အောင်ဝေး - ယုဇန မခင်ပျို


အောင်ဝေး - ယုဇန မခင်ပျို
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆

ယု ဇ န မ ခ င် ပျို ရ ယ် ...
ဒီနေ့ (ဇန်န၀ါရီ- ၂၆၊ ၂၀၁၆) မစ်ရှီဂန်က Lansing Community College မှာ ကျနော့် တစ်ကိုယ်တော်ကဗျာရွတ်ဆိုပွဲ ရှိတာဗျ။ ပွဲက ညနေခင်းမှ။

မနက် အိမ်မှာ ပွဲအတွက်ပြင်ဆင်နေတုန်း မောနေယျ(Pဆာမိ)ဆီကနေ -
"ဆရာဇော်ဇော်အောင်ဆုံးပြီလို့ ၊ ဇော်လူစိမ်းဆီကကြားတယ်" ဆိုတဲ့ သတင်းရောက်လာတယ်။
ကျနော်စိတ်ထဲမှာထင့်သွားတယ်။ ချက်ချင်းပဲ လိုင်းပေါ်မှာတွေ့ ရတဲ့ ကိုစောဝေကို ဆရာဆုံးတာ ဟုတ်- မဟုတ် လှမ်းမေးရပါတယ်။ သားလပြည့်ဝေးဆီလည်း၊ ဆရာဇော်ဇော်အောင်ဆုံးပြီကြားတယ်၊ မင်းသတင်းမေးကြည့်ပါဦးသားရေ- လို့ လှမ်းပြောရတယ်။
ကိုစောဝေထံက၊ ဟုတ်တယ်၊ ည(၉)နာရီကျော်ကဆုံးတာလို့ အကြောင်းပြန်တဲ့အချိန်မှာ ကျနော့်စိတ်က အဖြူရောင်သက်တံ ကဗျာရွတ်ဆိုပွဲတွေဆီ ပြန်ရောက်သွားပါတယ် မခင်ပျို။
အဲဒီတုန်းက "စောဝေတို့ ၊ ဇော်သက်ထွေးတို့ ၊ အောင်ဝေးတို့  အဖြူရောင်သက်တံဆိုပြီး လူထုရှေ့ မှောက်မှာ ကဗျာတွေရွတ်နေကြတာ။ ဒါ သူတို့ MICRO POLITICS (အနုနိုင်ငံရေး) လုပ်နေကြတာပဲ" လို့  ဆရာ ကျနော်တို့ ကို ထောက်ခံအားပေးခဲ့တာပါ မခင်ပျိုရယ်။

အခု ကျနော့်တစ်ကိုယ်တော်ကဗျာရွတ်ဆိုပွဲရှိတဲ့နေ့ မှာ ဆရာဆုံးခဲ့တယ်။
ကျနော်တို့ ကဗျာရွတ်ရင် အမြဲရပ်တည်အားပေးခဲ့တဲ့ဆရာ့ ကို ဒီရေခြားမြေခြားက ကျနော့် ရဲ့ ကဗျာရွတ်ဆိုပွဲနဲ့  ဦးညွှတ် ဂုဏ်ပြု နှုတ်ဆက်လိုက်ပါတယ်။
ယုဇနမခင်ပျိုရယ် ပြောလိုက်ပါတော့။
လေးစားစွာဖြင့်-
ေ အ ာ င္ ေ ၀ း