အီကြာအော် - “ဖွတ်ကလေးနှင့် ခက်သေးရွာ ရွာလုံးကျွတ်ရွေးကောက်ပွဲကြီး”
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅
ဖွတ်ကလေးတယောက် အီကြာအော်၏ အိမ်သို့ ဒေါကြီးမောကြီးနှင့် ရောက်ချလာလေသည်။
“ဟေ့ကောင် ဖွတ်ကလေး ... မင်းက ဘာတွေများ ဒေါခီးနေရတာလဲ”
“ဦးဖင်အေးလုပ်ပုံ ကောင်းသေးရဲ့လား ဆရာအော်ရဲ့”
“မင်းကလည်းကာ ဦးဖင်အေးလုပ်တာ ဘာဖြစ်လို့လည်း”
“ဒီမှာလေ မဲစာရင်းထဲမှာ မရှိတော့တဲ့ ကျုပ်အဖေက ပါလာပြီး သက်ရှိထင်ရှားရှိနေသေးတဲ့ အမေကျတော့ စာရင်း ဖျောက်ထားတယ်၊ ဖယူဖယူကယော်သိန်းတောင် သူ့နာမည် မဲစာရင်းထဲမပါလို့ ဒေါခီးနေတယ်လေ ဆရာအော်ရဲ့”
ခက်သေးရွာကြီး၏ ရွာလုံးကျွတ် ရွေးကောက်ပွဲကြီး နီးလာပြီမို့ တရွာလုံး ဗြောင်းဆန်နေသည်။
ရွာတံခါးစောင့်လုပ်ခဲ့ဘူးသူ ဦးဖင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ လုပ်ပြီး သူ စာရင်းပြုစုထားသည့် မဲပေးသူစာရင်းမှာကား သမဝါယမခေတ်က စာရင်းလွဲသည်ထက်တောင် ပိုလွဲနေသည်မို့ သူ့ထက်လွဲသူတောင် ဦးဖင်အေးလောက်မလွဲနိုင်ဟု ခက်သေးရွာသားများက ဆိုကြလေသည်။
ရွာတံခါးစောင့်လုပ်ခဲ့ဘူးသူ ဦးဖင်အေးက ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ လုပ်ပြီး သူ စာရင်းပြုစုထားသည့် မဲပေးသူစာရင်းမှာကား သမဝါယမခေတ်က စာရင်းလွဲသည်ထက်တောင် ပိုလွဲနေသည်မို့ သူ့ထက်လွဲသူတောင် ဦးဖင်အေးလောက်မလွဲနိုင်ဟု ခက်သေးရွာသားများက ဆိုကြလေသည်။
ခက်သေးရွာ၏ ဓလေ့အတိုင်း လွယ်နေသည်ကို ခက်အောင် လုပ်သည်မှာ ခက်သေးရွာလူကြီးများ၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပေသည် မဟုတ်ပါလား။
“တို့ခက်သေးရွာလည်း နာမည်က စီးနေတော့ ပညတ်သွားရာ ဓာတ်သက်ပါပေါ့ကွာ၊ တရွာလုံးကို ခက်နေတော့တာပဲ”
“ငါတို့ သုံးတဲ့ငွေတောင် “ကျပ်”ဆိုတော့ အကုန်ကျပ်ကုန်တာပေါ့။ အခုလည်း ကြည့်လေ၊
“ဘာကိုကြည့်ရမှာလည်း ဆရာအော်”
“မင်းကလည်းကွာ…၊ ရွေးကောက်ပွဲအကြောင်း ပြောမလို့ကွ၊ တို့ ခက်သေးရွာလူကြီးတွေက ရွေးပြီးတော့ ကောက်တာကိုးကွ”
“ဟုတ်ပါ့ ဆရာအော်ရယ်….၊ သူတို့က စိတ်ကြိုက်ရွေးပြီးတော့ စိတ်ကောက်ချင်ရင် ကောက်တော့တာပဲ”
''ဟေ့ကောင် ဖွတ်ကလေး…၊ မင်းက အမေ စာရင်းပျောက်တာ… ငါက စာရင်းထဲမှာ အမေနာမည်လွဲနေလို့ သေရွာက ငါ့အဖေတောင် နောက်မိန်းမရသလို ဖြစ်သွားပေါ့ကွ''
လွဲဖြစ်အောင်လွဲသော ခက်သေးရွာပင် ဖြစ်တော့သည်။
ခက်သေးရွာကြီး၏ သမဒဂျီး ဘပြောင်ခမျာလည်း နှလုံးစက်ကလေး တပ်ထားရသည်မို့ ခက်သေးရွာသားများ၏ သနားတတ်သည့် ထုံးစံအတိုင်း ဝိုင်း၍ အသနားပိုခဲ့ကြသေးသည်။ ခုတော့ ဘပြောင်ခမျာလည်း ကြွက်နီတို့လို ကလေးများ၏ ရယ်စရာ ဇာတ်လိုက်တဦး ဖြစ်နေရှာသည်။
တနေ့ကလည်း ကြွက်နီတယောက် သူ့သူငယ်ချင်း မောင်ခွေးကို အားရပါးရ မုန့်ဟင်းငါး ကျွေးနေလေ၏။
''ဟေ့ကောင် မောင်ခွေး မင်းကွာ. ကစားရင်ကစားမယ်၊ မကစားရင် မကစားဘူး ပြောကွာ၊ ဘပြောင်လို ဟိုလိုလို သည်လိုလို၊ ကစားမလိုလို မကစားဘူးလိုလို မူရာမာယာတွေ မလုပ်နဲ့ကွာ''
အတုမြင်အတတ်သင်ဟု ဆိုရိုး ရှိလေသည် မဟုတ်ပါလား။ခက်သေးရွာတွင် ကလေးများလည်း ခက်သေးရွာလူကြီးများ၏စကားများနှင့် အမူအရာကို အတု ခိုးကြလေသည်။
ခက်သေးရွာလွှတ်တော်ဥက္ကဌကြီး ဦးလေပန်းခမျာလည်း တလောက သူဥက္ကဋ္ဌ လုပ်နေသည့် ကြံ့နှင့် ဖွတ်ကျားပါတီမှ သူ့ခုံကို ဦးဌေးနယူးမှ လာလုသွားသောကြာင့် ခုံပျောက်သွားရှာသည်။
ဦးဌေးနယူးမှာကား လုပ်ကြံခံခဲ့ရ၍ ကျဆုံးခဲ့သော အမေပု၏ အဖေ ဗိုလ်ချုပ်ဝင်စားသည်ဟု သူ့ကိုယ်သူ အထင်ကြီးနေလေ၏။ ခက်သေးရွာသားများက သူ့ကို “နယူးဗိုလ်ချုပ်”ဟု ခေါ်တွင်ကြလျှင် အလွန်ပင် သဘောကျတော်မူသည်။
ကြွက်နီတို့ ကလေးများက တနေ့က သူ့ကို ခက်သေးရွာလယ်တွင် "နယူးကြီးလာပြီ၊
နယူးကြီးလာပြီ"ဟု လက်ညှိုးထိုးပြီး ဆိုကြသောအခါတွင်ကား ဒေါခီးသွားလေတော့သည်။
နယူးကြီးလာပြီ"ဟု လက်ညှိုးထိုးပြီး ဆိုကြသောအခါတွင်ကား ဒေါခီးသွားလေတော့သည်။
သူကြီးအမေပုကား ခက်သေးရွာကြီး ဆင်းရဲခြင်းအပေါင်းမှ လွတ်ကင်း၍ ရွာသူရွာသားများ၏ ဘဝ တိုးတက်လာစေရန်အလို့ငှာ ရပ်ကွက်အနှံ့ လှည်းနေလှေအောင်း၊ မြင်းစောင်းမကျန် ဖွဘုတ်တလွှားတွင် ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် လှုပ်ရှားနေရရှာသည်။
“တို့ကတော့ မေပုမှ မေပုပဲဟေ့”
အီကြာအော်လည်း သူ့ဗိုက်ရွှဲရွှဲကို ဖုံး၍ မတန်၊ တန်အောင်ဝတ်ထားသော အမေပု၏ပါတီ ခွပ်ဒေါင်းတံဆိပ်နှင့် စွပ်ကျယ်ကို ဆွဲဆန့်ရင်း တပည့်ကျော် ဖွတ်ကလေးကို အားရပါးရ ပြောလိုက်လေသည်။
“ကျော်လည်း အမေပု ပါတီပဲ မဲပေးမယ်”
သူ့၏ဆိုင်ကယ်တွင် ခွပ်ဒေါင်းတံဆိပ်အလံကိုတပ်ထားသော ဖွတ်ကလေးက ရင်ကော့၍ ပြောလိုက်လေသည်။
“မင်းက ပြီးတော့မှ ဘပြောင်တို့ဝါးထားပါတီကနေ ဒန်ပေါက်တွေ သွားစားမနေနဲ့နော်”
အီကြာအော်က ဒန်ပေါက်စားထားသော ဖွတ်ကလေးကိုလှောင်လိုက်သည်။
“အမေပုစကားကို နားထောင်ရမယ်လေ ဆရာအော်ရဲ့ ”
ဘပြောင်တို့၏ ကြံ့နှင့်ဖွတ်ကျား ပါတီက မဲဆွယ်ပြီး ခါတော်မီ ဒန်ပေါက်များကို ခက်သေးရွာ ရပ်ကွက်စေ့ လိုက်ဝေသည်။ အမေပုက “ဒန်ပေါက်လည်းစားကြ၊ သူမ၏ ခွပ်ဒေါင်းပါတီကိုသာ မဲပေးကြ”ဟု ဆိုသည်။
ဒါမျိုးဆိုလျှင်တော့ ခက်သေးရွာသားများ၏ အကြိုက်ပင်၊ ဒန်ပေါက်အဝသွားစားပြီး ခွပ်ဒေါင်းပါတီကို မဲပေးကြမည်ဟု ဆိုကြသည်။ အာဂ ခက်သေးရွာများပင် ဖြစ်ပေသည်တကား။
ဆရာတပည့်နှစ်ယောက် စကားကောင်းနေစဉ် ကြွက်နီတို့ ကလေးတသိုက် ခက်သေးရွာလယ်ကောင်တွင် ပုဆိုးကို စလွယ်သိုင်း၍ နှပ်ချေးတွဲလောင်းဖြင့် စာများကိုရွတ်ရင်း ချီတက်လာကြလေသည်။
“ရဲသားကြီးက ကိုလှရွှေ
လူဆိုးသတ်လို့ သူကသေ၊
တို့လုံမေ မခင်မြ
ကားတိုက်ရာတွင် သူပါကြွ
ဘူးလက်ကြီးက ဦးပွပေ
ကသာသွားဖို့ ခါးတောင်းကျိုက်နေ၊
စားရင်းရှုပ်ပွေ ဦးဖင်အေး
ရှင်းနေတာကို သူရှုပ်ပေး၊
အဖာအထေးက ရဲပွတ်ပါ
ဟောင်းလောင်းကြီးတောင် သူကဖာ၊
သူ့ဆရာ ဦးပြောင်ကြီး
မရိုးတရိုးစားပြီး သူသွားဖြီး”
ကလေးများက သွားများကို ဖြီးရင်း ဆိုကောင်းကောင်းနှင့် ဆိုနေကြလေသည်။
“ဒီကောင်လေးတွေတော့ ခက်ပါတယ်ကွာ“
အီကြာအော်က မှတ်ချက် ချလိုက်သည်။ြေ ပာသာပြောရသည၊် အီကြာအော်က ကြွက်နီတို့ကလေးတသိုက်ကို စိတ်ထဲမှကြိတ်၍ သဘောကျနေလေ၏။
ဤသို့သဘောကျနေခိုက် မီးဖိုချောင်ထဲမှ ဒေါ်အွန်မေးတယောက် ထွက်လာပြီး
“ကိုအော်.... ၊ရှင်တော့ ....ကလေးတွေကို အားကျပြီး နောက်ကနေ လိုက်မသွားနဲ့ဦး၊ ရွေးကောက်ပွဲမတိုင်ခင် ဆီလေး ဆန်လေး ဖြည့်ထားမှ၊ တော်ကြာ တောကြောင်တွေ၊ ဟိုအမျိုးဆောင့်ဆိုလား ဘုန်းကြီးအတုတွေ နှောက်တာနဲ့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ပြီး ဘာမှ ဝယ်မရဖြစ်မယ်၊ ကျုပ်တို့ ခက်သေးရွာသားတချို့က သိတဲ့အတိုင်း ကြွက်မနိုင် ကျီမီးရှို့လုပ်တတ်တယ် မဟုတ်လား၊ ကိုခိုနီတို့ဆိုင်ကို ပြေးလိုက်ပါဦး”
အမြဲလက်တွေ့ကျသော ဇနီးသည် ဒေါ်အွန်မေး၏သြဝါဒကို မြေဝယ်မကျ နားထောင်နေကျမို့ အီကြာအော်လည်း
“အေးပါကွာ အွန်အွန်ရာ” ဟုဆိုရင်း ကိုခိုနီ၏ စူပါမာကက်သို့ ဆီနှင့်ဆန် အဝယ်ထွက်ခဲ့လေတော့သတည်း။
သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်