“ PEE Mak ” မှ နာမည်ကျော်သရုပ်ဆောင် MARIO MAURER နှင့် မြန်မာ့ထိပ်တန်း အနုပညာရှင်များ POND’S MEN ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ပါဝင်ဆင်နွှဲ

“ PEE Mak ” မှ နာမည်ကျော်သရုပ်ဆောင် MARIO MAURER နှင့် မြန်မာ့ထိပ်တန်း အနုပညာရှင်များ POND’S MEN ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ပါဝင်ဆင်နွှဲ







ရန်နောင်(ဗိုလ်တထောင်)     မိုးမခ      အောက်တိုဘာ    ၈ - ၂၀၁၅
          Pond’s  သည် ၎င်း ၏ Pond’s Men Energy Charge ထုတ်ကုန်များအတွက် မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်ခြင်း  အခမ်းအနားကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပခဲ့ပါသည်။ ထိုမိတ်ဆက်ပွဲကို ကုန်အမှတ်တံဆိပ်၏ အနုပညာရှင်  သံတမန်များဖြစ်သော အရှေ့တောင်အာရှ မှနာမည်ကျော် သရုပ်ဆောင် Mario Maurer ၊ မြန်မာနိုင်ငံမှ သံတမန် နိုင်းနိုင်း၊စည်သူအောင်၊အောင်ထက်၊ Unilever မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အခြားထိပ်တန်း အနုပညာရှင်များ လည်း တက်ရောက်ခဲ့ကြသည်။
          “ Pond’s Men က အသားအရေ ထိန်းသိမ်းမှုအတွက် တကယ့်ကို ခေတ်မီဆန်းသစ်တဲ့ ရှာဖွေတီထွင်မှု တစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ကော်ဖီစေ့ရဲ့ အဆီအနှစ်များပါဝင်တဲ့ အမျိုးသားသုံး အသားအရေထိန်းသိမ်းမှု ထုတ်ကုန်တစ်ခုဖြစ်ပြီး အမျိုးသားတွေရဲ့ တက်ကြွတဲ့ လူနေမှုပုံစံအတွက် ပြီးပြည့်စုံစေပါတယ် ´ ဟု Unilever မှ  Senior Brand Manager Johathan  Pua က ပြောကြားခဲ့သည်။ ` မြန်မာနိုင်ငံက အမျိုးသားတွေအတွက် အသားအရေ ထိန်းသိမ်းမှု နဲ့ ပတ်သက်တဲ့ ပြဿနာအားလုံးရဲ့ အဖြေဖြစ်ပြီး ဖြူစင်အားပြည့် စွဲဆောင်မှုရှိတဲ့ အသားအရေကို ပေးအပ်နိုင်မယ့် အကောင်းဆုံးနဲ့ အစွမ်းထက်ဆုံး အသားအရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ´ ဟု Mr. Jonathan Pua မှ ဖြည့်စွက်ပြောကြားခဲ့သည်။
          Mr. Jonathan Pua မှဆက်လက်ပြီး  Pond’s Men Energy Charge Face Wash, Face Moisturizer နှင့် Pond’s Men Clear Oil Control Face Wash တို့ ဖြစ်သည်။
          အခမ်းအနားတင်ဆက်သူများ ဖြစ်ကြသော ဆန်းထွဋ်နှင့် မောင်မောင်အေးတို့သည် မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားသော အရေပြားအထူးကု ဆရာဝန်ဖြစ်သည့် ဒေါက်တာစိုးဝင်းဦးအားဖိတ်ခေါ်၍ အမျိုးသားများ၏ အရေပြားအတွက် လိုအပ်သော ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ၊ကော်ဖီစေံ၏ အဆီအနှစ်ကဲ့သို့ စွမ်းအားမြင့် ပါဝင်ပစ္စည်းများနှင့် ပြုလုပ်ထားသော Pond’s Men ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ အစရှိသည်တို့ကိုလည်း ဆွေးနွေးတင်ပြသွား ခဲ့ပါသည်။ “ Pond’s  Institute ရဲ့ ရှာဖွေတွေ့ရှိချက်အရ ကော်ဖီစေ့ အဆီအနှစ်က ပင်ပန်းနွမ်းနယ်ပြီး မွဲခြောက်နေတဲ့ အသားအရေကို ပြန်လည်အသက်သွင်းပြီး အားဖြည့်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိကြောင်းကို သိပ္ပံနည်းကျအတည်ပြုပြီး ဖြစ်ပါတယ်။ Pond’s Men ထုတ်ကုန်တွေမှာ ပါတဲ့ ကော်ဖီစေ့တွေကလည်း anti-oxidant ဓာတ်ကြွယ်ဝပြီး လေထုညစ်ညမ်းသောပတ်ဝန်းကျင်မှ ကာကွယ်ပေးနိုင်ခြင်း၊အရေပြားဆဲလ်အသစ် ပြန်ဖြစ်နှုန်းကို အထောက်အကူပေးသည့် ကော်လာဂျင် ထုတ်လုပ်မှု မြင့်မားခြင်း၊အရေပြား တင်းအားကို ပိုမိုတိုးတက်ကောင်းမွန်စေခြင်း၊အသားအရေကို ပိုမိုချောမွေ့စေခြင်းနဲ့ မျက်နှာကို ဝင်းလက်တောက်ပစေခြင်းစတဲ့  အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့အပြင် နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ အသားအရေ ပျက်စီးခြင်းကိုလည်း တိုက်ဖျက်ကာကွယ်ပေးနိုင်ပါတယ် ´ ဟု ဒေါက်တာစိုးဝင်းဦး မှ ပြောကြားခဲ့သည်။
          အဆိုပါ မိတ်ဆက်ပွဲတွင် အမျိုးသားများအနေဖြင့် အသားအရေ ထိန်းသိမ်းရေးအတွက် ပြန်လည်အားဖြည့်ပေးရုံသာမက ဖြူစင်ဝင်းပစေသည့် အဓိကစွမ်းဆောင်ချက်များကို ပေးစွမ်းနိုင်သော ပစ္စည်းအား အသုံးပြုသင့်ကြောင်း Pond’s Men Brand Ambassador များမှ Pond’s Men မျက်နှာသစ်ဆပ်ပြာများနှင့် Moisturizer အားစင်မြင့်ထက်သို့ ယူဆောင်ခြင်းဖြင့် မိတ်ဆက်ပေးခဲ့သည်။
          ပွဲတွင် Mario Maurer အပါအဝင် တက်ရောက်လာသော Brand သံတမန်များ ၊အနုပညာရှင်များက စိတ်ဝင်စားဖွယ်ရာကောင်းသော ဂိမ်းများကို အားတက်သရော ကစားခဲ့ကြသည်။ Energy Wheel ဂိမ်းတွင်လည်း Brand သံတမန်များမှ မော်ဒယ်လမ်းလျှောက်ပြခြင်း၊သီချင်းဆိုပြရခြင်း နှင့် အကဖြင့် ဖျော်ဖြေခြင်း အစရှိသည်တို့ကို ပြုလုပ်ခဲ့ပါသည်။