သားကြီးမောင်ဇေယျ - ကြယ်အတုတွေလင်းတဲ့ည

သားကြီးမောင်ဇေယျ - ကြယ်အတုတွေလင်းတဲ့ည
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၅

စင်ပေါ်မှာ
သိုးရေခြုံထားတဲ့ ကျားတွေက
ကျားချောင်းချောင်း။ ။

စင်အောက်မှာ
ကျားရေ ခြုံထားတဲ့ သိုးတွေက
ကုတ်ချောင်းချောင်း။ ။

အသံချဲစက်နားက
သွားရည် တများးများ
မြေခွေးတွေက ချိုးလို ကူပြ။ ။

ငြိမ်းချမ်းရေး ငွေခရုနဲ့
ကြယ်အတုတွေ လင်းတဲ့ည။ ။

သားကြီးမောင်ဇေယျ
(၂၈- ၁၀-၂၀၁၅)
illustration : Toni Demuro