ဆောင်းလူ - ပွဲ

 
ဆောင်းလူ - ပွဲ
(မိုမးခ) ဇူလိုင် ၃၀၊ ၂၀၁၅

လှိုင်းပုတ်လို့
တာရိုးကွဲ ...

တသက်တကျွန်းတွေ
လွတ်တဲ့ပွဲ ...။

ပိုင်ရှင်မဲ့တွေ
လွတ်တဲ့ပွဲ ...။

သူလည်းနွှဲ ..
ကိုယ်လည်းနွှဲ ...

အစိတ်စိတ်အမွှာမွှာကွဲ ...

အာဏာရှိတွေ
မြူးတဲ့ပွဲ ...။

ဇူလိုင် ၃၀၊ ညနေ ၄း၁၈ နာရီ