ငြိမ်းချမ်းအေး - မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ


ငြိမ်းချမ်းအေး - မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ
 (မိုးမခ) အောက်တိုဘာ ၀၆၊ ၂၀၁၅


မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ..
တရားမဟုတ်တဲ့ စကားတွေထက်
အလှဓာတ်ပုံက စိတ်ကို ငြိမ်းအေးစေပါတယ်။

အမုန်းတရားကိုသာ ကိုယ်တိုင်မရိုက်လေနဲ့..
အစွန်းရောက်အမှုကိုသာ ပုံတူမရိုက်မိစေနဲ့..

မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ..
အတ္တစွဲ ငါစွဲ အဓမ္မ ဖော်ဆောင် အလုပ်တွေကသာ
တိုင်းပြည်နဲ့ သာသနာ ပုံရိပ် ညှိုးနွမ်းစေတာပါ။

ငြိမ်းချမ်းရေးကို ကိုယ်တိုင်ရိုက် မှတ်တမ်းတင်ကွယ့်..
ဓမ္မအမှုကိုသာ ပုံတူကူးရိုက်လေကွယ့်..

မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ..
ငြိမ်းချမ်းရေး ဘွဲ့ခံတွေ ဂျိုးပြော မိုးပြော ပြောမှသာ
တိုင်းပြည် မငြိမ်းချမ်းနိုင်မှာပါ။

ဗုဒ္ဓကိုကန်ထရိုက်ဆွဲ စံနှုန်းသတ်မှတ်
မြန်မာပြည် ထေရဝါဒ စစ်စစ် အစွဲတွေချွတ်
ကမ္ဘာကို လှမ်းကြည့်ပါ။
ဘုန်းကြီး မယ်သီလ ငြိမ်းချမ်းမှု
အက အလှ ဂီတနဲ့
ဓမ္မအနုပညာနဲ့
လောကကို အလှဆင်နေကြတယ်။

ဘရိတ်ဒန့်စ်ဆွဲ အိုပါးဂန်းနားလုပ်
ဆယ်လ်ဖီ ရိုက်..

အမုန်းတရားထက်တော့
သာပါတယ်..။


မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ..

မယ်သီလရှင်လေး ဆယ်လဲဖီ ရိုက်ပါစေ..။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၀၅၊ ၂၀၁၅



ခေါင်းစီးဓာတ်ပုံ ခရက်ဒစ် - ပြည်သူ့ခေတ် ဂျာနယ်