မောင်စွမ်းရည် - “ ကျွဲကျောင်းသား”

သရုပ်ဖော် - မောင်ရစ်

မောင်စွမ်းရည် - “ ကျွဲကျောင်းသား”
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၅

      
ရှေ့မှာကျွဲ၊
ဦးချိုမဲမဲ၊ ကိုယ်မဲမဲ
မဲမဲ မားမား၊ တံတိုင်းခြားသလို
သွားလို့မရ၊ ကြားလို့မရ
ကြားရသမျှအသံ၊ ကျွဲခလောက်သံ
ဂလောက် ဂလောက် ညံ။

ဟို- အဝေးက
ကြားယောင်တာက
နားဝစီညံ၊ ခေါင်းလောင်းသံ
ရွားဦးကျောင်းက
ကျောင်းတက် ခေါင်းလောင်း
ကျောင်းဆင်း ခေါင်းလောင်း
စာသင်ကျောင်းက
ခေါင်းလောင်းသံ။

ကျွဲကျောင်းသား၊ သူ့နားဝက ကြားယောင်ပြန်။

                မောင်းစွမ်းရည်
                ၂၀၁၅ သြဂုတ် ၂၂