ကိုသန်းလွင် - အိန္ဒိယသည် စီးပွားရေးတွင် တရုတ်တို့ကို ကျော် လွှားတော့ မည်လော (သတင်းဆောင်းပါး)

ကိုသန်းလွင် - အိန္ဒိယသည် စီးပွားရေးတွင် တရုတ်တို့ကို ကျော် လွှားတော့ မည်လော  (သတင်းဆောင်းပါး)
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅

(၁)
အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည်တပာုန်ထိုး တိုးတက်နေသည်၊ အနာဂါတ်သည်    မျှော်လင့်ချက်အပြည့်ရှိသည်၊ တရုတ်ပြည်၏ စီးပွားရေးကို ကျော်တက်သွားတော့မည်၊ အိန္ဒိယသည် ကမ္ဘာကြီး၏ စီးပွားရေးတခုလုံးကို ပုခုံးဖြင့် ၀င်ထမ်းရတော့မည်ပာု အိန္ဒိယမှနိုင်ငံ၏ စီမံကိန်းများကို ကြီးကြပ်သူများက ယုံကြည်စွာ ပောာကိန်းထုတ်လျှက်ရှိကြပါသည်။

စီးပွားရေးဝန်ကြီး Arun Jaitley က အိန္ဒိယစီးပွားရေးသည်  ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းအထိ တိုးပွားဘွယ်ရှိသည်ပာု ဘီဘီစီ အင်တာဗျူးတခုတွင် ပြောကြားလိုက်ပါသည်။ ကမ္ဘာကြီး၏ စီးပွားရေးတိုးတက်မှုအောင်လံကို တရုတ်တို့ထံမှလွှဲယူတော့ မည်ပာု ဘဏ္ဍာရေးဆိုင်ရာဝန်ကြီး Jayant Sinha ကဆိုသည်။ လာမည့် ရက်များ လများအတွင်း တရုတ်ပြည်ကို နောက်မှာ ချန်ရစ်တော့မည်ပာု သူက နိမိတ်ဖတ်လိုက်ပါသည်။

အပြင်ဗန်းကကြည့်လျင် အိန္ဒိယနိုင်ငံက  စီးပွားရေးတွင် တပာုန်ထိုး တိုးတက်လာချိန်တွင် တရုတ်နိုင်ငံအနေဖြင့် တိုးတက်မှု အရှိန်ရပ်တန့်သွားခဲ့သည်မှာလည်းအမှန်ပင်ဖြစ်ပါသည်။  အိန္ဒိယ ဂျီဒီပီ၏ (Official) တရားဝင် တိုးတက်မှုနှုန်းမှာ ယခုနှစ် ၂၀၁၅ အတွက် (လွန်ခဲ့သောလကအထိ) ၇ ရာခိုင်နှုန်း ဖြစ်ပါသည်။  လာမည့်နှစ်များအတွင်း ၅ ရာခိုင်နှုန်းနှင့်အောက်သို့ ကျဆင်းသွားဘွယ်ရှိသည်ဟု ယုံကြည်ကြသူများလည်းရှိသည်။

သို့ပါသော်လည်း အိန္ဒိယနိုင်ငံသည် လူသုံးကုန်ပစ္စည်းများကို အလျံပယ်နိုင်ငံခြားသို့ တင်ပို့ရောင်းချရခြင်းမရှိပါ။ သို့ပါ၍ တရုတ်ပြည်က ကုန်ထုတ်လုပ်မှုကျဆင်းသည်ဆိုခြင်းမှာ အိန္ဒိယက နေရာဝင်ယူသောကြောင့် မဟုတ်ပါချေ။ အိန္ဒိယပြည်မှာ နိုင်ငံခြားမှ လောင်စာဆီတင်သွင်းရာတွင် ကမ္ဘာ့တတိယအကြီးဆုံးနိုင်ငံဖြစ်ပေရာ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် သုံးငွေ လျော့နည်းသွားခြင်းသာရှိသည်။

နိုင်ငံ၏ ဂျီဒီပီ ၅ရ ရာခိုင်နှုန်းမှာ လူသုံးကုန်ပစ္စည်းများ၏ ပြည်တွင်းသုံးစွဲမှုမှလာသည်။  ထို့ကြောင့် ကမ္ဘာ့စီးပွားရေး ဈေးကွက် တွင်  အိန္ဒိယပြည်၏ထွက်ကုန်များက အဓိကအစားထိုးဝင်ရောက်တော့မည်ပာူသော အယူအဆမှာ မှားယွင်းနေပါသည်။ အိန္ဒိယနိုင်ငံ၏ထုတ်ကုန်ပမာဏမှာ တရုတ်တို့၏ ငါးပုံတပုံသာရှိသည်။

တကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ တွင် အိန္ဒိယက ၂.၅ ရာခိုင်နှုန်းသာရှိသည်၊ တရုတ်ပြည်၏ ၁၃.၅ ရာခိုင်နှုန်းကိုမှီရန် အလွန်ဝေး ကွာလှပါသည်။ တရုတ်တို့၏ဂျီဒီပီတွင် ၅ ရာခိုင်နှုန်း တိုးတက်မှုဘဲရှိသည်ဆိုစေဦး၊ အိန္ဒိယနိုင်ငံ၏ ထွက်ကုန်ပမာဏတခုလုံး ကို လေးနှစ်အတွင်း အမှီထုတ်လုပ်နိုင်ပါလိမ့်မည်။ ထို့ကြောင့် အိန္ဒိယက တရုတ်ကို မှီတော့မည်ပာုဆိုခြင်းမှာ ကြွက်က လယ်ထွန်စက်ကိုဆွဲတော့မည်ပာုဆိုခြင်းနှင့်တူနေသည်ပာု ဝေဖန်သူတို့က ဆိုကြပါသည်။

တရုတ်ပြည်၏စီးပွားရေးကို စောင့်ကြည့်နေသူများက မကြာမီကဖြစ်ခဲ့သော စတော့ရှယ်ရာဈေးကွက် ကမောက်ကမဖြစ်မှု၊ ယွမ်ငွေကြေးတန်ဘိုးလျှော့ချမှုများကြောင့် ထိမ်းမနိုင်သိမ်းမရ ဖြစ်နေသည်ပာု ဝေဖန်သူများရှိတာ မှန်ပါ၏။ ရင်းနှီးမြှုပ်နှံမှုကို အခြေခံသောစီးပွားရေးမှ စားသုံးသူကိုအခြေခံသော စီးပွားရေးကို ပြောင်းလဲရန် ကြိုးစားသည့် စီးပွားရေးစနစ်တိုင်း ဤသို့ ပြဿနာများကြုံကြရသည်ပာု သုံးသပ်ကြပါသည်။

တရုတ်ပြည်တွင် လွယ်လွယ်ကူကူနှင့် စီးပွားရေးမဖြစ်နိုင်တော့သည်မှာ မှန်ပါသည်၊  သို့ပါသော်လည်း ဆယ်စုနှစ်   နှစ်ခုကြာ ကုန်ထုတ်လုပ်မှု တိုးပွားလာခဲ့ခြင်း၏ အရှိန်အပာုန်ကရှိနေပါသေးသည်။  အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်တို့၏တိုးတက်မှု အဆင့်အတန်းထက် ပို၍သာမည်ပာု မမျှော်လင့်နိုင်သေးပါ။

အိန္ဒိယနိုင်ငံကထုတ်ပြန်လိုက်သော ကိန်းဂဏန်းများမှာ တရုတ်တို့ကထုတ်ပြန်သော ကိန်းဂဏန်းများနည်းတူ သေချာရေရာ မှုရှိဘို့အတွက်  စီစစ်ကြရန်လိုပါသည်။ လွန်ခဲ့သောဖေဖော်ဝါရီလကမှ အိန္ဒိယနိုင်ငံက ဂျီဒီပီတွက်ရန်နည်းလမ်းကို ပြင် ဆင်ခဲ့ပြီး သူတို့၏တိုးတက်မှုမှာ ၂ ခုပိုသည်ပာု ပြင်ဆင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ၅ ရာခိုင်နှုန်းမှာ မသေချာသည့်နည်းတူ ရရာခိုင်နှုန်းဆိုသည်မှာလည်း သေချာမှုမရှိပါ။

ဤသို့ တိုးတက်မှုနှုန်းကိုပို၍ပြနေခြင်းကြောင့် အများပြည်သူတို့၏ ခံယူချက်တွင် အယူအဆလွှဲမှား သွားနိုင်သည်၊ ၀န်ကြီး ချုပ် မိုဒီ၏ ပြုပြင်ရေးလုပ်ငန်းများ ထင်သလောက် မအောင်မြင်ရခြင်းကို တဖြည်းဖြည်း တွေ့လာကြရသည်။ ၀န်ကြီးချုပ်က အဆိုပြုထားသော GST – Goods and Services Tax ဥပဒေမှာလည်း အတည်မပြုနိုင်သေး၊ လယ်သမားများ ဆန္ဒပြကြ သောကြောင့် စက်ရုံ အလုပ်ရုံအသစ်များတည်ဆောက်ရန် မြေ၀ယ်ယူနိုင်ရေး ဥပဒေမှာလည်း အတည်မဖြစ် နိုင်သေးပါ။

အိန္ဒိယနိုင်ငံထုတ်ပစ္စည်းများကို ကမ္ဘာက မက်မက်မောမောဝယ်ယူခြင်းမရှိသည့်အတွက်လည်း သူတို့နိုင်ငံစီးပွားရေးမှာ ကမ္ဘာကြီးနှင့်မဆိုင်သလိုဖြစ်နေသည်။ ထို့ကြောင့် တရုတ်ပြည်၏ လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို အစားထိုးဝင် ရောက်ရန်ကြံရွယ်နေသော အိန္ဒိယနိုင်ငံ၏ရည်ရွယ်ချက်မှာ ကောင်းကျိုးထက် ဆိုးကျိုးကိုဖိတ်ခေါ်နေသလိုပင်ဖြစ်နေ သည်။

နိုင်ငံတခု၏ ၀ယ်နိုင်အားဖြင့်ကြည့်သော် အိန္ဒိယနိုင်ငံသည် ကမ္ဘာတွင် တတိယလိုက်သော စီးပွားရေးရှိသည့် နိုင်ငံတခုဖြစ် သည်။ ၂၀၀ရ ခုနှစ်ကတည်းက အလယ်အလတ်တန်းစား ၀င်ငွေရှိသောနိုင်ငံဖြစ်လာသည်။ အသက် ၂၅ နှစ်အောက် လူငယ်ဦးရေအများဆုံး သန်း ၂၆၀ ရှိသည့် နိုင်ငံဖြစ်သည်။ အလယ်အလတ်တန်းစား ၀င်ငွေရှိသည့်နိုင်ငံဆိုသော်လည်း ဆင်းရဲသူ အများဆုံးနိုင်ငံလည်းဖြစ်၏။ တနေ့လျှင် ၂ဒေါ်လာထက်နည်းပြီး ၀င်ငွေရှိသူ ရ၂၃ သန်းမျှရှိသည်။

အိန္ဒိယတွင် ရင်ဆိုင်နေရသော ပြဿနာမှာ လူဦးရေ အမျိုးအစား (Diversity) များပြား လွန်းသည့်ပြဿနာ ပင်ဖြစ်သည်၊ ချမ်းသာသော Haryana နှင့် Tamil Nadu ပြည်နယ်များရှိသလို ဘီပာာနှင့် Uttar Pradesh နယ်များမှာဆင်းရဲလွန်းသည၊် ဆင်းရဲချမ်းသာ ကွာခြားမှု ကြောင့် တပြည်လုံးတပြေးညီစွာလိုက်နာရမည့် ဥပဒေ များချမှတ်ရန် အခက်ခဲများရှိလာခဲ့သည်။
ထို့ကြောင့် ပေါ်လစီချမှတ်သူများကို ခေါင်းခဲစေသောပြဿနာများမှာ လုပ်အားဈေးကွက် (Labour Market)နှင့် Land Market ကို အကျိုးရှိအောင် အသုံးမပြုနိုင်သောအချက်ပင်ဖြစ်၏။

ကမ္ဘာနှင့်ရင်ဘောင်တန်းလိုက်နိုင်ရန်မဆိုထားဘိ၊ မိမိပြည်တွင်းပြဿနာများကို ဖြေရှင်းရန်အတွက်ပင် အခက်ခဲများရှိ နေပါ သည်။ အထက်ကဆိုခဲ့သည့်အတိုင်း နိုင်ငံတွင်းတွင် ဈေးချိုသော လုပ်သားအင်အား ရှိသော်လည်း ထိုအင်အားစုကို ကုန် ထုတ်လုပ်ရေး အပိုင်းတွင်အသုံးမချနိုင်ဘဲ ရှိနေသည်။ စက်မှုလက်မှု တိုးတက်ရာနယ်များတွင် ဈေးချိုသော အလုပ်သ မားများမှာ အသုံးမတည့်ဘဲရှိနေသည်၊

ထို့ကြောင့် အိန္ဒိယနိုင်ငံအတွက် လိုအပ်နေသည်မှာ ပေါ်လစီချမှတ်ပေးမည့် နိုးကြားတက်ကြွသောလူငယ်များ၊ နိင်ငံရေး သမား၊ သုတေသနပညာရှင်များပါဝင်သည့် ပေါ်လစီဦးဆောင်အဖွဲ့တခုပင်ဖြစ်ပါသည်။  ထိုအဖွဲ့၏အလုပ်မှာ နေ့တဓူဝ ဖြစ် ပေါ်နေသည့်ပြဿနာ မီးတောက်ကလေးများကိုလိုက်ပြီး ငြိမ်းသတ်နေရန်မပာုတ်ပါ၊ သူတို့အဓိကအလုပ်မှာ တိုင်းပြည် အ တွက် အကျိုးရှိမည့် စီးပွားရေး ဦးဆောင်လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်ရန်ပင်ဖြစ်သည်၊ သူတို့နိုင်ငံအနာဂါတ် နှင့် ပေါ်လစီ ရေးရာ နည်းလမ်းအသွယ်သွယ်ကို အောင်မြင်အောင်လုပ်နိုင်မည့် Strategy များကို ချမှတ်ပေးရန်ဖြစ်သည်။ ဘယ်သူမှ မတွေးခေါ်ဘူးသေးသော နည်းလမ်းအသစ်များကို ရှာဖွေကြရန်လည်း လိုအပ်နေပါသည်။

(၂)
BRIC ခေါ် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့မှာ ကမ္ဘာ့တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများနောက်အမှီ ကပ်လိုက်နေသော၊ တချိန်တွင်စီးပွားရေးကျားကြီးများဖြစ်လာကြမည့် နိုင်ငံများဖြစ်ကြပါသည်။ တရုတ်နှင့် အိန္ဒိယတို့မှာ မြန်မာနှင့် နယ်နိမိတ် ဆက်စပ်နေပြီး နိုင်ငံတော်တိုးတက်ရေးအတွက် ကုန်သွယ်မှုပြုလုပ်ရမည့် အိမ်နီးချင်း နိုင်ငံများလည်းဖြစ်ကြပါသည်၊ တရုတ် ပြည်သည် ၁၉ရ၀ ခုနှစ်များမှစ၍ ယဉ်ကျေးမှုတော်လှန်ရေးပြီးမှ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကြောင့် စီးပွားရေး တဟုန်ထိုးတိုးတက်လာသည့်နိုင်ငံဖြစ်ပါသည်။ အိန္ဒိယနိုင်ငံတွင် ကွန်ဂရက်ပါတီအစိုးရလက်ထက်က ပျက်စီးယိုယွင်းနေသော အ ခြေအနေများကို ပြုပြင်၍ စိတ်သစ်လူသစ် ဘီဂျေပီ (BJP-Bharatiya Janata Party) ပါတီ အစိုးရသစ်က ၀န်ကြီးချုပ်မိုဒီ၏ ဦးဆောင်မှုဖြင့် ပြုပြင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်လုပ်ကိုင်လျက် ရှိကြပါသည်။

ယမန်နှစ်ကအိန္ဒိယ၀န်ကြီးချုပ်၏ အမေရိကန်နိုင်ငံခရီးစဉ်တွင် ဖေ့ (စ) ဘုတ် တီထွင်သူ ဇူကားဘတ်နှင့်တွေ့ဆုံပြီး အိန္ဒိယ နိုင်ငံတွင် အင်တာနက် ပိုမိုအသုံးပြုနိုင်ရေးဆွေးနွေးနေသည်ကို တွေ့ကြရပါသည်။ Apple/ Google ကုမ္ပဏီ လူကြီးများကို မူအိန္ဒိယ နိုင်ငံတွင် ရုံးခန်းဖွင့် လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ တရုတ်နိုင်ငံမှ သမတကြီး စီဂျင်ပင်းသည် ယခုနှစ် ကုလသမဂ္ဂသို့ မိန့်ခွန်းပြောရန်လာသောခရီးစဉ်တွင် Silicon Valley ရှိ ကမ္ဘာကျော်ကုမ္ပဏီကြီးများရှိရာသို့ စဦး ရောက်ရှိလာပြီး တရုတ်နိုင်ငံတွင် လူငန်းတိုးချဲ့လုပ်ဆောင်ရေးကိစ္စများကို ဦးစွာဆွေးနွေးဖိတ်ခေါ်ခဲ့ပါသည်၊ ထိုခေါင်းဆောင် ကြီးများသည် မိမိနိုင်ငံ၏စီးပွားရေး စက်မှုဖွံ့ဖြိုးရေးကိစ္စများကို တာဝန်ယူဦးဆောင်နေကြပါသည်။

ကျွန်တော်တို့သည် ထိုနိုင်ငံများ၏အတွေ့အကြုံမှ သင်ခမ်းစာယူနိုင်ကြသည်နှင့်အတူ ၎င်းတို့တိုးတက်သလို သူတို့နှင့်အတူလိုက်ပါနိုင်ရန်ကျိုးစားသင့်ပါသည်။ မြန်မာနိုင်ငံသည် ထိုစီးပွားရေး အင်အားကြီးနိုင်ငံနှစ်ခုအကြားတွင် ကုန်းလမ်းမှ ကုန် သွယ်မှုအတွက် အချက်အချာကျသောနေရာမှာရှိနေပါသည်။ အေရှန် (Asian Highway) လမ်းမကြီးများ ဖေါက်လုပ်နေကြ ချိန်တွင် ကုန်သွယ်မှုလမ်းကြောင်း ချောမွေ့ လွယ်ကူအောင်လုပ်ပေးနိုင်လှင် ပြည်သူအများ အလုပ်အကိုင်များ ရနိုင်သလို နိုင်ငံအတွက် ၀င်ငွေ အသစ်များဖန်တီးပေးနိုင်ပါလိမ့်မည်။ လမ်းများ ပိုမိုကောင်းအောင်လုပ်ပေးနိုင်လျှင်၊ အကောက်ခွန် ဌာနလုပ်ငန်းများကို မှန်မှန် မြန်မြန်လုပ်ပေးနိုင်လျင် မြို့ရွာဖွံ့ဖြိုးရေး လုပ်ငန်းများလုပ်ပေးသည်နှင့် အတူတူပင်ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေး တိုးတက်ဖွံ့ဖြိုးလာပါလျှင် နိုင်ငံတွင်းသို့ မှောင်ခိုနှင့် မလိုလားအပ်သောပစ္စည်းများ ၀င်လာခြင်း ကိုထိမ်းသိမ်း နိုင်ကြပါလိမ့်မည်။ တိုင်းပြည်တွင်းမှ အဖိုးတန်ပစ္စည်းများမှောင်ခိုလမ်းမှ ထွက်သွားခြင်းကိုလည်း တားဆီးနိုင် ကြ ပါလိမ့်မည်၊

ကိုသန်းလွင်

Ref :
Risks in Delhi’s dream of Overtaking China by David Pilling
Singapore Straits Times 11, September 2015