အိုးအိမ်ဦးစီးဌာနမှရောင်းစားထားသောလယ်မြေများ အမြန်ဆုံးဖြေရှင်းပေးဟု လုပ်ငန်းရှင်များပြော


အိုးအိမ်ဦးစီးဌာနမှရောင်းစားထားသောလယ်မြေများ အမြန်ဆုံးဖြေရှင်းပေးဟု လုပ်ငန်းရှင်များပြော

ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၄ရက်၊ ၂၀၁၅
         

           စက်တင်ဘာ ၂၆ရက်နေ့က မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အတွင်း စက်မှုဇုန်မြေ ယာများကို ဝယ်ယူထားသော လုပ်ငန်းရှင်များနှင့် လယ်သမားတချို့ ပြဿနာဖြစ်ပွားခဲ့သည်ကို လယ်မြေ များ ရောင်း ချခဲ့သော အိုးအိမ်ဦးစီးဌာနမှ ယခုထိတာဝန်ယူဖြေရှင်းမှုမရှိသေးဟု လုပ်ငန်းရှင်များ က အောက်တိုဘာ ၂ရက်နေ့ MJN ရုံးခန်းတွင် ရှင်းလင်းပြောကြားခဲ့သည်။
          ယခုပြဿနာဖြစ်နေသောမြောင်းတကာစက်မှုဇုန်မြေနေရာသည် လယ်သမားများပိုင် ဆိုင်ခဲ့ သောမြေ ဧက ၂၀၀၀ကျော်ကို ၁၉၉၆ ခုနှစ်တွင် ဦးပိုင်မှသိမ်းယူခဲ့သောမြေနေရာဖြစ်သည်။ ထိုမြေများထဲမှ ၈၀၀ ဒသမ ၆၉ဧကကို အိုးအိမ်ဦးစီးဌာနသို့လွှဲပြောင်းပေးခဲ့သည်။ အိုးအိမ်ဦးစီးဌာနမှ ချုပ်ကိုင်ထားသော မြောင်း တကာစက်မှုဇုန်ရှိမြေနေရာမျာအား  လုပ်ငန်းရှင်များက တစ်ဧကကို  ၄၈၇သိန်းဖြင့်ပေးဝယ်ရပြီး၊ တခြားမြို့ နယ်မှ မြေနေရာပြောင်းရွှေ့ပေးရသောလုပ်ငန်းရှင်များက သိန်း ၁၉၀ပေးသွင်းရသည်။ ယခုအ ခင်းဖြစ်နေသောမြေနေရာသည် ယခုကာလပေါက်ဈေး သိန်းတစ်ထောင် ဝန်းကျင်ရှိသည်။ ထိုမြေနေရာ များကို ဝယ်ယူထားသောလုပ်ငန်းရှင်များက ၂၆ စက်တင်ဘာတွင် ခြံခတ်ခြင်းများပြုလုပ်သဖြင့် မူလမြေပိုင် ရှင် လယ်သမားများက မိမိတို့လယ်မြေနေရာများအား ဝင်ရောက်ဆောက်လုပ်ခြင်းမပြုသောကြောင့် လုပ်ငန်းရှင်များဘက်မှ ဝန်ထမ်းအများအပြား နှင့် လယ်သမား များ ထိပ်တိုက်ပြ ဿနာဖြစ်ပွားခဲ့သည်။ လယ်သမားများ၏ ဟန့်တားမှုများကို အိုးအိမ်ဦးစီးဌာနမှဝယ်ယူထားသော လုပ်ငန်းရှင်များက သက်ဆိုင်ရာ ရဲစခန်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ  ဝယ်ယူခဲ့သည့်အိုးအိမ်ဦးစီးဌာန သို့တင်ပြထားသော်လည်း ယခုအထိ အကြောင်းမထူးသေးကြောင်း လုပ်ငန်းရှင်များကပြောသည်။
          အိုးအိမ်ဦးစီးဌာနမှ ၂၃.၉၄၅ဧက ဝယ်ယူထားသူ Fair Sun ကုမ္ပဏီပိုင်ရှင် မသီရိမွန်ကပြောပြရာ တွင် စစ်တပ်ကသိမ်းထားသောလယ်မြေများ၊ အိုးအိမ်နှင့် ကုမ္ပဏီပူးတွဲ၍သိမ်းထားသောလယ်မြေများ၊ အိုးအိမ်မှကုမ္ပ ဏီများကိုရောင်းချ ထားသောလယ်မြေများကို ရှေ့နောက်ကာလအုပ်စုခွဲ၍ အမြန်ဆုံး ရှင်းပေးစေချင်ကြောင်း၊ ဝယ်ယူထားသည့်မြေဧကများမှာ ကုန်ကျငွေ အများအပြားပေးဆောင်ဝယ်ယူထားရ သည့်အတွက် ဝင်ရောက် လုပ်ကိုင်၍မရဖြစ်နေခြင်းမှာ နစ်နာမှုများရှိနေကြောင်း၊ အိုးအိမ်ဦးစီးဌာနမှ တာဝန်ခံတာဝန်ယူမှုရှိပေးစေ ချင်ကြောင်း ပြောပြသည်။
          ဆက်လက်၍ “လယ်သမားများနဲ့ ထိပ်တိုက်ပြဿနာဖြစ်နေချိန်မှာ ရဲကိုဖုန်းဆက်ပြီး အကူညီ တောင်း တယ်၊ လုံးဝမလာဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးလဲမလာဘူး၊ ရဲကလည်းဘယ်မှာမှန်းကိုမသိဘူး ခေါ်လို့ တောင်မရဘူး၊ အမတို့နား မှာဘယ်သူမှမရှိဘူး၊ နောက်ဆုံးအမတို့အနေနဲ့ ဇုန်ရုံးကိုသွားတယ်၊ အဲဒီအချိန် မှာ နယ်လုံဝန်ကြီးကအစည်း အဝေးခန်းထဲမှာရှိတယ်၊ ကျမတို့တိုက်ရိုက်တင်ပြချင်တယ်၊ တင်ပြခွင့် မရခဲ့ ဘူး၊ နောက်ဆုံးသက်ဆိုင်ရာအာ ဏာပိုင်၊ မြို့နယ်၊ ခရိုင်အင်းစိန်ကရဲမှူးကြီးတွေနဲ့ တွေ့ပါဆိုလို့တွေ့တယ်၊ အစည်းအဝေးဆုံးဖြတ်ချက်အရ နှစ်ဦးနှစ်ဖက်လုံးဝဆက်မလုပ်နဲ့တော”့ ဟု ပြောပြသည်။
           မြောင်းတကာစက်မှုဇုန်ရှိ လုပ်ငန်းရှင်များဝယ်ယူထားသောလယ်မြေများသည် မြေယာပြဿ နာရှိနေသည့်အတွက် သက်ဆိုင်ရာမှ တားဖြစ်ပိတ်ဆို့ထားသော်လည်း အိုးအိမ်ဦးစီးဌာနမှ အမြန်ဆုံးပြန် လည်ဖြေရှင်းပေးရန် လုပ်ငန်းရှင်များမှရှင်းလင်းပြောပြခဲ့သည်။