ဆောင်းယွန်းလ - သံသယ

ဆောင်းယွန်းလ - သံသယ
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆

တိမ်နဲ့
တောင်
မကွဲသေးတာဟာ
အမှောင်ကြောင့်လား
အရောင်ကြောင့်လား…

အမှန်တရားဟာ
ငါ့ပါးကို
လေအဖြစ် တိုးတိုက်သွားရစ်ပေါ့…

စစ်မစစ်
ဈေးဆစ်ကြည့်ဖို့ လိုသေးသလား…

သံသယ
များလွန်းရင်
မှားလွန်းတယ် ခါးလွန်းမယ် ။

ဆောင်းယွန်းလ (ဇန်န၀ါရီ ၂၆၊ ၂၀၁၆)