အောင်သဇင် - တပြည်လုံးငြိမ်းချမ်းရေးကို Divide-and-Conquer နည်းလမ်းဖြင့် အောင်မြင်မလို့လား



အောင်သဇင် - တပြည်လုံးငြိမ်းချမ်းရေးကို Divide-and-Conquer နည်းလမ်းဖြင့် အောင်မြင်မလို့လား
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅


အခု စက်တင်ဘာလကုန်ပိုင်းမှာ လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကိုလက်မှတ်ထိုးဖို့ တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့က သဘောတူလိုက်ပြီး ညီလာခံတက်တဲ့ ၁၀ ဖွဲ့နဲ့ ညီလာခံပြင်ပ ၄ ဖွဲ့က ပယ်ချလိုက်တယ်လို့ သတင်းကောင်းကြားသိရပါတယ်။

အဲဒီ ၇ ဖွဲ့ကတော့ KNU DKBA KNU-PC ALP CNF PNLO ABSDF တို့ဖြစ်ပြီး သဘောမတူတဲ့ ၁၄ ဖွဲ့ကတော့ NMSP SSPP KIO KNPP TNLA AA MNDAA ANC WNO LDU နဲ့ UWSA NDAA RCSS NSCN တို့ဖြစ်ကြတယ်။

ထိုးမယ့် ၇ ဖွဲ့မှာ KNU တဖွဲ့ဘဲ အင်အားကြီးအဖွဲ့ဖြစ်ပြီး ကျန်တာတွေက နှစ်ယောက်တပိုင်း အဖွဲ့လေးတွေဖြစ်တယ်။ (DKBA အဖွဲ့ဆိုရင်လဲ အဓိကတပ်မှူးကြီးတွေ မရှိတော့လို့ နှစ်ယောက်တပိုင်းအဆင့် ရောက်သွားပြီဖြစ်တယ်။) တချို့ ဆိုရင် အုပ်ချုပ်ရေးချနိုင်တဲ့နယ်မြေတောင် ခိုင်ခိုင်မာမာမရှိကြဘဲ အသက်ဖုတ်လှိုက်ဖုတ်လှိုက် ရှူနေရတဲ့ လုပ်စားအဖွဲ့ ပေါက်စနတွေဖြစ်လို့ ဗိုလ်အောင်မင်းတို့ ပေးစာကမ်းစာ ပါမစ်တွေနဲ့ အသက်ဆက်နေရတာဖြစ်တယ်။

ဖက်ဆစ်စစ်အုပ်စုဟာ မည်သည့်လုပ်ငန်းမဆို ရိုးသားမှုလုံးဝမရှိဘဲ အမြဲတမ်း Divide-and-rule နည်းနဲ့ သပ်သျှိုဖြိုခွဲ လေ့ရှိတယ်ဆိုတာ အားလုံးအသိပင်ဖြစ်တယ်။

အခုလဲ နိုင်ငံတကာမှဒေါ်လာထုပ် အသုံးပြုပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအတွင်း ပြည်သူ့ဒီမိုကရေစီရေး နဲ့ တိုင်းရင်းသားတန်းတူရေး ဖက်ဒရယ်ပြည်ထောင်စုမူအပေါ် ခိုင်မာစွာရပ်တည်နေတဲ့ တိုင်း ရင်းသားအဖွဲ့ ၁၄ ဖွဲ့နဲ့ မိမိအဖွဲ့အစည်းအခြေအနေကိုအကြောင်းပြပြီး မိမိကိုယ်ကျိုးရယူတဲ့အဖွဲ့အစည်း ၇ ဖွဲ့ထဲက ခေါင်းဆောင်အချို့ကို ကောင်းကောင်းသပ်သျှိုဖြိုခွဲနိုင်တာ တွေ့ရတယ်။ အဲဒါဟာ အုတ်အရောရော ကျောက်အရော ရောဖြစ်နေတာကို ရှင်းထုတ်လိုက်သလို ဖြစ်သွားတာလဲ တွေ့ရှိရတယ်။

(၁) KNU အဖွဲ့အစည်းခေါင်းဆောင်များအတွင်း အချင်းချင်းကွဲပြားအောင် လုပ်ဆောင်နိုင်တယ်။

(၂) ABSDF ဆိုတာ ဘာနယ်မြေ ဘာလူမျိုးကိုမှ ကိုယ်စားပြုတာ မဟုတ်ပေမဲ့ အင်အားမရှိတဲ့တောင်ပိုင်းနဲ့ အင် အားရှိတဲ့မြောက်ပိုင်းကွဲသွားအောင် လုပ်ဆောင်နိုင်တယ်။

(၃) DKBA ဆိုတာ ဘာလူမျိုးကိုမှ ကိုယ်စားပြုနိုင်တာ မဟုတ်ပေမဲ့ တိုက်ရည်ခိုက်ရည်ကောင်းတဲ့ တပ်မှူးတွေနဲ့ တိုက် အားတွေ လွင့်စင်သွားအောင် လုပ်ဆောင်နိုင်တယ်။

(၄) ALP ဆိုတာ ဘာမှအင်အားမရှိဘဲ အခြားရခိုင်အဖွဲ့အစည်းနဲ့ ဘာမှမနှိုင်းသာတဲ့ အဖွဲ့အစည်းဖြစ်ပြီး ရခိုင်ကို ကိုယ် စားပြုတယ်လို့ ရခိုင်ပြည်သူက လက်ခံနိုင်ဖွယ်မရှိပါ။

(၅) KNU/KNLA-PC ဆိုတဲ့အဖွဲ့ကလဲ ဘာမှ အင်အားမရှိတဲ့အပြင် ဘာလူမျိုးကိုမှလဲ ကိုယ်စားမပြုနိုင်ပါ။

(၆) CNF ဆိုတာ ချင်းအမျိုးသားကို ကိုယ်စားပြုသယောင်ယောင်နဲ့ ထိရောက်စွာကိုယ်စားမပြုနိုင်ပါ။

(၇) PNLO အဖွဲ့ဟာ ပအိုဝ်းလူမျိုးကို လုံးဝ ကိုယ်စားပြုနိုင်ခြင်းမရှိပါ။

NCA မထိုးတဲ့အဖွဲ့တွေထဲမှာတော့ နှစ်ယောက်တပိုင်းအဖွဲ့ ၃ ဖွဲ့လောက်ဘဲပါပြီး ကျန်တဲ့အဖွဲ့တွေက သမိုင်းရှိတဲ့စစ်အင် အား၊ ခိုင်မာတဲ့အုပ်ချုပ်ရေးနယ်မြေတွေနဲ့ လူထုထောက်ခံမှုနဲ့ စည်းရုံးရေးအားလဲကောင်းကြတဲ့ အဖွဲ့တွေဖြစ်တယ်။ ဗမာပြည်ရဲ့ ဧရိယာထက်ဝက်ကျော်အပေါ် သွယ်ဝိုက်အတိုင်းအတာတခုကနေ တိုက်ရိုက်အကြွင်းမဲ့အထိ သြဇာသက် ရောက်မှု ရှိတဲ့အဖွဲ့တွေဖြစ်ကြတယ်။

ဒါကြောင့် ဗိုလ်သိန်းစိန်နှင့် မင်းအောင်လှိုင်တို့က အဆိုပါ ၇ ဖွဲ့နဲ့ တတိုင်းပြည်လုံးငြိမ်းချမ်းရေးကို ဘယ်လိုတည် ဆောက်ကြမလဲ။ နိုင်ငံတကာကဒေါ်လာထုပ် ရှင်းဖို့ဘဲ ဖြစ်သွားနိုင်တယ်။

ပြည်သူ့ဒီမိုကရေစီရေးနဲ့ ကိုယ့်အမျိုးသားတန်းတူရေးအပေါ် ခိုင်မာစွာရပ်တည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့ဟာ UNFC မူအတိုင်း စွဲကိုင်ပြီး ကျကျန်ခဲ့တဲ့ ၇ ဖွဲ့နဲ့ ကင်းကင်းရှင်းရှင်း မိမိတို့ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးအောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားဖို့ မိဘပြည်သူများက ဆက်လက်ဝိုင်းရံထောက်ခံသွားကြမှာ ဖြစ်ပါတယ်။