ရေဘေးသင့်ပြည်သူများအတွက် သြဂုတ် ၄ရက်နေ့ စေတနာရှင်လူငယ်များ





ရေဘေးသင့်ပြည်သူများအတွက် သြဂုတ် ၄ရက်နေ့ စေတနာရှင်လူငယ်များ အလှူဒါန ပြု

ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၄ရက်၊ ၂၀၁၅ခုနှစ်


          မြန်မာနိုင်ငံ၏ရေဘေးသင့်နေရာများသို့ သွားရောက်လှူဒါန်းနိုင်ရန်အတွက် နိုင်ငံရေးအင်အားစု များ၊
 ကျောင်းသားလူငယ်များ၊ လူမှုရေးအဖွဲ့စည်းများ၊ ကဗျာဆရာများ၊ စာရေးဆရာများနှင့် အနုပညာရှင် များက မြို့နယ်အသီးသီးရှိ ဈေှးများ၊ အိမ်များ၊ ကားများပေါ်ရှိခရီးသည်များအား လမ်းလျှောက်၍ လိုက်လံအလှူခံ လျှက်ရှိနေသည်။ အလှူရှင်များကလည်း အဝတ်အစားများ၊ စားစရာများ၊ ဆေးများ၊ အလှူငွေများကို တတ်အားသရွေ့ထည့်ဝင်လှူဒါန်းကြသည်။
       
          သြဂုတ်လ ၄ရက်နေ့တွင်လည်း ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ဗိုလ်ချုပ်ဈေးအနားတွင် MELODY WORLD အနုပညာရှင်များကလည်း ရေဘေးသင့်ပြည်သူများအတွက် သိန်း၆၀မတည်ပြီး တေးသီချင်း များဖြင့် အလှူခံနေလျှက်ရှိသည်။ ရရှိသောအလှူငွေများကိုသြဂုတ်လ ၅ရက်နေ့တွင်ရေဘေး သင့်နေသော ပြည်၊ ထုံးဘိုသို့လှူဒါန်းမည်ဖြစ်သည်။
          
            သြဂုတ်လ ၄ရက်နေ့တွင် ဒဂုံတက္ကသိုလ်ဘူမိဗေဒကျောင်းသားများကလည်း ဧရာဝတီတိုင်း ရှိ ရေဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရန်အတွက် ကားဂိတ်များနှင့် လမ်းများ ဆိုင်များတွင် အလှူခံနေလျှက်ရှိသည်။
         
          သြဂုတ်လ ၄ရက်နေ့တွင် TBELC တွင်သင်တန်းတတ်နေသော ကျောင်းသားလူငယ်များကလည်း ပဲခူးမြို့ရှိရေဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရန်အတွက် ကားဂိတ်များနှင့် လိုင်းကားများပေါ်တွင် လိုက်လံအလှူခံနေလျှက်ရှိ သည်။
         
 
           သြဂုတ်လ ၄ရက်နေ့တွင် မဟာဂရုဏာတော်ဖောင်ဒေးရှင်းနှင့် ရခိုင်တေးသံရှင်များကလည်း ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ဂမုန်းပွင့်၊ စိန်ဂေဟာ၊ Junction 8 နှင့် အိုးရှင်းစင်တာများတွင် လိုက်လံအလှူခံနေကြသည်။
          ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီး၊ ရပ်ကွက်အသီးသီးတို့တွင်လည်း ရေဘေးသင့်ပြည်သူများကို လှူဒါန်းနိုင်ရန်အတွက် ရပ်ကွက်နေပြည်သူများနှင့် လူမှုအဖွဲ့စည်းများက လမ်းထိပ်များတွင် မဏ္ဍပ်များထိုး၊ ဆိုင်းဘုတ်များချိန်၍ အလှူခံနေလျှက်ရှိကြသည်။