၍ အဆိုပြုခဲ့ကြသည်။