ရန်ကုန်သတင်းစာပညာကျောင်း ဆောင်းပါးဆု ၁၂ ခု ချီးမြှင့်

ရန်ကုန်သတင်းစာပညာကျောင်း ဆောင်းပါးဆု ၁၂ ခု ချီးမြှင့်
မိုးမခ၊ ဖေဖော်ဝါရီ ၁ဝ၊ ၂ဝ၁၆ 

The Best Investigative Feature ဆုကို သတင်းထောက်သန်းထိုက် လက်ခံရယူနေစဉ် (ဓာတ်ပုံ – YJS)

ရန်ကုန်သတင်းစာပညာကျောင်း (Yangon Journalism School - YJS) ၏ ၂ဝ၁၆ သတင်းဆောင်းပါးဆု ၁၂ ခုကို  စနေနေ့က ကြေညာပြီး ဆုရသူ သတင်းထောက်များကို ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့သည်။

YJS  သင်တန်းဆင်း သတင်းသမားတို့  ၂ဝ၁၅ ခုနှစ်အတွင်း စာနယ်ဇင်းအသီးသီးတွင် ဖော်ပြထားသော ဆောင်းပါးများထဲမှ အနှစ်သက်ဆုံး ဆောင်းပါးတို့ကို ဆုရွေးချယ်ရေးအဖွဲ့သို့ ပေးပို့ခဲ့ကြောင်း၊ ပြိုင်ပွဲဝင်ဆောင်းပါးအပုဒ် ၈ဝ ဝန်းကျင်ထဲမှ ၁၂ ပုဒ်ကို  ရွေးချယ်ခြင်းဖြစ်ကြောင်း   သိရသည်။
ဆုအများစုကို 7Day  နှင့် မော်ကွန်းမဂ္ဂဇင်းမှ သတင်းထောက်ထောက်များက သိမ်းပိုက်သွားသည်။

အနယ်နယ် အရပ်ရပ်မှ ဆုရ လူငယ် သတင်းသမားများကို ဂုဏ်ပြုလက်မှတ်နှင့် ငွေသားဆု ချီးမြှင့်ကြောင်း တွေ့ရသည်။

YJS  ကို စာနယ်ဇင်းဆရာ ရဲနိုင်မိုးက တည်ထောင်ထားခြင်းဖြစ်ပြီး မြို့ကြီးတချို့တွင် စာနယ်ဇင်းသင်တန်းများ ပို့ချလျက်ရှိသည်။

၂ဝ၁၆ ဆုများ၊ ဆုရှင်များ
သက်ဦးမွန် - မော်ကွန်းမဂ္ဂဇင်း
အညာဒေသ ဒုတိယ အီသီယိုပီးယား ဖြစ်လာမလား
The Best Reporting Feature Award
(သတင်းပေးပို့မှု)

ငြိမ်းချမ်း - 7Day
ဆုံးရှုံးသွားသော မဲသန်းပေါင်းများစွာ
The Best Election Feature Award
(ရွေးကောက်ပွဲသတင်း)

ဝလုံး - Myanmar Times
ကျည်ဆံရာတွေပြည့်နှက်နေတဲ့ ကိုးကန့်စာသင်ကျောင်းလေး
The Best Explainer Feature Award
(အသေးစိတ်ရှင်းပြမှု)

ကိုသက်(မုံရွာ) - The Voice
ဥရုတကြောမှာ ရွှေမပေါတော့ရင်
The Best Impact Feature Award
(အကျိုးသက်ရောက်မှု)

မောင်တာ - 7Day
စစ်ပွဲများနှင့်ဝေးရာဆီ လေနှင်လာသော ပန်းကလေးများနှင့် မရေရာအနာဂတ်
The Best Human Face Feature Award
(လူသားအကျိုးရှု)

သန်းထိုက် - မော်ကွန်းမဂ္ဂဇင်း
ပုဂံမှာဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား
The Best Investigative Feature Award
(စုံစမ်းထောက်လှမ်းမှု)

အိချယ်ရီအောင်  - Myanmar Now
အမျိုးသမီးများကို စောင့်ကြိုနေသည့် နိုင်ငံရေးနယ်မှ စိန်ခေါ်မှုများ
The Best Reflective Feature Award
(အကျိုးပြု)

ခင်မောင်မြင့်၊ သက်ဦးမွန် - မော်ကွန်းမဂ္ဂဇင်း
အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ
Timeless Feature Award
(အချိန်အကန့်အသတ်မဲ့)

နန္ဒ - 7Day
မြန်မာပြည်က ဗမာတန်း
Timeless Feature Award
(အချိန်အကန့်အသတ်မဲ့)

ကျော်ဖုန်းကျော် - Myanmar Times
Behind the numbers and names, an election picture emerges
Timeless Feature Award
(အချိန်အကန့်အသတ်မဲ့)

မေစုကြည် -  ကုမုဒြာဂျာနယ်
ပခုက္ကူသုံးမိုင်ကုန်းက အမျိုးသမီးသုဘရာဇာ
Timeless Feature Award
(အချိန်အကန့်အသတ်မဲ့)

မိုးကျော် - 7Day
တောင်ယာများကို ကျောခိုင်းသွားသောအခါ
Timeless Feature Award
(အချိန်အကန့်အသတ်မဲ့)