ဝန်ဇင်း မိုဘိုင်းအီးဘုတ် ဖတ်စက်ကနေ မိုးမခမဂ္ဂဇင်းလစဉ် အားပေးနိုင်ပြီ၊ တအုပ် ၈၀၀ မျှသာ


ဝန်ဇင်း မိုဘိုင်းအီးဘုတ် ဖတ်စက်ကနေ မိုးမခမဂ္ဂဇင်းလစဉ် အားပေးနိုင်ပြီ၊ တအုပ် ၈၀၀ မျှသာ
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

မိုးမခပုံနှိပ်မဂ္ဂဇင်းကို ၂၀၁၄ ဧပြီလကနေ မြန်မာပြည်မှာ စတင်ထုတ်ဝေခဲ့ရာ ယခုဆိုရင် နှစ်နှစ် နီးပါး ရှိပါတော့မယ်။ မြို့ရွာအနှံ့ စာအုပ်ဆိုင်များကနေ ဖြန့်ချိရောင်းချတာအပြင် စာကြည့်တိုက်၊ စာဖတ်အသင်း၊ လူမှုရေး ပညာရေး အသင်းအဖွဲ့များကိုလည်း အခမဲ့ဖြန့်ဝေပေးပါတယ်။ 

ပုံနှိပ်စာအုပ်ဈေးကွက်အပြင် ပြည်တွင်းမှာ အွန်လိုင်းကနေတဆင့် စာအုပ်ကို အိမ်အရောက်ပို့ တိုက်ရိုက်မှာယူနိုင်တဲ့  http://royalshop.biz/ ၀က်ဆိုက်မှာလည်း စာအုပ်ကို တင်ရောင်းတာကို နိုဝင်ဘာ လဆန်းမှာ တိုးချဲ့ခဲ့ပါတယ်။ (သည်နေရာမှာ ကြည့်ပါ) ။

 ဒါ့အပြင် အွန်လိုင်းမှာ ကိုယ့် ဖုန်းနဲ့ တက်ဘလက်တွေထဲမှာ အီးဘုတ်အဖြစ် တိုက်ရိုက် ဒေါင်းလုပ်ဖတ်နိုင်တဲ့ ၀န်ဆောင်မှုအဖြစ် ၀န်ဇင်းမိုဘိုင်းအက်ပ်ကနေ တဆင့် တင်ဆက်လိုက်ပြန်ပါပြီ။ အွန်လိုင်းအီးဘုတ်ဗားရှင်းကတော့ မြန်မာကျပ်ငွေ ၈၀၀ မျှသာ ကျသင့်ပါတယ်။
ဝန်ဇင်း အမည်ရှိ Book Reader Application ကို Bagan Innovation Technology မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ Version 1 အနေဖြင့် စတင်ထွက်ရှိပြီး ပါဝင်သော Function များအနေဖြင့်
  • - မိမိကိုယ်ပိုင် ၀န်ဇင်းအကောင့်ဆောက်လုပ်ခြင်း – စာအုပ်များကို အမြည်း သဘောမျိုး Download ပြုလုပ်ဖတ်ရှုနိုင်ခြင်း
  • - မိမိကြိုက်မှ ၀ယ်ယူဖတ်ရှုနိုင်ခြင်း
  • - Free စာအုပ်များလဲပါရှိခြင်း
  • - အကောင့်ကို ငွေဖြည့်သွင်းရာတွင် MPT ဖုန်းဘေလ်ဖြင့်လည်းကောင်း၊ Visa/Master ကတ်များဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အသုံးများသော 123 ငွေပေးချေမှု စနစ်ဖြင့်လည်းကောင်း ဖြည့်သွင်းနိုင်ခြင်း တို့ပြုလုပ်နိုင်ပါသည်။
ဝန်ဇင်း Application ရှိ စာအုပ်များမှာ မူလစာရေးဆရာများ၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးခြင်းဖြစ်ရာ ၀ယ်ယူအားပေးခြင်းဖြင့် မိမိတို့ နှစ်သက်သောစာရေးဆရာများကို အားပေးရာရောက်ပါသည်။ စာအုပ်များကို PDF မဟုတ်ပဲ E-pub များဖြင့် ပြုလုပ်ထားခြင်းကြောင့် စာအုပ် တစ်အုပ်လျှင် 400 KB မှ 2MB အထိသာ ရှိသောကြောင့် Download ပြုလုပ်ရ လွယ်ကူပါသည်။ ၀တ္ထုတို၊ အတ္ထုပ္ပတိ၊ ကျန်းမာရေး၊ ပညာရေး၊ ဥပဒေ နှင့် အခြား စာအုပ် Category များစွာပါဝင်ပါသည်။ 

သည်နေရာမှာ ထည့်သွင်းပါ။  Google APP -
APPLE APP -