ဆောင်းယွန်းလ - မွေးနေ့

 ဆောင်းယွန်းလ - မွေးနေ့
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆

မွေးနေ့ …
မတွေးပဲ
မေ့ပစ်ထားတဲ့ အရာ
မရေးပဲ
အရွေ့ဖြစ်သွားတဲ့ ကဗျာ ...။

ဖြစ်တည်မှုပဓာန၀ါဒထဲမှာ
၄၇ နှစ်ဆိုတာကကော
ဘာကြာတာမှတ်လို့လဲ ...။

ဒီမယ်…ရာမ
လွယ်သလား ခက်သလား ပြောစမ်း
ဟောဒီကမ္ဘာထဲမှာ
လူဖြစ်ရတဲ့..ဘ၀..။

ဆောင်းယွန်းလ (ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၁၆)