မောင်ရင်ငတေ - မင်း မရှိတဲ့ တိုင်းပြည်

  မောင်ရင်ငတေ - မင်း မရှိတဲ့ တိုင်းပြည်
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅

ငါ ချစ်မြတ်နိုးရပါတဲ့ မင်းမရှိတော့တဲ့ တိုင်းပြည်၊

မင်းမှမရှိတော့ ငါမနေချင်တော့ပါတဲ့ တိုင်းပြည်၊

ဒီတိုင်းပြည်မှာ ငါချစ်တဲ့ မင်းမှမရှိတော့တဲ့ ….. ….. နောက်၊
ငါ အသည်းနှလုံးတွေ ကွဲကြေသွားပလေ့စေ ငါမနေချင်တော့ပါဘူး၊
အဲဒီလိုနဲ့ ငါဟာ မင်းမရှိတော့ပါတဲ့ တိုင်းပြည်ကို စွန့်လွှတ်ထွက်ခွာ၊
နှစ်တွေ ကာလတွေ အဲဒီလို ကြာညောင်းလို့ လာခဲ့ လာခဲ့ လာခဲ့၊

သြော် . … …. . … မင်းမှမရှိတော့ မင်းမှမရှိတော့၊

မင်းမရှိတဲ့ တိုင်းပြည်ကို ငါဘယ်လိုပြန်လာချင်ပါ့မလဲ၊

တခါက မင်းရဲ့ (မရငတ) ၂၈၀၇၂၀၁၅