ဘကြီးမိုးပြောပြသော သူတို့ အကြောင်း


ဘကြီးမိုးပြောပြသော သူတို့ အကြောင်း
ဟန်သစ်နိုင်၊ မိုးမခ၊ အောက်တိုဘာ ၂ရက် ၊ ၂၀၁၅


''ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ဆိုတာ စစ်တပ်က လုပ်ချင်တာမဟုတ်သလို လုပ်လဲမလုပ်တတ်ဘူး။ စစ်တပ်ကအမိန့်ပေးတာ ပဲလုပ်တတ်တယ်။ လွှတ်တော်အစိုးရဖြစ်လာတော့လဲ မလုပ်တတ် တော့ အလွှဲလွှဲအချော်ချော်နဲ့ ၂၀၁၅တာရောက်လာ တယ်။ အခုဒီရွေးကောက်ပွဲလုပ်တဲ့အခါမှာလဲ တဖက်စောင်းနင်း သူတို့ကိုယ်တိုင်ထုတ်ထားတဲ့ ဥပဒေတွေနဲ့ဆိုတော့ ဒီရွေးကောက်ပွဲကို သိပ်ပြီး ခံစားမှုမထည့်ထားဘူ။ အခုမဲစာရင်းတွေမှာရော သူတို့လုပ်ခဲ့သမျှမှာရောက အကုန်လုံးကအလွှဲကြီး အမှားမှားအယွင်းယွင်းတွေဖြစ်နေတော့ သန့်ရှင်း မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့က မသေချာဘူး။ နောက်ကုလသမဂ္ဂကတောင် မြန်မာပြည်ကို အဲဒီရက်ထဲမှာမလာဘို့ ကြေညာချက်ထုတ်ထား တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ ရွေးကောက် ပွဲမှာ ဖြစ်လေ့ဖြစ်ထရှိခဲ့တယ်။ ၂၀၁၅ရွေးကောက် ပွဲမှာလဲ အနိုင်ရပါတီကို အာဏာလွှဲပေးဘို့ဆိုတာ သူတို့ကိုဆုံးဖြတ်ရခက်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဘာဖြစ်မယ် ညာဖြစ်မယ်ပြောလို့မရတာ သူတို့မှာ အချက်အလက်ကဘာမှမရှိဘူး။ ခန့်မှန်း ဖို့ခက်တယ်။သူတို့ကလဲ လူထုကိုမယုံကြည်ဘူး၊ လူထုကလည်းသူတို့ကိုမယုံကြည်ဘူးဖြစ်နေတယ်။ အခု ၂၀၁၅အခြေအနေတွင်းမှာ နှစ်ဦးနှစ်ဖက် မယုံကြည်မှုဟာ အဆမတန်ဖြစ်သွားတယ်။ သူတို့စစ်အစိုးရသက်တမ်း ၅၂နှစ်အတွင်းမှာ လည်း ပြည်သူအတွက် ဘာမှမရှိခဲ့ဘူး။ အဲတော့ ပြည်သူကမယုံကြည်ဘူး။ လယ်တွေသိမ်းခဲ့တယ်၊ ယာတွေသိမ်းခဲ့တယ် ၊ဒုက္ခ္ခ တွေအမျိုးပေးခဲ့တယ်။ အခုလဲ တပ်ကဗိုလ်ချုပ်ကြီးတွေက တပ်က ထွက်ပြီး ကြံ့ခိုင်ရေးပါတီထဲဝင်ရွေးတယ်။ နိုင်ရင်ကိစ္စမရှိဘူး၊ ရှုံးရင်ရော သူတို့ဘာဆက် လုပ်ကြမလဲ မသိဘူး။ ဘာပဲဖြစ်ဖြစ် လောလော ဆယ် ပထမကတော့ မဲပေးကြဖို့၊ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ကိုယ့်ဆန္ဒ မဲပေးခွင့်ရဖို့ မဲပေးကြ ရမယ်'' ဟု ဦးမိုးသူမှ ပြောပြသည်။