မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် နပမ်းအားကစားပွဲကြီး ကျင်းပပြုလုပ်မည်



မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် နပမ်းအားကစားပွဲကြီး ကျင်းပပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ။  ဖေဖေါ်ဝါရီ ၃ - ၂၀၁၆


မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် နပမ်းအားကစားပွဲကြီးကို Yangon Press နှင့် ဂျပန်နိုင်ငံရှိ Pro Wrestling အဖွဲ့အစည်းတစ်ခုဖြစ်သော (Zero One) တို့ ပူးပေါင်းစီစဉ်မှု ဖြင့် ဖေဖေါ်ဝါရီလ (၁၂) ရက် (ပြည်ထောင်စုနေ့ ) တွင် ကျင်းပပြုလုပ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ (၆) နာရီတွင် ရန်ကုန်မြို့ အလံပြဘုရားလမ်း ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နပမ်းအားကစားပွဲကြီးတွင် ကမ္ဘာနိုင်ငံများမှ နပမ်းသမား အကျော်အမော်များ လာရောက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ဂျပန်နိုင်ငံမှ Kazuki နှင့် Takashi Inamine၊ ဂျပန်နိုင်ငံမှ Kamikaze နှင့် ပြင်သစ်နိုင်ငံမှ Sean Guinness တို့အတွဲနှင့် Buffa (USA) နှင့် Masakado (Japan ) တို့အတွဲ ၊ Kenso (Japan) နှင့် Ocean Neel (Italy) ၊ အမျိုးသမီး နပမ်းသမားများ ဖြစ်ကြသော Momoko (Japan) နှင့် Stephanie (USA) တို့အတွဲ နှင့် Oshin(Japan) နှင့် Cherry ( Australia) တို့အတွဲ၊ Masato Tanaka (Japan ) နှင့် Hartley Jackson (Australia) ၊ Akebobo (Japan) နှင့် Sonjay Dutt (USA) တိုအတွဲ နှင့် Hideki Suzuki (Japan) နှင့် Ikuto Hidaka (Japan ) ၊ Kiyoshi Tamura (Japan ) နှင့် James Aideen (Newzeland) တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ထို နပမ်းအားကစားပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကို မိတ်ဆက်သည့် အနေဖြင့် (၄)ချီပွဲ တပွဲအားလည်း ထည့်သွင်းထားသည်။ ကျားဗဟိန်း(အလင်းရောင်) နှင့် ဆင်ရိုင်းလေး (ရွှေသောင်ရင်း) တို့ ကစားကြမည် ဖြစ်သည်။

လက်မှတ်ခများမှာ တသိန်း၊ ခုနစ်သောင်း၊ ငါးသောင်း၊ သုံးသောင်း ၊နှစ်သောင်း ဖြစ်သည်။

ရရှိသော အကျိုးအမြတ်များကို မြန်မာနိုင်ငံရှိ အကူအညီ လိုအပ်နေသော ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း ပွဲစီစဉ်သူ ကိုအောင်မှ ပြောကြားခဲ့သည်။